spot_img

” စည်းကမ်းမလိုက်နာသူတွေ ” လို့ သမုတ်ရင်း အသင််းသားတွေအပေါ် ပေါက်ကွဲလိုက်တဲ့ တန်ဟတ်

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ဒီနေ့ နံနက် လက်စ် ဗီးဂတ်စ် မှာ ဒေါ့မွန် အသင်းနဲ့ ရာသီကြို ခြေစမ်းပွဲ ကစားခဲ့ရပြီး 2 – 3 ဆိုတဲ့ ရလဒ် နဲ့ ရှုံးနိမ့်သွားခဲ့ရပါတယ် ။ ဒါဟာ ယူနိုက်တက် အတွက် 3 ပွဲဆက် ရှုံးပွဲကြုံတွေ့ရခြင်း ဖြစ်သွားခဲ့ရပါတယ် ။

ဒီပွဲမှာတော့ ယူနိုက်တက်တို့ရဲ့ ပထမပိုင်း ကစားပုံဟာ အတော်လေးကောင်းမွန်ခဲ့ပြီး ပွဲချိန် 24 မိနစ်မှာ ဒါးလော့ကြောင့် အဖွင့်ဂိုး ရယူနိုင်ခဲ့ပါတယ် ။ ဒါပေမဲ့ ပထမပိုင်း ပြီးဆုံးခါနီးမှာ ယူနိုက်တက်တို့ မာလန်းကို 2 ဂိုး ပြန်လည်ပေးခဲ့ရပြီး 1 – 2 ဖြစ်သွားခဲ့ရပါတယ် ။

myan789

အဲ့ဒီနောက် ဒုတိယပိုင်း 52 မိနစ်မှာ အန်တိုနီ ကြောင့် ယူနိုက်တက်တို့ ခြေပဂိုး ရရှိခဲ့ကြပါတယ် ။ ဒါပေမဲ့ ပွဲချိန် 71 မိနစ်မှာ မော်ကိုကို ရဲ့ သွင်းဂိုးကြောင့် ယူနိုက်တက် တို့ 3 ပွဲဆက် ရှုံးပွဲ ကြုံတွေ့သွားခဲ့ကြရပြီး ပရိသတ်တွေ စိတ်ပျက််ခဲ့ကြရပါတယ် ။

အဆိုပါ ပွဲစဥ်အပြီးမှာတော့ ယူနိုက်တက် နည်းပြ အဲရစ် တန်ဟတ် က အသင်းသားတွေရဲ့ ပထမပိုင်း ကစားပုံဟာ ကောင်းမွန်ခဲ့ပေမဲ့ နောက်ဆုံး မိနစ် 30 အတွင်းမှ ကစားပုံက စိတ်ပျက်စရာ ဖြစ်ခဲ့ရကြောင်း ၊ သူတို့ဟာ စည်းကမ်း မလိုက်နာခဲ့ကြောင်း အပြစ်တင်သွားခဲ့လိုက်ပါတယ် ။

” ဟုတ်ပါတယ် ၊ ဒီ ပွဲစဥ် ဟာ နှစ်ပိုင်း ဖြစ်ခဲ့ရပါတယ် ။ ကျွန်တော်တို့ တစ်နာရီအတွင်း ကစားပုံ ကောင်းမွန်ခဲ့ကြပါတယ် ။ အသင်း တစ်သင်းလို စုဖွဲ့ ကစားနိုင်ခဲ့ကြတယ် ၊ ပေါက်ကွဲအား ကောင်းမွန်ခဲ့ပြီး ဖိအားပေး ကစားပုံဟာလည်း အားရစရာ ဖြစ်ခဲ့ရပါတယ် ”

” ဒါဟာ ကြည့်ကောင်းခဲ့ပါတယ် ။ ပထမပိုင်းအထိ ကျွန််တော် မြင်ချင်တဲ့ ကစားပုံကို မြင်ခဲ့ရပါတယ် ။ ဒါပေမဲ့ ရုတ််ချည်းဆိုသလိုပဲ ကျွန်တော်တို့ 2 ဂိုး ပေးခဲ့လိုက်ရပါတယ်် ။ သူတို့ ဂိုးအလှူပေးခဲ့ကြတာဖြစ်ပြီး ကျွန်တော် စိတ်ပျက််ခဲ့ရပါတယ် ”

” ဒါပေမဲ့ နောက်ဆုံးချိန် နာရီဝက်ကတော့ ဆိုးရွားလှတဲ့ စိတ်ပျက်ဖွယ် စွမ်းဆောင်ရည်ပဲ ဖြစ်ခဲ့ရပါတယ် ။ သူတို့ စည်းကမ်း မလိုက်နာခဲ့ကြပါဘူး။ ဖိအားပေး မကစားနိုင်ခဲ့သလို ကစားကွက်လည်း မတည်ဆောက်နိုင်ခဲ့ကြပါဘူး ။ သူတို့ဟာ တစ်ယောက်ချင်း ကစားနေတဲ့ XI ယောက်ပဲ ဖြစ်ခဲ့ကြပါတယ် ”

” ဒါ ဘယ်လိုမှ မကောင်းပါဘူး ။ ကျွန်တော် သူတို့ကို ဒီကိစ္စ ပြောခဲ့ပါတယ် ။ ဒီမှာ ကစားရတာ ကောင်းပါတယ် ။ ဒါပေမဲ့ ကျွန်တော်က ကောင်းမွန်တဲ့ကစားပုံ လိုချင်တာပါ ။ သူတို့ မိနစ် 60 ပဲ လုပ်ပြနိုင်ခဲ့ကြပါတယ် ။ ဒါနဲ့ ပတ််သက်လို့ ကျွန်တော် ကျေနပ်ခဲ့ပါတယ် ”

” ဒါပေမဲ့ နှစ်ဂိုးဆက်တိုက်ပေးခဲ့ရတာက စိတ်ပျက်စရာပါပဲ ။ ပထမ တစ်ဂိုးမှာ ခုခံပုံ မကောင်းခဲ့တာ ဖြစ်ခဲ့ရပြီး ဒုတိယ ဂိုးမှာတော့ ကစားကွက် တည်ဆောက်ပုံ ညံ့ခဲ့ကြပါတယ် ။ ခြေစမ်းပွဲပဲ ဖြစ်ပါစေ ၊ ဒီလိုကိစ္စမျိုးက ခွင့်လွှတ််စရာ မရှိပါဘူး ” လို့ တန်ဟတ် က ပြောခဲ့တာပဲ ဖြစ်ပါတယ် ။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular