spot_img

စီးရီးအေ ပွဲစဉ်(၂၄)ပွဲကျန်နှင့် ပြင်သစ်ဖလား ကွာတားဖိုင်နယ်ပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်

◘ ခရီမိုနီဆီ – ရိုးမား (မြန်မာစံတော်ချိန် မတ်လ ၁ ရက် နံနက် ဝဝးဝ၀ နာရီ)

ခရီမိုနီဆီရဲ့ခြေအဆင့်အတန်းက အရမ်းစိတ်ပျက်စရာကောင်းပြီး ဒီပုံစံအတိုင်းဆို တန်းပြန်ဆင်းရမယ့်ပုံစံပါပဲ။ ကိုပါအီတာလီယာပြိုင်ပွဲမှာ ခရီမိုနီဆီကို ရိုးမားအသင်း ရှုံးနိမ့်ခဲ့ပေမဲ့ အခုပွဲကိုတော့ အမှားခံမှာ မဟုတ်တော့ဘူး။ ဒါ့အပြင် ရိုးမားရဲ့ လက်ရှိခြေစွမ်းကိုကြည့်ရင် စီးရီးအေနောက်ဆုံး (၅)ပွဲမှာ နာပိုလီ၊ လက်ချီတို့နဲ့ တွေ့ဆုံတဲ့ပွဲကလွဲလို့ နိုင်သင့်တဲ့ပွဲတွေကို အနိုင်ကစားထားတာ တွေ့ရတယ်။ ရိုးမား နိုင်ပွဲရဖို့သေချာပြီး ဂိုးပြတ်သွားဖို့တောင် ရှိတယ်။

myan789

◘ ဂျူဗင်တပ်စ် – တိုရီနို(မြန်မာစံတော်ချိန် မတ်လ ၁ ရက် နံနက် ၂း၁၅ နာရီ)

ဂျူဗင်တပ်စ်က စီးရီးအေနောက်ဆုံး(၃)ပွဲဆက် ပေးဂိုးမဲ့နိုင်ပွဲတွေ ရခဲ့တယ်။ ဒါပေမဲ့ ဂျူဗင်တပ်စ် ရင်ဆိုင်ခဲ့ရတဲ့အသင်းတွေက အားနည်းချက်တွေများပါတယ်။ ဗလာဟိုဗစ် သွင်းဂိုးတွေ ပြန်လည်ဆောင်ကြဉ်းနိုင်တာကတော့ ဂျူဗင်တပ်စ်အတွက် အားသာချက်လို့ ဆိုရမယ်။ တိုရီနိုက ဂျူဗင်တပ်စ်အတွက် သတိထားရမယ့် ပြိုင်ဘက်ဖြစ်ပြီး မြို့ခံအသင်းချင်း ထိပ်တိုက်တွေ့ဆုံနေတဲ့ပွဲဖြစ်လို့ ပေါ့ဆလို့လည်းမရပါဘူး။ ပြီးခဲ့တဲ့ရာသီကလည်း ဂျူဗင်တပ်စ်ကွင်းမှာ တိုရီနိုအသင်း မရှုံးအောင်ကစားထား နိုင်ခဲ့တယ်။ အိမ်ကွင်းကစားရမှာဖြစ်ပေမဲ့ တူရင်ဒါဘီမှာ ဂျူဗင်တပ်စ် အလွန်ဆုံးကပ်နိုင်ဖို့ပဲများတယ်။

◘ လိုင်ယွန် – ဂရီနိုဘယ် (မြန်မာစံတော်ချိန် မတ်လ ၁ ရက် နံနက် ၂း၄၀ နာရီ)

လိုင်ယွန်အသင်းမှာ ၀ါရင့်တိုက်စစ်မှူး လာကာဇက် အပါအဝင် အဓိကကစားသမားတချို့ ဒဏ်ရာပြဿနာရှိနေတယ်။ ဒါပေမဲ့ ဒီဖလားပြိုင်ပွဲမှာ လိုင်ယွန်ကို ဒုက္ခပေးနိုင်တဲ့ ပြိုင်ဘက်အသင်း သိပ်မကျန်တော့တာကြောင့် လိုင်ယွန် ပိုပြီးအားထည့် ကစားနိုင်တယ်။ ဂရီနိုဘယ်ကတော့ လီဂူး-၂မှာတောင် ရလဒ်တွေ ကျဆင်းလာတယ်။ လိုင်ယွန်ပဲကြိုက်တယ်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular