spot_img

လီဗာပူးအသင်းဖော်တွေအတွက် စိုးရိမ်မိပုံကို ထုတ်ဖော်ပြောပြလာတဲ့ ဗန်ဒိုက်

ဆုဖလားမျှော်လင့်ချက်အတွက် တွန်းအားပေးမှုတွေ များပြားလာခြင်းကြောင့် လီဗာပူးကစားသမားတွေ အာရုံထွေပြားသွားမယ့်အခြေအနေအပေါ် စိုးရိမ်ပူပန်မိတယ်လို့ ဗန်ဒိုက်က အတိအလင်းဝန်ခံပြောဆိုခဲ့ပါတယ်။ ပရီးမီးယားလိဂ်ဦးဆောင်သူ အန်းစလော့ရဲ့အသင်းအနေဖြင့် သက်သောင့်သက်သာဖြတ်သန်းလာရတဲ့ ဘောလုံးရာသီရဲ့ ဂွတီးဂွကျအနိုင်ဆုံးကာလတစ်ခုကို ပထမဆုံးအကြိမ်ရင်ဆိုင်သွားရဖို့ ရှိနေချိန် ကြိုးကြာနီကပ္ပတိန်က အသင်းအဝတ်လဲခန်းအတွင်း လူတိုင်းကို လိုက်လံကြည့်ရှုဖေးမပေးဖို့ မဖြစ်နိုင်ပါဘူးလို့ ပြောဆိုခဲ့ပါတယ်။

လတ်တလောမှာ လီဗာပူးက မန်ချက်စတာယူနိုက်တက်နဲ့ အံ့အားသင့်စရာသရေရလဒ်ထွက်ပေါ်ပြီးနောက် ကာရာဘောင်းဖလားဆီမီးဖိုင်နယ်(ပ-ကျော့)အဖြစ် အဝေးကွင်းမှာ တော့တင်ဟမ်ကို ရှုံးနိမ့်ခဲ့ပါတယ်။ ဒါက အန်းစလော့လက်အောက် အန်ဖီးလ်ကလပ်ရဲ့ ပထမဆုံးအကြိမ် နှစ်ပွဲဆက်နိုင်ပွဲပျောက်ဆုံးမှု ဖြစ်လာခဲ့ပြီး ဖလားလေးလုံးအောင်မြင်မှုဆွတ်ခူးနိုင်ခြေတစ်ခုအကြား ပေါ်ပေါက်လာတဲ့ မျှော်လင့်ချက်ကို ငြင်းဆန်သွားနိုင်ဖို့ စိန်ခေါ်မှုတစ်ခုရှိလာပြီလို့ ဗန်ဒိုက်ကိုယ်တိုင် ဝန်ခံခဲ့ပါတယ်။

myan789

ဗန်ဒိုက်က “ဘောလုံးရာသီအစတုန်းက အခုကျွန်တော်တို့ရောက်ရှိနေတဲ့နေရာမှာ ကျွန်တော်တို့ရှိနေနိုင်မယ်လို့ ဘယ်သူမှမထင်ထားခဲ့တာကြောင့် ပြင်ပမှလာတဲ့ဆူညံသံတွေကို နားမယောင်လိုက်ပါနဲ့။ နားထောင်ပေးဖို့လည်း ဘာအကြောင်းမှမရှိပါဘူး”လို့ ပြောပါတယ်။

ဒါပေမယ့် အခုလိုအခြေအနေတွေဟာ အသင်းဖော်အချို့အတွက် စိန်ခေါ်မှုတစ်ခုဖြစ်နိုင်သလားလို့ မေးမြန်းလာမှုကို ဗန်ဒိုက်က “အမှန်ပါပဲ၊ ဒါက ဖြစ်နိုင်ပါတယ်။ လူမှုကွန်ရက်ဆိုရှယ်မီဒီယာဆိုတာ လူသားတွေရဲ့ ဘဝအတွက် ကြီးမားတဲ့အစိတ်အပိုင်းတစ်ရပ် ဖြစ်ပါတယ်။ လူတွေရဲ့စိတ်ခံစားချက်တိုင်းကို ထိန်းချုပ်နိုင်ဖို့ ကျွန်တော်လည်း မတက်နိုင်ပါဘူး။ ဒါပေမယ့် အသင်းထဲမှာတော့ ဒီအကြောင်းအရာကို ကျွန်တော် သေချာရှင်းပြသွားပါမယ်”လို့ တုံ့ပြန်ဖြေကြားခဲ့ပါတယ်။

Liverpool recently suffered a shock draw with Manchester United

လီဗာပူးအသင်းက လာမယ့်အင်္ဂါနေ့၊ ပရီးမီးယာလိဂ်ပွဲစဉ်အဖြစ် အမြင့်ပျံသန်းနေတဲ့ နော်တင်ဟမ်ဖောရက်စ်နဲ့ မရင်ဆိုင်ခင် အခုသီတင်းပတ်ကုန်ပိုင်း၊ အက်ဖ်အေဖလားပြိုင်ပွဲမှာ အက်ကရင်တန်နဲ့ ယှဉ်ပြိုင်ကစားရပါမယ်။ ဗန်ဒိုက်ကတော့ ကြိုးကြာနီတွေဟာ ပြိုင်ဆိုင်မှုတွေ ပိုမိုပြင်းထန်လာတာနဲ့အမျှ ပိုမိုခက်ခဲတဲ့အခိုက်အတန့်တွေနဲ့ ရင်ဆိုင်ရလိမ့်မယ်လို့ ယုံကြည်နေပါတယ်။

သူက “ ဒါလည်း အမှန်တရားတစ်ခုဖြစ်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့တွေ အရင်တုန်းကလည်း ကြုံတွေ့ခဲ့ဖူးပါတယ်။ ဒါက လီဗာပူးအသင်းအတွက် ကစားပေးနေရခြင်းရဲ့ အလှတရားဖြစ်ပါတယ်။ ပွဲစဉ်တိုင်းက ခက်ခဲပြီး ဒီကလပ်အသင်းရဲ့အရွယ်အစားကြောင့် ကစားသမားတိုင်းအပေါ်မှာ ဖိအားဆိုတာ အမြဲတမ်းရှိပါတယ်။ ဒါကို လက်ခံယုံကြည်ပြီး လက်ကျန်ရာသီဝက်အတွက် ပြင်ဆင်သွားရပါလိမ့်မယ်”လို့ ပြောပါတယ်။

လီဗာပူးအသင်းက ဖေဖော်ဝါရီ ၆ ရက်၊ ဒုတိယအကျော့အဖြစ် တော့တင်ဟမ်ကို ဧည့်ခံကစားရမယ့်ပွဲစဉ်မတိုင်ခင် ခုနစ်ပွဲ ကစားသွားရဖို့ ရှိပါတယ်။ ဗန်ဒိုက်ကတော့ ဦးဆောင်ဂိုးမပေးရခင် လူးကပ်စ်ဗာ့ဂျ်ဂွါကို နှစ်ဝါတစ်နီပြစ်ဒဏ်ဖြင့် မထုတ်ပယ်ခဲ့မှုအပေါ် စိတ်ပျက်နေခဲ့ပေမယ့် ပေးဂိုးတစ်ဂိုးတည်းဖြင့် ရှုံးနိမ့်ခဲ့တာဖြစ်လို့ စိုးရိမ်ထိတ်လန့်မှုမရှိဘူးလို့ ပြောကြားခဲ့ပါတယ်။

ဗန်ဒိုက်က “ ကျွန်တော်တို့ ပြိုင်ပွဲထဲမှာ ရှိနေဆဲပါပဲ။ ကျွန်တော်တို့ရဲ့စွမ်းဆောင်ရည်ပိုင်းက တခါတရံမှာ ကောင်းမွန်ပေမယ့် တခါတရံမှာ လုံလောက်တဲ့ကောင်းမွန်မှုမျိုး မရှိခဲ့ပါဘူး။ ကျွန်တော်တို့တွေ ပိုကောင်းလာဖို့ လိုအပ်ပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်း အရှုံးကို မကြိုက်သလို ရှုံးနိမ့်ရမယ့်ပုံစံမျိုးကိုလည်း မလိုချင်ပါဘူး။ ဒါပေမယ့် လာမယ့်ရက်သတ္တပတ်အနည်းငယ်အတွင်း လမ်းကြောင်းမှန်ဆီ ပြန်ရောက်လာအောင်လုပ်သွားဖို့ အခွင့်အရေးတော့ ကျွန်တော်တို့မှာ ရှိနေပါသေးတယ်”လို့ ပြောပါတယ်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular