ဟွယ်ဆကာ – ဂီတာဖေး (တနင်္ဂနွေညနေ ၆း၃၀ နာရီ)
တန်းဆင်းအန္တရာယ်ထဲက အလွတ်ရုန်းနေပြီး အမှတ်ပိုရ အောင်ကစားလာတဲ့ ဟွယ်ဆကာရဲ့ အိမ်ကွင်းကစားအားက ဂီ တာဖေးကို ဖိအားပေးနိုင်ဦးမှာပါ။ ဟွယ်ဆကာနဲ့ ဂိုးအနည်းပဲ ရွေးထားကြည့်လိုက်တယ်
ဗီလာရီးယဲလ် – ဘာစီလိုနာ (တနင်္ဂနွေည ၈း၄၅ နာရီ)
စပိန်ဘုရင့်ဖလားချန်ပီယံဆုက ဘာစီလိုနာကို လာလီဂါ ဘက်မှာလည်း ချန်ပီယံဆုယူနိုင်ရေး တွန်းအားတစ်ခုလိုဖြစ်နေ စေနိုင်တယ်။ ထိပ်ဆုံး (၂)သင်းထက် (၁)ပွဲလျော့ပြီး အမှတ်ကွာ နေသလိုဖြစ်နေပေမဲ့ ဘာစီလိုနာရဲ့ ချန်ပီယံမျှော်လင့်ချက်က အားကောင်းနေတုန်းပါပဲ။ ဒီလိုအချိန်မှာ ပီကေး၊ ဆာဂျီရောဘတ် တိုတို့ ပြန်ကစားလာနိုင်တာကလည်း အသင်းအတွက် အား တက်စရာဖြစ်လာတယ်။ ရော်နယ်လ်ကိုးမန်းက အသင်းကစား ကွက် လူချပုံကိုလည်း စိတ်ကြိုက်ပိုလုပ်လာနိုင်သလို၊ ကိုးမန်း စိတ်ကြိုက် (၃)ယောက်ခံစစ်ကစားပုံကလည်း ပီကေးကြောင့် ပိုအသက်ဝင်လာတယ်။ ဗီလာရီးယဲလ်ကတော့ ချန်ပီယံလိဂ်ဝင် ခွင့်မျှော်လင့်ချက်အတွက် မရှိနိုင်တော့သလို၊ ယူရိုပါလိဂ်ဝင်ခွင့် လည်း သေချာသလောက်ဖြစ်နေပါပြီ။ ဒါကြောင့် နည်းပြအမ်မ ရီအတွက် ဘာစီလိုနာနဲ့ အခုပွဲထက် သူ့အသင်းဟောင်း အာဆင် နယ်နဲ့ကစားရမယ့် ယူရိုပါလိဂ် ဆီမီးဖိုင်နယ်ပွဲကို အာရုံပိုထား လိမ့်မယ်ထင်တယ်။ အဝေးကွင်းဆိုပေမဲ့ ဘာစီလိုနာနဲ့ ဂိုးအများ ကိုပဲ ပိုကြိုက်နေမိတယ်။
ဆယ်လ်တာဗီဂို – အိုဆာဆူနာ (တနင်္ဂနွေည ၁၁းဝ၀ နာရီ)
အိုဆာဆူနာ အခုတလော ကစားပုံပြန်တက်လာသလိုတွေ့ ရတယ်။ အဝေးကွင်းနောက်ဆုံးပွဲမှာ ဗီလာရီးယဲလ်ကိုတောင် အ နိုင်ယူပြထားနိုင်တဲ့ခြေစွမ်းမျိုးနဲ့ဆိုရင် ဆယ်လ်တာဗီဂိုကိုလည်း ကောင်းကောင်းရင်ဆိုင်ပြနိုင်လိမ့်မယ်။ ဆယ်လ်တာဗီဂို ခြေစွမ်း ကလည်း ပုံမှန်မရှိတဲ့အပြင် အခုတလော ခံစစ်ရော၊ တိုက်စစ်ပါ အတက်အကျမမှန်သလို တွေ့နေရတယ်။ အစဉ်အလာအရ လည်း အိုဆာဆူနာနဲ့တွေ့တိုင်း ဆယ်လ်တာဗီဂိုတို့ ရုန်းကန်ရ လေ့ရှိလို့ ဒီတစ်ပွဲလည်း အိုဆာဆူနာကိုပဲ ဦးစားပေးထားရမယ် ထင်ပါတယ်။ အိုဆာဆူနာနဲ့ ဂိုးအနည်းပါပဲ။
ဆီဗီလာ – ဂရန်နာဒါ (တနင်္ဂနွေည ၁၁းဝ၀ နာရီ)
လာလီဂါကိုပဲ အာရုံပြန်စိုက်ခွင့်ရနေတဲ့အချိန်ကစပြီး ဆီဗီ လာတို့ ကစားပုံရော၊ ရလဒ်ပိုင်းပါ တိုးတက်လာတာ တွေ့ရတယ်။ အခုဆို ချန်ပီယံဆုအတွက် မျှော်လင့်မယ်ဆိုရင် မျှော်လင့်နိုင်တဲ့ အမှတ်ကွာဟမှုမျိုးအထိ ကပ်လိုက်လာနိုင်တာလည်း တွေ့ရ တယ်။ ဒါကြောင့် ဖိအားမရှိဘဲ အမှတ်ရသလောက်ယူမယ့်ပုံမျိုး နဲ့ စိတ်အေးလက်အေး ပိုကစားပြလာနိုင်တဲ့ အိမ်ရှင် ဆီဗီလာကို အခုတလော ခြေစွမ်းအတက်အကျများနေတဲ့ ဂရန်ဒါတို့ တောင့် ခံကစားပြနိုင်ဖို့ မလွယ်လောက်ပါ ဘူး။ ဆီဗီလာနဲ့ ဂိုးအနည်းကိုပဲ ရွေးထားတာကောင်းမယ်။
ဘီလ်ဘာအို – အက်သလက်တီကို (တနင်္လာနံနက် ၁း၃၀ နာရီ)
သမိုင်းဝင်စပိန်ဘုရင့်ဖလားဗိုလ်လုပွဲကို တစ်လအတွင်း (၂)ကြိမ်ကစားခဲ့ရပေမဲ့ (၂)ကြိမ်စလုံး ရှုံးနိမ့်ခဲ့ရခြင်းက ဘီလ် ဘာအိုရဲ့ စိတ်ဓာတ်ပိုင်းကိုတော့ ထိခိုက်သွားစေနိုင်တယ်။ ဒါကြောင့် လက်ရှိကာလက ဘီလ်ဘာအိုအတွက် လာလီဂါမှာ အာရုံပြန်စိုက်ပြီး အကောင်းဆုံးပြန်ဖြစ်အောင် ကစားပြရ တော့မယ်။ ဒါပေမဲ့ ခက်နေတာက လတ်တလော ဘီလ်ဘာအို ရဲ့ အဓိကအားနည်းမှုက တိုက်စစ်ပိုင်း ဂိုးသွင်းနိုင်မှုလျော့ သွားတာပဲဖြစ်တယ်။ ဒီလိုတိုက်စစ်အားနည်းပုံနဲ့တော့ အခု ရင်ဆိုင်ရမယ့် အက်သလက်တီကိုလိုအသင်းရဲ့ ခံစစ်ကို ဖိ အားပေးဂိုးရဖို့ အတော်လေးကို အားထုတ်ရတော့မှာ သေချာ နေတယ်။ အက်သလက်တီကိုကလည်း ပန်းအဝင်ပိုင်းမှာ အဝေးကွင်းကစားပုံလျော့ပြီး ရုန်းကန်နေရတာ တွေ့ရတယ်။ ဒါကြောင့် အိမ်ကွင်းမှာ ခံစစ်ကစားပုံ ပိုအလုပ်ဖြစ်လေ့ရှိတဲ့ ဘီလ်ဘာအိုဘက်ကို အက်သလက်တီကိုလည်း ဂိုးရဖို့ ခက် ခက်ခဲခဲကစားရဦးမှာဖြစ်ပြီး စိန်ခေါ်မှုလည်း များနေပါတယ်။ ဂိုးအနည်းနဲ့ ဘီလ်ဘာအိုကိုပဲ ရွေးထားကြည့်ချင်တယ်။