ဘာစီလိုနာအသင်းနည်းပြ ရော်နယ်လ်ကိုးမန်းက ဘီလ်ဘာအိုအသင်းနှင့် ယနေ့ယှဉ်ပြိုင်ကစားမည့် စပိန်ဘုရင့်ဖလားဗိုလ်လုပွဲရလဒ်သည် သူ၏အနာဂတ်အတွက် အကျိုးသက်ရောက်မှုမရှိသင့်ကြောင်း သုံးသပ်ခဲ့သည်။
ကိုးမန်းသည် ဘာစီလိုနာအသင်းကို ပြီးခဲ့သည့်နှစ်ကမှ စတင်ကိုင်တွယ်ခဲ့သော်လည်း လာပေါ်တာ ဥက္ကဋ္ဌအဖြစ် ပြန်လည်ရွေးချယ် ခံရပြီးနောက် သူ၏အနာဂတ်မှာ မသေမချာဖြစ်လာခဲ့သည်။
”ဒါက(သူ့ရဲ့အနာဂတ်နဲ့ပတ်သက်ပြီး) အနည်းငယ်တော့ ထူးဆန်းနေတယ်။ ဒီလိုမေးခွန်းတွေကိုတော့ ကျွန်တော့်အနေနဲ့ ဖြေကြားဖို့ လိုအပ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ရှုံးပွဲမရှိ ၁၉ ပွဲအထိ ဖြတ်သန်းခဲ့တယ်။ နောက်ဆုံး ကျွန်တော်တို့ တစ်ပွဲပဲ အရေးနိမ့်
ခဲ့တယ်။ ကျွန်တော့်ရဲ့အနာဂတ်ကို ပြောဖို့လိုသေးလိုလား။ ဒါကို ကျွန်တော့်အနေနဲ့ လက်ခံကောင်းလက်ခံနိုင်ပါတယ်။ စာချုပ်သက်တမ်းက တစ်နှစ်ကျော်လောက် ကျန်ပါသေးတယ်။ လက်ရှိမှာ ကျွန်တော့်အဖို့ ကြီးမားတဲ့ ဖိအားတစ်ခုရှိနေပေမဲ့ ဒါကို
ကောင်းကောင်းကိုင်တွယ်နိုင်ပါတယ်။ ဒါပေမဲ့ တစ်ခါတစ်ရံတော့ ဒီအကြောင်းအရာက အနည်းငယ်ထူးဆန်းနေပါတယ်”ဟုကိုးမန်းက ပြောကြားခဲ့သည်။

လာပေါ်တာ၏လူသိရှင်ကြားထောက်ခံအားပေးမှုကို နှစ်သက်သလားဟု မေးမြန်းမှုကို ကိုးမန်းက ”သတင်းစာရှင်းလင်းပွဲတိုင်းပြောတဲ့အကြောင်းအရာတွေက ကျွန်တော့်အတွက် မလိုအပ်ပါဘူး။ သူ့အနေနဲ့ ကျွန်တော့်အပေါ် ယုံကြည်မှုရှိတယ်ဆိုတာ
ပြသထားပြီးသားပါ။ ကျွန်တော် ဘယ်မှာရှိနေတယ်ဆိုတာ ကိုယ့်ကိုယ်ကိုသိပါတယ်။ ဘဏ္ဍာရေးပြဿနာတွေရှိပေမဲ့ ဘာစီလိုနာဟာ အောင်မြင်မှုတွေရမှာပါ”ဟု မှတ်ချက်ပြုခဲ့သည်။
ဘာစီလိုနာအသင်းသည် ပြီးခဲ့သည့်ဇန်နဝါရီလက ဘီလ်ဘာအိုအသင်းအား စပိန်စူပါဖလားဗိုလ်လုပွဲတွင် အရေးနိမ့်ခဲ့သော်လည်းလာလီဂါနှစ်ကျော့စလုံးကို အနိုင်ကစားထားကြောင်း သိရသည်။