spot_img

ချဲလ်ဆီးကို ငြင်းမှာ မဟုတ်ကြောင်း ဖွင့်ဟဝန်ခံရင်း ၊ တနိုင်ငံတည်းသား ချဲလ်ဆီး ကြယ်ပွင့် အပေါ် မှတ်ချက်ပေးသွားတဲ့ ကိုင်စီဒို

ချဲလ်ဆီး အသင်းဟာ ပြီးခဲ့တဲ့ ဇွန်လမှာကတည်းက ဘရိုက်တန် ကွင်းလယ်လူ မွိုက်ဆက်စ် ကိုင်စီဒိုကို ခေါ်ယူဖို့ ကစားသမား ဖြစ်သူနဲ့ ပုဂ္ဂိုလ်ရေး အရ သဘောတူညီမှု ရရှိထားခဲ့ပြီး ၊ လက်ရှိမှာတော့ ကလပ် ၂သင်း အကြား ၄င်းရဲ့ အပြောင်းအရွှေ့နဲ့ ပတ်သက်တဲ့ ဆွေးနွေးမှုတွေက နေ့စဉ်နဲ့ အမျှ ရှိနေဆဲ ဖြစ်ပါတယ် ။

ဘရိုက်တန်ဖက်က ကိုင်စီဒို အတွက် အာဆင်နယ်မှ ဒက်ကလန်ရိုက်စ်ကို ခေါ်ယူသွားတဲ့ ပေါင်သန်း ၁၀၀ကျော် တန်ကြေးမျိုး အထိ အလိုရှိနေပေမယ့် ၊ ချဲလ်ဆီးဖက်ကတော့ နဂို သတ်မှတ်ထားတဲ့ ပေါင်သန်း ၈၀နဲ့သာ ခေါ်ယူသွားနိုင်ဖို့ ယုံကြည်မှု ရှိနေပါတယ် ။

myan789

အသက် ၂၁နှစ် အရွယ်ရှိ ယင်းအီကွေဒေါလက်ရွေးစင်ကတော့ ချဲလ်ဆီးသို့ ပြောင်းရွှေ့နိုင်ဖို့ ဆက်တိုက် တွန်းအားပေးနေကာ ၊ မနေ့က La Cancha Con Mejo သတင်းဌာနနဲ တွေ့ဆုံခဲ့တဲ့ အင်တာဗျူးမှာတော့ ချဲလ်ဆီးက သူ့ကို လာခေါ်ရင် ငြင်းဆန်မှာ မဟုတ်ကြောင်း ပွင့်ပွင့်လင်းလင်းပဲ ဝန်ခံသွားပါတယ် ။

ကိုင်စီဒို က ” ဒါက အသင်းကြီး တသင်းပါ ။ ဒါက သမိုင်းဝင် ကလပ် တသင်း အစစ်အမှန် ဖြစ်ပါတယ် ။ ဒါက အရမ်း သမိုင်းဝင်ပြီး လှပခန့်ညားတဲ့ အသင်းကြီး တသင်း ဖြစ်တာမို့ ကျွန်တော် ငြင်းလို့ရမှာ မဟုတ်ပါဘူး ။ လန်ဒန်မြို့ကလည်း လှပပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

ဒီမတိုင်ခင်ကတည်း ကိုင်စီဒိုဟာ ဇန်နဝါရီ အပြောင်းအရွှေ့ စျေးကွက် အတွင်း ချဲလ်ဆီးရဲ့ လန်ဒန်မြို့ခံ ပြိုင်ဖက် အာဆင်နယ်ထံမှ ပေါင်သန်း ၇၀ တန်ကြေးနဲ့ ကမ်းလှမ်းမှု ရခဲ့ပေမယ့် ဘရိုက်တန်က ပယ်ချသွားခဲ့ပါတယ် ။ ကစားသမားဖြစ်သူကတော့ ပရီးမီးယားလိဂ် ထိပ်သီး အသင်းတွေနဲ့ အပြောင်းအရွှေ့ သတင်းထွက်နေခြင်း အပေါ် ထိန်းချုပ်ကိုင်တွယ်နိုင်တဲ့ အကြောင်း အခုလို ထုတ်ပြောဖူးပါတယ် ။

ကိုင်စီဒို က ” ဒါက အရမ်း စိတ်လှုပ်ရှားဖွယ်ကောင်းပါတယ် ။ ကိုယ့်အကြောင်း တခြားသူတွေ ပြောကြတာကို ဘယ်ကစားသမားက မလိုလားတာ ရှိ်မလဲ ? ကျွန်တော် ဒီအခြေအနေကို ဘယ်လို ကိုင်တွယ်ရမလဲ ဆိုတာ သိပါတယ် ။ စိတ်ဆန္ဒအလျောက် ကျွန်တော် အထိန်းအကွပ်မဲ့ ဖြစ်မှာတော့ မဟုတ်ပါဘူး ။ ”

” လက်ရှိမှာ ကျွန်တော်ဟာ ကိုယ့်မိသားစုနဲ့ အတူ ပျော်ပျော်ရွှင်ရွှင် အားလပ်ရက် ဖြတ်သန်းနေပါတယ် ။ ဖိအားတွေတော့ ရှိနေပေမယ့် ကျွန်တော် တည်တည်ငြိမ်ငြိမ်ပါပဲ ။ ဘုရားသခင်က ဆုံးဖြတ်တဲ့ အရာမှန်သမျှ ကျွန်တော် လက်သင့်ခံယူသွားမှာပါ ။ သူက ကျွန်တော့ အတွက် အကောင်းဆုံး ဖြစ်စေမယ့် အရာကို သိပါလိမ့်မယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

ချဲလ်ဆီးဟာ အခုလို ကိုင်စီဒိုကို ခေါ်ယူဖို့ အဓိက အာရုံစိုက် မကြိုးပမ်းခင် ၄င်းနဲ့ တနိုင်ငံတည်းသား ဆယ်ကျော်သက် ကြယ်ပွင့် ကွင်းလယ်လူ ကန်ဒရီ ပါယက်ဇ်ကို အင်ဒီပန်ဒီယန်တေး အသင်းကနေ ပေါင် ၁၇.၅သန်းနဲ့ ခေါ်ယူနိုင်ခဲ့ကာ ၊ နောက်၂နှစ် အကြာ အသက် ၁၈နှစ် ပြည့်တာနဲ့ ချဲလ်ဆီးသို့ လာရောက်ပူးပေါင်းမှာ ဖြစ်ပါတယ် ။

ပါယက်ဇ်နဲ့ ပတ်သက်ပြီး ကိုင်စီဒို က ” သူဟာ တကယ် မိုက်တဲ့ ကစားသမား တဦးပါပဲ ။ အမှန်က အင်ဒီပန်ဒီယန်တေး အသင်းရဲ့ ပွဲတွေကို ကျွန်တော် ကြည့်ရှုခဲ့တဲ့ အခိုက်အတန့်တွေ ရှိခဲ့ဖူးပါတယ် ။ အီကွေဒေါက ဒီလို အလားအလာရှိတဲ့ ကြယ်ပွင့်တွေကို စောင့်ကြည့်ရတာ ကောင်းပါတယ် ။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့မှာ အရမ်းတော်တဲ့ လူငယ်တွေ ရှိနေလို့ပါပဲ ။ ”

” ကျွန်တော် သူ့အတွက် ၊ သူလုပ်ပြနေတဲ့ အရာတိုင်း အတွက် အရမ်း ပျော်ပါတယ် ။ ကျွန်တော် သူနဲ့ ပတ်သက်ပြီး ပြောနိုင်တာက သူဟာ မှန်ကန်တဲ့ လမ်းကြောင်းပေါ်မှာ ရှိနေပြီး ၊ ဒီထက် ပိုဝေးတဲ့ အောင်မြင်မှု ပန်းတိုင်ဆီ ရောက်နိုင်လိမ့်မယ် ဆိုတာပါပဲ ။ ဘာလို့လဲဆိုတော့ သူ့မှာ ရှိနေတဲ့ ပင်ကို အရည်အချင်းတွေက အံ့သြစရာကောင်းလို့ပါ ။ ” လို့ ပြောကြားခဲ့ပါတယ် ။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular