spot_img

ချန်ပီယံလိဂ်အုပ်စုပွဲစဉ် (၆) ပွဲကြိုသုံးသပ်ချက်

ရီးယဲလ်မက်ဒရစ် – ဆဲလ်တစ် (ကြာသပတေးနံနက် ၀၀း၁၅ နာရီ)

ရီးယဲလ်မက်ဒရစ်က ပြီးခဲ့တဲ့ပွဲမှာ လိုက်ပ်ဇစ်ကို မထင် မှတ်ဘဲ ရှုံးပွဲတွေ့ခဲ့လို့ ဒီပွဲမှာ သရေကျခဲ့ရင် အုပ်စုဒုတိနေရာ ရောက်သွားနိုင်တယ်။ ရှုံးထွက်အဆင့်မှာ အုပ်စုဗိုလ်အသင်းတွေ ရဲ့ အားသာချက်ကြောင့် ရီးယဲလ်မက်ဒရစ် ဒီပွဲမှာ ထပ်အမှားခံ မယ်မထင်ဘူး။ နောက်ပိုင်းပွဲတွေမှာ ရလဒ်ပိုင်းအနည်းငယ် ယိမ်းယိုင်လာတာတွေ့ရပေမဲ့ ဒီလောက်အရေးကြီးတဲ့ပွဲမှာ ဆဲလ်တစ်ဆီက (၃)မှတ်မရလိုက်တာမျိုးကတော့ မဖြစ်နိုင်ပါ ဘူး။ ရီးယဲလ် ဂိုးပြတ်သွင်းမယ်။ 

ရှက်တာဒိုးနတ် – လိုက်ပ်ဇစ် (ကြာသပတေးနံနက် ၀၀း၁၅ နာရီ)

ရှက်တာဒိုးနက်က လိုက်ပ်ဇစ်ကွင်းမှာတုန်းက မထင် မှတ်ဘဲ ဂိုးပြတ်သွင်းထားတာကို တွေ့ရတယ်။ ဒီပွဲမှာလည်း အုပ်စုဒုတိယနေရာအတွက် မျှော်လင့်ချက်ရှိနေတယ်။ တကယ် လို့ လိုက်ပ်ဇစ်ကို အနိုင်ရခဲ့ရင် (၉) မှတ်စီ တူသွားမှာဖြစ်ပြီး Head to Head အရ လိုက်ပ်ဇစ် ယူရိုပါလိဂ်ကို ဆင်းသွားလိမ့်မယ်။ လိုက်ပ်ဇစ်က အုပ်စုဗိုလ်နေရာ မျှော်လင့်နိုင်ပေမဲ့ ဖြစ်နိုင်ခြေ မရှိပါဘူး။ ဒါကြောင့် မလိုအပ်ဘဲစွန့်စားတာမလုပ်ဘဲ သရေ ထိန်းကစားဖို့ ကြိုးစားလိမ့်မယ်။ သရေကျနိုင်ခြေများတယ်။ 

myan789

ချယ်လ်ဆီး – ဒိုင်နမိုဇာဂရက် (ကြာသပတေးနံနက် ၂း၃၀ နာရီ)

ချယ်လ်ဆီးက အုပ်စုဗိုလ်နေရာ သေချာပြီးသား အသင်း ဖြစ်တယ်။ ဒါပေမဲ့ စဉ်းစားစရာက ချယ်လ်ဆီးက လက်ရှိပရီး မီးယားလိဂ်မှာ ရလဒ်ပိုင်း ကျဆင်းသွားတယ်။ ဒါကြောင့် ပရီး မီးယားလိဂ်ကိုပဲ အာရုံစိုက်ဖို့ အရန်တွေသုံးမလား၊ ဒိုင်နမိုဇာ ဂရက်ကို ရှုံးကြွေးဆပ်ဖို့နဲ့ နိုင်ပွဲ Rhythm ပြန်တည်ဆောက်ဖို့ လူစုံထုတ်ပြီး အနိုင်ကစားမလားဆိုတာပဲ။ ပရိသတ်ထောက်ခံ မှုကိုသာစဉ်းစားရင် အိမ်ကွင်းနိုင်ပွဲက တော်တော်လေး အရေး ပါတာကြောင့် ချယ်လ်ဆီးအနိုင်ကစားလိမ့်မယ်။ 

အေစီမီလန် – ဆာလ်ဇ်ဘာ့ဂ် (ကြာသပတေးနံနက် ၂း၃၀ နာရီ)

ဆာလ်ဇ်ဘာ့ဂ်က နောက်ဆုံးကစားခဲ့တဲ့ပွဲမှာ ချယ်လ်ဆီး ကို အိမ်ကွင်းမှာ ရှုံးခဲ့တဲ့အတွက် နောက်တစ်ဆင့်တက်ရေး ခက်ခဲသွားတယ်။ မီလန်မြေမှာ အေစီမီလန်ကို အနိုင်ကစားပြီး နောက်တစ်ဆင့်တက်ခွင့်ရှိနိုင်ပေမဲ့ မဖြစ်နိုင်တော့ပါဘူး။ သရေ ကိုပဲ ဦးတည်ကစားရင်တော့ ယူရိုပါလိဂ်ဝင်ခွင့်သေချာမှာဖြစ် တယ်။ ဒါပေမဲ့ အေစီမီလန်ပဲ နိုင်မှာပါ။ 

မန်စီးတီး – ဆီဗီလာ (ကြာသပတေးနံနက် ၂း၃၀ နာရီ)

အုပ်စုဗိုလ်နေရာသေချာပြီးသား မန်စီးတီးနဲ့ အုပ်စုတတိ ယနေရာ သေချာပြီးသား ဆီဗီလာတို့ ဘယ်သူကမှ ထွေထွေ ထူးထူး အားထုတ်နေကြဖို့ မရှိတဲ့ပွဲပါ။ အိမ်ကွင်းမှာ ကစားရ မယ့် မန်စီးတီး လူငယ်ကစားသမားတွေ ထုတ်သုံးဖို့ များသလို၊ ဆီဗီလာကလည်း အင်အားပြည့်အသင်းမဖြစ်နိုင်ဘူး။ မန်စီးတီး ပဲ ကြိုက်တယ်။ 

FC ကိုပင်ဟေဂင် – ဒေါ့မွန် (ကြာသပတေးနံနက် ၂း၃၀ နာရီ)

ဒီအုပ်စုမှာ မန်စီးတီး၊ ဒေါ့မွန်၊ ဆီဗီလာ၊ ကိုပင်ဟေဂင် ဆို ပြီး အတွဲလိုက် အဖြေထွက်ပြီးသားပါ။ ကိုပင်ဟေဂင်က အဝေး ကွင်းရလဒ်တွေကြောင့် ပြိုင်ပွဲကထွက်ခဲ့ရပေမဲ့ အိမ်ကွင်းမှာ တော့ မန်စီးတီးနဲ့ ဆီဗီလာ နှစ်သင်းစလုံးကို ဂိုးမရှိသရေကစား ပြီး (၂) မှတ်ယူခဲ့တာကို တွေ့ရတယ်။ ဒီပွဲလည်း ဒိန်းမတ်မြေမှာ သရေပါပဲ။ 

ဂျူဗင်တပ်စ် – PSG (ကြာသပတေးနံနက် ၂း၃၀ နာရီ)

PSG နဲ့ ဘင်ဖီကာက လက်ရှိအချိန်မှာ Head to Head ရလဒ်အတူတူ ဖြစ်နေပြီး ဂိုးကွာခြားချက်ကို ကြည့်ရမယ်။ လက်ရှိအချိန်မှာ မက္ကဘီဟိုင်ဖာကို သွင်းယူခဲ့တဲ့ ဂိုးအရေအတွက်က PSG ကို အခွင့်အရေးသာစေခဲ့ပြီး ဘင်ဖီကာထက် (၄) ဂိုးသာထားတယ်။ ဘင်ဖီကာကသာ မက္ကဘီဟိုင်ဖာကို ဂိုးပြတ်သွင်းခဲ့ရင် PSG က ဂျူဗင်တပ်စ်ကို နိုင်ရုံတင်မဟုတ်ဘူး။ ဘယ်နှ ဂိုးသွင်းမလဲဆိုတာ အရေးပါလာမယ်။ ပါရီမှာ လာကစားတုန်းက ဂျူဗင်တပ်စ်ရဲ့ ခြေစွမ်းက တော်တော်လေးကောင်းမွန်ပြီး PSG အသည်းအသန်ကစားခဲ့ရတယ်။ ဒီပွဲက PSG အတွက် သရေလုံးဝကျလို့မရတဲ့ပွဲပါ။ ဂိုးပြတ်၊ မပြတ်ဆိုတာထက် သရေ မဖြစ်ဖို့အတွက် PSG အာရုံစိုက်ကစားရမယ်။ PSG နိုင်ပွဲရမှာပါ။ 

မက္ကာဘီဟိုင်ဖာ – ဘင်ဖီကာ (ကြာသပတေးနံနက် ၂း၃၀ နာရီ)

မက္ကာဘီဟိုင်ဖာက သရေတစ်မှတ်ရရင် ယူရိုပါလိဂ်ဝင် ခွင့်ရနိုင်တယ်။ ဘင်ဖီကာကလည်း နိုင်ပွဲရရုံတင်မဟုတ်ဘဲ ဂိုး ရသလောက်သွင်းရမယ့်ပွဲဖြစ်နေတယ်။ ဒါပေမဲ့ အစ္စရေးမြေပေါ် က ရလဒ်တွေကို ကြည့်ရင် ဘင်ဖီကာရဲ့ ဂိုးပြတ်နိုင်ပွဲအိပ်မက် က မလွယ်ပါဘူး။ နိုင်ပွဲရဖို့ အသည်းအသန်ကြိုးစားမှာဖြစ်ပေ မဲ့ အခန့်မသင့်ရင် သရေကျသွားနိုင်တယ်။ 

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular