spot_img

ချစ်သူဟောင်းအား ကိုယ်ထိလက်ရောက် ကျူးလွန်ခဲ့ကြောင်း စွပ်စွဲခံခဲ့ရသည့် အန်တိုနီအား ဘရာဇီးလ်လက်ရွေးစင်အသင်းလူစာရင်းမှ ထုတ်ပယ်

ချစ်သူဟောင်းဖြစ်သူအား ကိုယ်ထိလက်ရောက်ကျူးလွန်ခဲ့ကြောင်း စွပ်စွဲခံထားရသည့် အန်တိုနီအား ဘရာဇီးလ်လက်ရွေးစင်အသင်းလူစာရင်းမှ ထုတ်ပယ်ခဲ့ကြောင်း သိရသည်။ ဘရာဇီးဘောလုံးအဖွဲ့ချုပ်က ကြေညာချက်ထုတ်ပြန်ရာတွင် အသက် ၂၃ နှစ်ရှိ ကစားသမားသည် အများပြည်သူရှေ့သို့ ထွက်ပေါ်လာသည့် အချက်အလက်များကြောင့် စုံစမ်းစစ်ဆေးရန် လိုအပ်သဖြင့် အသင်းလူစာရင်းမှ ထုတ်ပယ်ခဲ့ရခြင်းဖြစ်ကြောင်း  ရေးသားခဲ့သည်။ 

ဘရာဇီးလ်မီဒီယာ UOL က အန်တိုနီ သည် အတူနေချစ်သူဟောင်းအား အကြမ်းဖက်ခဲ့ကြောင်း စက်တင်ဘာ ၄ ရက်က ဖွင့်ချခဲ့ခြင်းဖြစ်သည်။ ဆော်ပေါ်လိုနှင့် မန်ချက်စတာရဲတပ်ဖွဲ့များက ယင်းဖော်ပြချက်များအပေါ် စုံစမ်းစစ်ဆေးနေပြီး ကစားသမားဖြစ်သူ ကမူ ငြင်းဆန်ခဲ့သည်။ 

myan789

အန်တိုနီသည် လူမှုကွန်ရက်မှတစ်ဆင့် ကြေညာချက်ထုတ်ပြန်ခဲ့ ပြီး ချစ်သူဟောင်းဖြစ်သည့် ဂါဘရီလာကာဗယ်လင်နှင့် အဆင်မပြေခဲ့သော်လည်း မည်သည့်အခါမျှ ရုပ်ပိုင်းဆိုင်ရာ တိုက်ခိုက်ခြင်းမျိုး မရှိခဲ့ကြောင်း ဖြေရှင်းခဲ့သည်။ အန်တိုနီ သည် ပြီးခဲ့သည့် ဇန်နဝါရီလ ၁၅ ရက်က မန်ချက်စတာရှိ ဟိုတယ်ခန်းတစ်ခုတွင် မော်ဒယ်၊ DJ နှင့် Influencer တစ်ဦးဖြစ်သူ ကာဗယ်လင်ကို ခေါင်းဖြင့်တိုက်ခိုက်ကြောင်း စွပ်စွဲခံရခြင်းဖြစ်သည်။ 

ယင်းတိုက်ခိုက်မှုကြောင့်  ကာဗယ်လင်မှာ ခေါင်းကွဲခဲ့ကာ ကုသမှုခံယူခဲ့ရပြီး ရင်ဘတ်ကိုလည်း လက်သီးဖြင့်ထိုးခြင်းကြောင့် ဆီလီကွန်ထည့်ထားသည့် ရင်သားပျက်စီးခဲ့ကာ လိုအပ်သော ခွဲစိတ်ကုသမှု ခံယူခဲ့ရကြောင်း ဖွင့်ချခဲ့သည်။ အန်တိုနီသည်  ပြီးခဲ့သည့်ဇွန်လကလည်း ချစ်သူဟောင်းဖြစ်သူမှ အိမ်တွင်းအကြမ်းဖက်မှုဟု မှားယွင်းစွပ်စွဲမှုကို ခံခဲ့ရကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့သေးသည်။ 

ဂရိတ်မန်ချက်စတာရဲတပ်ဖွဲ့က  လက်ရှိအခြေအနေတွင် ယခုထက်ပိုသည့် မည်သည့်မှတ်ချက်မျှ မပေးနိုင်သေးကြောင်း ပြောကြားခဲ့သည်။ BBC Sport က မန်ယူ အသင်းသို့လည်း ဆက်သွယ်ခဲ့ပြီး အသင်းဘက်မှ တစ်စုံတစ်ရာ မှတ်ချက်မပေးလိုသေးကြောင်း တုံ့ပြန်ခဲ့သည်။ 

ဘရာဇီးလ်အသင်းသည် ယခုရက်သတ္တပတ်တွင် ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲများအဖြစ် ဘိုလစ်ဗီးယား၊ ပီရူးအသင်းများနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။ လက်ရွေးစင်အသင်းလူစာရင်းမှ အန်တိုနီကို ထုတ်ပယ်ခဲ့မှုကြောင့် ဘရာဇီးလ်အသင်းသည် သူ၏နေရာတွင် အာဆင်နယ်တိုက်စစ်မှူး ဂျေးဇူးနှင့် အစားထိုးခဲ့ကြောင်း သိရသည်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular