spot_img

စီရော်နယ်လ်ဒိုအား ချန်လှပ်ခြင်းမှာ စည်းကမ်းမလိုက်နာခြင်းနှင့် အသင်းကစားသမားများ၏အကျိုးအတွက်ဖြစ်ကြောင်း မန်ယူနည်းပြ တန်ဟက်ဂ် ရှင်းလင်း

မန်ယူနည်းပြ တန်ဟက်ဂ်က အသင်း၏ ပေါ်တူဂီဝါရင့်တိုက်စစ်မှူး စီရော်နယ်လ်ဒို အား ချယ်လ်ဆီးအသင်းနှင့်ကစားခဲ့သည့် ပရီးမီးယားလိဂ်ပွဲလူစာရင်းမှ ချန်လှပ်ခဲ့ခြင်းမှာ စည်းကမ်းမလိုက်နာသည့်အတွက် အပြစ်ပေးခြင်းဖြစ်ကြောင်းနှင့် ၎င်းအသင်းဖော် များ၏အကျိုးအတွက်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ 

 စီရော်နယ်လ်ဒိုသည် ဗယ်လက်ကာနိုအသင်းနှင့် ကစားခဲ့သည့် ရာသီကြိုခြေစမ်းပွဲတွင်လည်း ပွဲမပြီးမီ ကွင်းအတွင်းမှ ထွက်ခွာခဲ့ဖူးပြီး ထိုစဉ်က တန်ဟက်ဂ်၏သတိပေးခြင်းကို ခံခဲ့ရဖူးသည်။ ယခုအခါ စီရော်နယ်လ်ဒိုအနေဖြင့် ဒုတိယအကြိမ် ကျူးလွန်ခဲ့ခြင်းကြောင့် အပြစ်ပေးခဲ့ခြင်းဖြစ်သည်ဟု တန်ဟက်ဂ်က ပြောကြားခဲ့ခြင်းဖြစ်သည်။

myan789

“ကျွန်တော်က နည်းပြပါ။ ဒီအသင်းရဲ့ အစဉ်အလာထိန်းသိမ်းဖို့ ကျွန်တော့်မှာ တာဝန်ရှိပါတယ်။ အဲဒီအတွက် ကစားသမားတွေကိုထိန်းချုပ်ဖို့ စည်းမျဉ်းတွေ ချမှတ်ထားတာ တွေ ရှိပါတယ်။ ဗယ်လက်ကာနိုနဲ့ပွဲအပြီးမှာ ဒါမျိုး (ပွဲမပြီးခင် ကွင်းအတွင်းမှထွက်သွား တာ) ကို လက်မခံနိုင်ဘူးလို့ သူ့(စီရော်နယ်လ်ဒို) ကိုရော အသင်းကစားသမားအားလုံးကို ကျွန်တော် ပြောပြီးသားပါ။ ဒါက ဒုတိယအကြိမ်ဖြစ်ပြီး ကျိန်းသေပေါက် အကျိုးဆက်ကို ခံစားရမှာပါ။ ချယ်လ်ဆီးနဲ့ပွဲအတွက် စီရော်နယ်လ်ဒိုကို ကျွန်တော်တို့ လိုအပ်ခဲ့ပါတယ်။ ဒါပေမဲ့ အသင်းရဲ့စိတ်ဓာတ်ပိုင်းက ပိုအရေးကြီးဆုံးပါ။  စီရော်နယ်လ်ဒိုအနေ နဲ့ သူ့ရဲ့လုပ်ရပ်ကို ပြန်လည်သုံးသပ်မယ်လို့ ထင်ပါတယ်။ မန်ယူကစားသမားတွေအားလုံးကို ရာသီစကတည်းက နောက်တစ်ကြိမ်ဆိုရင် အကျိုးဆက်တွေလာမယ်လို့ သတိပေးပြီးသားပါ။ ဘောလုံးက အသင်းအဖွဲ့နဲ့ ကစားရတာဖြစ်ပြီး ကစားသမားတွေကိုထိန်းဖို့ စည်းကမ်းလိုပါတယ်”ဟု ပြောကြားခဲ့သည်။ 

ပြီးခဲ့သည့် ၂၀၂၁ နွေရာသီတွင် ဂျူဗင်တပ်စ်အသင်းမှ မန်ယူအသင်းသို့ ပြန်လည်ပြောင်းရွှေ့လာခဲ့သည့်  စီရော်နယ်လ်ဒိုသည် ၂၀၂၁-၂၂ ရာသီတွင် မန်ယူအသင်း၌ ပြိုင်ပွဲစုံ ၃၈ ပွဲတွင် ၂၄ ဂိုးအထိသွင်းကာ အသင်း၏ ဂိုးသွင်းအများဆုံးဖြစ်ခဲ့သည်။ သို့သော် နည်းပြ တန်ဟက်ဂ်လက်ထက်တွင်မူ စီရော်နယ်လ်ဒိုမှာ ပုံမှန်ကစားခွင့်ရရန် ရုန်းကန်နေရပြီး ယခုရာသီ ပြိုင်ပွဲစုံ ၁၂ ပွဲကစားထားသော်လည်း အများစုမှာ လူစားဝင်အဖြစ်သာ ပါဝင်ခွင့်ရခဲ့ကာ နှစ်ဂိုးသာ သွင်းထားနိုင်သေးသည်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular