■ ဂျာမန်ဘွန်ဒစ်လီဂါပွဲစဉ် (၁၂)
အူန်ယွန်းဘာလင် – မိုချန်ဂလာဘတ် (တနင်္ဂနွေည ၉း၀၀ နာရီ)
ရှော်လ်ကေး – ဖရိုင်းဘတ် (တနင်္ဂနွေည ၁၁း၀၀ နာရီ)
ကိုလုံး – ဟော်ဖန်ဟင်မ် (တနင်္လာနံနက် ၁း၀၀ နာရီ)
■ ပြင်သစ်လီဂူးပွဲစဉ် (၁၃)
အော်ဇေး – အာယက်စီယို (တနင်္ဂနွေညနေ ၆း၃၀ နာရီ)
တန်းဆင်းဇုန်ထဲက အသင်း(၂)သင်းရဲ့ အားပြိုင်မှုပါ။ လက်ရှိအချိန်မှာ အာယက်စီယိုက ရလဒ်ပိုင်းပိုကောင်းပေမဲ့ အော်ဇေးကအိမ်ကွင်းမာပါတယ်။ သရေကျဖို့များတဲ့ပွဲပါပဲ။
မိုနာကို – အန်ဂါစ် (တနင်္ဂနွေည ၈း၃၀ နာရီ)
နောက်ဆုံးပွဲစဉ်မှာ ရှုံးပွဲတွေ့ခဲ့တဲ့ မိုနာကိုတို့ အိမ်ကွင်းမှာ ပြန်ပေါက်ကွဲပြဖို့ရှိနေပါတယ်။ အန်ဂါစ်က ဇယားအောက်ဆုံးမှာ ရှုံးပွဲတွေဆက်နေတဲ့အသင်းပါ။ မိုနာကို နိုင်ပွဲပြန်ယူမယ်။
နန့်စ် – ကလယ်မွန့် (တနင်္ဂနွေည ၈း၃၀ နာရီ)
နန့်စ်ရဲ့အိမ်ကွင်းရုန်းကန်အားကို စောင့်ကြည့်ရမယ့်ပွဲပါ။ ကလယ်မွန့် သရေလောက်ပဲ မျှော်လင့်နိုင်မယ်ထင်တယ်။
ဘရက်စ် – Reims (တနင်္ဂနွေည ၈း၃၀ နာရီ)
Reims က သရေပွဲတွေနဲ့အမှတ်တွေဆက်တိုက်ယူနေ ပြီး ကစားပုံမာကျောပါတယ်။ ဘရက်စ်က အိမ်ကွင်းမှာ အမှတ်ရ ဖို့သေချာပေါက်ပြင်ဆင်လာမှာပါ။ သရေကျဖို့များတဲ့ပွဲပါပဲ။
ရန်းစ် – မောင့်ပယ်လီယာ (တနင်္ဂနွေည ၈း၃၀ နာရီ)
PSG နဲ့အတူ ပြိုင်ပွဲရဲ့လက်ရှိ Form အကောင်းဆုံးဖြစ် နေတဲ့ ရန်းစ်ရဲ့အိမ်ကွင်းအားကို မောင့်ပယ်လီယာတို့ ယှဉ်ကစား နိုင်ဖို့မရှိပါဘူး။ ရန်းစ်ပဲနိုင်ပွဲဆက်ပါလိမ့်မယ်။
လော်ရီယန့် – နိုက်စ် (တနင်္ဂနွေည ၁၀း၃၅ နာရီ)
လော်ရီယန့်ကလည်း ရလဒ်ကောင်းတွေဆက်တိုက်ယူပြီး အမှတ်ပေးဇယား တတိယနေရာအထိရောက်လာတယ်။ အခု လည်း အိမ်ကွင်းမှာ နိုက်စ်ကို အနိုင်ယူဦးမှာပါ။
လိုင်ယွန် – လိုင်လီ (တနင်္လာနံနက် ၂း၁၅ နာရီ)
လိုင်လီကနိုင်ပွဲဆက်ပြီး ယုံကြည်မှုမြင့်နေသလို အမှတ် ပေးဇယားထိပ်နားကိုလည်း တဖြည်းဖြည်းတက်လှမ်းလာတယ်။ လိုင်ယွန်ကခြေစွမ်းမဆိုးပေမဲ့ ရလဒ်ပိုင်းမတည်ငြိမ်ပါဘူး။ ဒါပေမဲ့ အိမ်ကွင်းမှာတော့ လိုင်ယွန်အမှတ်ရအောင်ကစားမှာပါ။