ဆယ်လ်တာဗီဂို – ဗီလာရီးယဲလ် (မြန်မာစံတော်ချိန် နိုဝင်ဘာလ ၂၀ ရက် ည ၇:၃၀ နာရီ)
ဆယ်လ်တာက အိမ်ကွင်းမှာ ပြိုင်ဘက်ကောင်းရင် လိုက် ကောင်းပြတတ်တဲ့အသင်းမျိုး ဖြစ်နေတယ်။ အထူးသဖြင့် အိမ် ကွင်းအားနဲ့ တိုက်စစ်ကစားပုံပါ တက်လာလေ့ရှိတယ်။ ဗီလာရီးယဲလ်ရဲ့ခြေစွမ်းက အားရစရာသိပ်မရှိဘူး။ ဒီပွဲပြီးရင် ချန်ပီယံလိဂ်လည်း ကစားရဦးမှာဆိုတော့ ဗီလာရီးယဲလ် အခုပွဲမှာ စွန့်စားမယ့်ပုံမရှိဘူး။ ဂိုးအနည်း သရေပွဲဖြစ်ဖို့ များနေတယ်။
ဆီဗီလာ – အလာဗတ်စ် (မြန်မာစံတော်ချိန် နိုဝင်ဘာလ ၂၀ ရက် ည ၉:၄၅ နာရီ)
အလာဗတ်စ် ခြေစွမ်းတက်လာနေတာတော့အမှန်ပဲ။ အဝေးကွင်းမှာလည်း ထိန်းကစားပြီး အမှတ်ရအောင်ရှာနေတယ်။ ဆီဗီလာကလည်း ချန်ပီယံလိဂ်မှာ နောက်တစ်ဆင့်တက်ရေး ရုန်းနေရလို့ ပြည်တွင်းမှာ အာရုံစိုက်မှု နည်းနည်းလျော့နေနိုင်တယ်။ အနိုင်ဆိုရင်တော့ အိမ်ရှင်အားရှိတဲ့ ဆီဗီလာပဲ ရွေးထားရမယ်။
အက်သလက်တီကို – အိုဆာဆူနာ (မြန်မာစံတော်ချိန် နိုဝင်ဘာလ ၂၀ ရက် ည ၁၂:၀၀ နာရီ)
အက်သလက်တီကိုရဲ့ ဒီရာသီခံစစ်က တော်တော်ဆိုးနေတယ်။ ခံစစ်က လူစုံလာချိန်မှာတောင် တည်ငြိမ်မှုလျော့နေပြီး ပြိုင်ဘက်ကဖိအားပေးလာရင်လည်း ပြိုကျသွားတာ တွေ့နေရတယ်။ အိုဆာဆူနာက ထင်မထားလောက်အောင် ဒီရာသီ ခြေ စွမ်းကောင်းနေပေမဲ့ တိုက်စစ်ဂိုးသွင်းနှုန်း ပုံမှန်မရှိဘူး။ အက်သလက်တီကို နဲ့ ဂိုးအနည်းပဲ ဦးစားပေးရမယ့် ပွဲမျိုးဖြစ်တယ်။
ဘာစီလိုနာ – အက်စ်ပန်ညို (မြန်မာစံတော်ချိန် နိုဝင်ဘာလ ၂၁ ရက် နံနက် ၂:၃၀ နာရီ)
ဇာဗီရဲ့ဘာစီလိုနာနဲ့ ပွဲဦးထွက်က လွယ်မယ်မထင်ဘူး။ ဒီပွဲပြီးရင် ချန်ပီယံလိဂ် နောက်တစ်ဆင့်တက်ရေး အဆုံးအဖြတ်အဖြစ် ဘင်ဖီကာနဲ့ကစားရဦးမှာဆိုတော့ ဇာဗီရဲ့ပွဲဦးနှစ်ပွဲက တကယ်ကို အရေးပါတဲ့ပွဲတွေ ဖြစ်နေတယ်။ အထူးသဖြင့် အသင်းမှာ ဒဏ်ရာပြဿနာတွေကတစ်ဖက်၊ နိုင်ငံတကာပွဲ ပြန်ကစားသမားတွေကတစ်ဖက်နဲ့ ဇာဗီအနေနဲ့ အသင်းကို အင်အားအပြည့်သုံးနိုင်ဖို့က ခက်နေနိုင်သေးတယ်။ အက်စ်ပန်ညိုရဲ့ ဒီရာသီခြေစွမ်းက အဆိုးကြီးမဟုတ်ဘူး။ ရီးယဲလ်ကို အနိုင်ယူပြထားတဲ့အပြင် လတ်တလောခြေစွမ်းကလည်း အငြိမ်ဘက်မှာရှိတယ်လို့ပြောနိုင်တယ်။ ဒါပေမဲ့ အခုနောက်ပိုင်း အဝေးကွင်းပွဲတွေမှာ တစ်ပွဲနှစ်ဂိုးနှုန်း ပုံမှန်ပေးနေရတဲ့ အက်စ်ပန်ညိုခံစစ်က ဘာစီလိုနာတိုက်စစ်အတွက် စမ်းသပ်ခံနေရာမျိုးလို့လည်း ပြောလို့ရတယ်။ အိမ်ကွင်းဖြစ်လို့ ဘာစီလိုနာ နိုင်ပွဲပြန်ရဖို့များပေမဲ့ ဂိုးပြတ်ဖို့ မလွယ်လောက်ဘူး။