spot_img

ချဲလ်ဆီးရဲ့ ချန်ပီယံလိဂ်ဖလား အောင်မြင်မှု အတွက် ရိုးသားတဲ့ ဝန်ခံမှု လုပ်သွားခဲ့တဲ့ အီဒင်ဟာဇက်

အီဒင်ဟာဇက်က ချဲလ်ဆီးရဲ့ ချန်ပီယံလိဂ်ဖလား အောင်မြင်မှု အပေါ် သူ့အနေနဲ့ အောင်ပွဲခံခဲ့ခြင်း မရှိခဲ့ဘူးလို့ ဆိုလိုက်ပြီး လာမည့်ရာသီမှာ ရီးရဲယ်မက်ဒရစ်တို့ သူ့အသင်းဟောင်းဆီက ဆုဖလားကို ပြန်လည် ရယူတာ မြင်ချင်တယ်လို့ ပြောသွားပါတယ်။ သောမတ်တူချယ်ရဲ့ အသင်းဟာ ပြီးခဲ့တဲ့ စနေနေ့က ပေါ်တိုမှာ မန်စီးတီးကို ၁-၀ နဲ့ အနိုင်ယူပြီး ဥရောပရဲ့ အမြင့်ဆုံး ဆုဖလားကို ဒုတိယ အကြိမ်မြောက် ရရှိခဲ့ပါတယ်။

ချဲလ်ဆီးဟာ ဟာဇက်ရဲ့ ရီးရဲယ်ကို ဆီမီးဖိုင်နယ် အဆင့်မှာ ဖြတ်ချခဲ့တာ ဖြစ်ပြီး ဖိုင်နယ်မှာတော့ မန်စီးတီးရဲ့ ကာလရှည် ချန်ပီယံလိဂ် ဖလား အိမ်မက်ကို ဖျက်စီးခဲ့တာ ဖြစ်ပါတယ်။ ဟာဇက်ဟာ ရီးရဲယ်ကို ၂၀၁၉ ခုနှစ်က မပြောင်းရွေ့မှာ စတန်းဖို့ဒ်ဘရစ်ချ်မှာ ၇ နှစ်ကြာ ကစားခဲ့သူ ဖြစ်ပေမယ့် အသင်းဟောင်း ချဲလ်ဆီးရဲ့ ဥရောပ အောင်ပွဲအတွက် အောင်ပွဲမခံခဲ့ဘူးလို့ ဝန်ခံသွားခဲ့ကာ အဆိုပါ ဆုဖလားကို ဘာနေဗျူးထံ ပြန်ရောက်လာဖို့ အတွက်ပဲ အာရုံစိုက်ထားတယ်လို့ ဆိုခဲ့ပါတယ်။

myan789

ဟာဇက်က “ကျွန်တော် လုံး၀ အောင်ပွဲမခံခဲ့ပါဘူး။ ကျွန်တော်ဟာ ရီးရဲယ်မက်ဒရစ် ကစားသမားပါ။ ဒါ့ကြောင့် အခြား အသင်းရဲ့ အောင်ပွဲအတွက် ကျွန်တော် မပျော်ရွှင်ပါဘူး။ ချဲလ်ဆီး အသင်းမှာ ရှိတဲ့ ကစားသမား တစ်ချို့ အတွက်တော့ ကျွန်တော် ပျော်ရွှင်မိပါတယ်။ ဒါပေမယ့် လာမည့် ရာသီမှာ ဒီဖလားဟာ ရီးရဲယ်မက်ဒစ် အတွက်ပဲ ဖြစ်ဖို့ မျှော်လင့်ပါတယ်။” လို့ ဆိုလိုက်ပါတယ်။

ဒါ့အပြင် ဟာဇက်က နွေရာသီမှာ အသင်းဟောင်း ချဲလ်ဆီးကို ပြန်လာဖို့ ရှိနေတယ် ဆိုတဲ့ သတင်းတွေကို ပယ်ချသွားခဲ့ပြီး ရီးရဲယ်မက်ဒရစ်မှာ သူ့ရဲ့ အရည်အသွေးကို သက်သေပြသွားဖို့ ဆုံးဖြတ်ထားတယ်လို့ ဆိုလိုက်ပါတယ်။ ဟာဇက်ဟာ ရီးရဲယ်ကို ပြောင်းရွေ့ခဲ့ပြီးနောက် ကြံ့ခိုင်မှု ပြသနာတွေနဲ့ ရင်ဆိုင်ခဲ့ရကာ ပုံစံကောင်း ပျောက်ဆုံးနေခဲ့ပြီး ဘာနေဗျူးမှာ ရုန်းကန် နေရပါတယ်။

စတန်းဖို့ဒ်ဘရစ်ချ်ကို ပြန်သွားဖို့ ရှိနေတယ် ဆိုတဲ့ သတင်းတွေ အပေါ် ဟာဇက်က “ကျွန်တော် ရီးရဲယ်မက်ဒရစ်နဲ့ စာချုပ် ၃ နှစ် ကျန်နေပါသေးတယ်။ ဒါ့ကြောင့် အင်္ဂလန်ကို ပြန်တော့မယ် ဆိုတဲ့ သတင်းတွေ အပေါ် ဖြေစရာတောင် မလိုပါဘူး။ မက်ဒရစ်မှာ ကျွန်တော့်ရဲ့ ပထမဦးဆုံး ၂ ရာသီဟာ အဆင်မပြေခဲ့ဘူး ဆိုတာ အားလုံးသိပါတယ်။ ဒါ့ကြောင့် ပထမဦးဆုံး အနေနဲ့ ကျွန်တော် ရီးရဲယ်မက်ဒရစ်မှာ သက်သေပြသွားမှာပါ။ ဒီအတွက် ကျွန်တော် အစွမ်းကုန်ု အားထုတ်သွားပါမယ်။

စာချုပ် အခြေအနေကြောင့် ကျွန်တော် မက်ဒရစ် ကနေ ထွက်ခွာစရာ အကြောင်းမရှိဘူးလို့ မြင်ပါတယ်။ ကျွန်တော် ကိုယ့်အကြောင်းကိုယ် သိပါတယ်။ ကျွန်တော် ဘယ်အချိန် ပုံစံကောင်း ရနေသလဲ ဆိုတာလည်း သိပါတယ်။ ဒီလို ဖြစ်လာခဲ့မယ် ဆိုရင် ကျွန်တော် လာမည့် ရာသီ ရီးရဲယ် အတွက် အများကြီး ပေးဆပ်နိုင်မှာပါ။ ဒါဟာ ကျွန်တော့်ရဲ့ အစီအစဉ်ပါပဲ။” လို့ ဆိုလိုက်ပါတယ်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular