spot_img

ဘာစီလိုနာနဲ့ ဒုအကျော့မှာ ပွဲထွက် ကစားစေလိုတဲ့ ယူနိုက်တက် ကစားသမားအမည်ကို ထုတ်ပြောလိုက်တဲ့ အိုဝင် ဟားဂရေ့ဗ်

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ကြားရက်တုန်းက နူးကမ့်ကွင်းထဲမှာ ဘာစီလိုနာ အသင်းနဲ့ ယူရို ပါလိဂ် 32 သင်း အဆင့် ရှုံးထွက် ပွဲစဥ် ကစားခဲ့ရပြီး တစ်ဖက် 2 ဂိုးစီ သရေ ရလဒ် ထွက်ပေါ်ခဲ့ရပါတယ် ။ ဒီရလဒ်ကြောင့် ဒု အကျော့ ပွဲစဥ်ဟာ ပိုပြီး စိတ်ဝင်စားဖို့ ကောင်းနေခဲ့ရပါပြီ ။

ဒီပွဲမှာတော့ ယူနိုက်တက် နည်းပြ အဲရစ် တန်ဟတ် ဟာ အထောင် တိုက်စစ်မှူး နေရာမှာ မားကပ်စ် ရပ်ရှ်ဖို့ ကို ပွဲထုတ််ခဲ့ပြီး ဘယ်တောင်ပံမှာ ဆန်ချို ၊ ညာတောင်ပံမှာ ဘရူနို နဲ့ ကွင်းလယ် တိုက်စစ်မှာ ဖရက်ဒ် နဲ့ ဝဂ်ဟော့စ် တို့ကို ပွဲထွက် ကစားစေခဲ့ပါတယ် ။

myan789

ဒါဟာ လက်တွေ့မှာလည်း အလုပ်ဖြစ်ခဲ့ရပြီး ယူနိုက်တက်် တိုက်စစ် ကစားသမားတွေမှ လုံလောက်တဲ့ ပုံစံကောင််းတွေကို ပြသသွားနိုင်ခဲ့ကြပါတယ် ။ ဒါပေမဲ့ ပွဲအဖြေကို ပြောင်းလဲပေးနိုင်ခဲ့တာကတော့ မားကပ်စ် ရပ်ရှ်ဖို့ ပဲ ဖြစ်ခဲ့ရပါတယ် ။

အခုတော့ မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ကွင်းလယ်လူဟောင်း ဖြစ်တဲ့ အိုဝင် ဟားဂရေ့ဗ် က ဘာစီလိုနာ အသင်းဖက်ကသာ ပထမ အကျော့ ပွဲစဥ်တုန်းကလို ကစားမယ်ဆိုရင် အဲရစ် တန်ဟတ် အနေနဲ့ လူငယ် တိုက််စစ် ကစားသမားလေး ဖြစ်တဲ့ ဂါနာချိုကို ပွဲထွက်ကစားစေသင့်ကြောင်း ထုတ်ပြောသွားခဲ့လိုက်ပါတယ် ။

” ဘာစီလိုနာ အသင်းဟာ ဒီပွဲကို ထိန်းချုပ် ကစားနိုင်ခဲ့တယ်လို့ ကျွန်တော်မထင်ပါဘူး ။ ဒီလိုမလုပ်နိုင်ခဲ့တာက ဇာဗီ နဲ့ ဘာစီလိုနာ အသင်းအတွက် ကြီးမားတဲ့ ထိုးနှက််ချက်ပဲလို့ ကျွန်တော် တွေးပါတယ် ။ သူတို့ဟာ အ​ကူးအပြောင််းလုပ်ပြီး ကစားတဲ့အခါမှာ ပျောက်ဆုံးနေခဲ့ကြပါတယ် ”

” သူတို့ရဲ့ ကစားပုံက ပွင့်ထွက်နေခဲ့ရပါတယ် ။ အကယ်လို့ အိုးလ် ထရပ်ဖို့ဒ် မှာ သူတို့ ဒီလိုချည်း ဆက်ပြီး ကစားမယ်ဆိုရင် ပွင့်နေဦးမှာပါပဲ ။ အဲ့ဒီလို ပွဲမျိုးမှာ ဂါနာချို ပါမယ်ဆိုရင် ယူနိုက်တက်ရဲ့ ကစားကွက် ပိုပြီးတော့ ပြည့်စုံသွားပါလိမ့်မယ် ”

” ယူနိုက်တက်ရဲ့ ကစားကွက်ဟာ အနည်းငယ်တော့ အံ့သြစရာ ဖြစ်ခဲ့ရပါတယ် ။ ရပ်ရှ်ဖို့ က အထောင် တိုက်စစ်မှူး ဖြစ်ခဲ့ပြီး ဝဂ်ဟော့စ် က နံပါတ် 10 နေရာမှာ ကစားခဲ့ရတယ်လေ ။ ပြီးတော့ ဘရူနို ဖာနန်ဒက်စ် လည်း ညာတောင််ပံဖက် ရောက်နေခဲ့တယ်လေ ”

” တန်ဟတ်က ခြားနားတဲ့ ကစားဟန် သုံးခဲ့တာ ဖြစ်ကောင််းဖြစ်နိုင်ပါတယ် ။ ဒါက အလုပ်လည်း ဖြစ်ခဲ့ရတယ်လေ ။ ဘာစီလိုနာ အသင်းဟာ စိတ်တိုင်းကျ ဘောလုံး မကိုင်နိုင််ခဲ့ပါဘူး ။ အိုးလ် ထရပ်ဖို့ဒ် မှာ သူတို့ ဒီအတိုင်း ဆက်ပြီး ကစားရင် ယူနိုက်တက်တို့ အခွင့်ကောင်း ပိုရပါလိမ့်မယ် ” လို့ ဟားဂရေ့ဗ် က ပြောခဲ့လိုက်ပါတယ် ။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular