ဟွယ်ဆကာ – ဆယ်လ်တာဗီဂို (တနင်္ဂနွေည ရး၃၀ နာရီ)
အိမ်ကွင်းမှာတော့ အမှတ်ရအောင်ကစားနေနိုင်တဲ့ ဟွယ် ဆကာကို သတိထားရလိမ့်မယ်။ ဆယ်လ်တာဗီဂိုက အကျဘက် မှာရှိနေပြီး အဝေးကွင်းမှာလည်း နိုင်ပွဲရဖို့ ရုန်းကန်နေရတဲ့အ သင်းဖြစ်လို့ ဟွယ်ဆကာရဲ့ အိမ်ကွင်းရုန်းအားကိုလည်း မနည်း တောင့်ခံရမယ်ထင်တယ်။ ဟွယ်ဆကာနဲ့ ဂိုးအများပါပဲ။
အက်သလက်တီကို – ရီးယဲလ်မက်ဒရစ် (တနင်္ဂနွေည ၉း၄၅ နာရီ)
ဒီရာသီပထမအကျော့အပါအဝင် ရီးယဲလ်မက်ဒရစ်နဲ့ နောက်ဆုံးတွေ့ထားတဲ့ (၃)ပွဲစလုံး အရှုံးပေးထားရတဲ့ အက်သ လက်တီကိုမက်ဒရစ်မှာ ဖိအားတွေပိုရှိနေတာအမှန်ပဲ။ ဒီပွဲကို ရှုံးလိုက်တာနဲ့ မဟာအသင်းကြီး (၂)သင်းနဲ့ အမှတ်ကွာဟမှု လျော့သွားစေမှာဖြစ်လို့ အက်သလက်တီကို ဒီပွဲကိုမဖြစ်မနေ အနိုင်ကစားဖို့လိုအပ်တယ်။ ရီးယဲလ်ကလည်း ချန်ပီယံမျှော်လင့် ချက်အားကောင်းချင်ရင် ဒီပွဲကို အနို်င်ရမှဖြစ်မှာဆိုတော့ ဒီပွဲက (၂)သင်းစလုံးအတွက် အနိုင်ရရှိရေး အရေးပါတဲ့ပွဲဖြစ်နေတယ်။ လက်ရှိအနေအထားတွေအရတော့ ရီးယဲလ်မှာ ဒဏ်ရာပြဿနာ တွေများနေပြီး ရလဒ်ပိုင်း သိပ်မငြိမ်ဘူး။ အထူးသဖြင့် ပြီးခဲ့တဲ့ ဆိုစီဒက်နဲ့ပွဲကို သရေကျလိုက်တာက ရီးယဲလ်ရဲ့ချန်ပီယံခရီးအ တွက် ထိခိုက်သွားစေတယ်။ ဒါကြောင့် ဒီပွဲမှာ ရီးယဲလ် အမှတ်မ ဆုံးရှုံးရလေအောင် အတတ်နိုင်ဆုံး အားထုတ်တော့မှာ သေချာ တယ်။ ဒါပေမဲ့ အက်သလက်တီကိုအတွက်ကလည်း အိမ်ကွင်း ဖြစ်နေတာ ပြိုင်ဘက်ကိုလည်း အမှတ်ပြည့်ပေးလို့မရတဲ့အခြေ အနေတွေရှိနေတာကြောင့် ဂိုးနည်းသရေပွဲလို့ပဲ မှန်းချင်တယ်။
ဆိုစီဒက် – လီဗန်တေး (တနင်္ဂနွေည ၁၂းဝ၀ နာရီ)
ဆိုစီဒက်က ဒဏ်ရာတွေကြားမှာပဲ ချန်ပီယံလိဂ်ဝင်ခွင့်အ တွက် တိုက်ပွဲဝင်နေရတယ်။ အသင်းကစားပုံ ပြန်ငြိမ်လာတာ လည်းတွေ့ရပြီး လာလီဂါ (၅)ပွဲဆက် ရှုံးပွဲမရှိခဲ့ဘူး။ ယူရိုပါလိဂ် ကလည်း ထွက်လိုက်ရပြီဆိုတော့ လာလီဂါဘက်ကို အပြည့် အဝ အာရုံစိုက်တော့မှာလည်း သေချာနေတယ်။ ဒါပေမဲ့ အခု ရင်ဆိုင်ရမယ့် လီဗန်တေးကလည်း ဆိုစီဒက်ထက်တောင် ခြေ ငြိမ်နေပြီး အသင်းကြီးတွေကို အခက်တွေ့အောင် တုံ့ပြန်ပြနိုင် တဲ့အသင်းဖြစ်လို့ ဆိုစီဒက်အတွက် ခက်ခဲမယ့်ပြိုင်ဘက်မျိုးဖြစ် နေတယ်။ လီဗန်တေးကိုကြည့်ရင် ၂၀၂၁ ခုနှစ် နှစ်စ ဗီလာရီး ယဲလ်ကို (၂-၁)ဂိုးနဲ့ရှုံးတဲ့ပွဲနောက် ပြိုင်ပွဲစုံမှာ ရှုံးပွဲမရှိတော့ဘူး။ ဒီအထဲမှာ ရီးယဲလ်နဲ့ အက်သလက်တီကိုကို အနိုင်ရအောင် ကစားပြထားတာကိုကြည့်ရင် လီဗန်တေးရဲ့ခြေစွမ်းနဲ့ ရလဒ် ပိုင်းက ဆိုစီဒက်ထက် သိသိသာသာအသာရနေတာအမှန်ပဲ။ ဒီပွဲလည်း ဆိုစီဒက် အိမ်ရှင်ဆိုပေမဲ့ သိပ်မျှော်လင့်ထားလို့မရဘူး ထင်တယ်။ လီဗန်တေးနဲ့ ဂိုးအများပဲ ပိုကြိုက်နေမိတယ်။
ဘီလ်ဘာအို – ဂရန်နာဒါ (တနင်္လာနံနက် ၂း၃၀ နာရီ)
ဘီလ်ဘာအို သရေပွဲတွေများလာတာ တွေ့ရတယ်။ ဂရန် နာဒါကလည်း ယူရိုပါလိဂ်တစ်ဖက်နဲ့ အလုပ်များနေတယ်။ ဒီလို အချိန်ဆိုရင် ဂရန်နာဒါရဲ့ အဝေးကွင်းကစားအားကလည်း လာ လီဂါဘက်မှာ လျော့နေလေ့ရှိတတ်တယ်။ ဒါကြောင့် အိမ်ကွင်း ခြေပိုတွေ့တဲ့ ဘီလ်ဘာအိုနဲ့ ဂိုးအများပဲ ရွေးထားမယ်။