◘ နာပိုလီ – အမ်ပိုလီ (မြန်မာစံတော်ချိန် နိုဝင်ဘာလ ၉ ရက် ဝဝးဝ၀ နာရီ)
နာပိုလီက စိတ်ဓာတ်ပိုင်းနဲ့ ခြေစွမ်းပိုင်းနှစ်ရပ်စလုံး အကောင်းဆုံးပုံစံကို ရောက်နေပြီး စီးရီးအေဘယ်လိုပြိုင်ဘက်မျိုးကိုမဆို ဖြိုလှဲနိုင်တဲ့ပုံစံကို ပြနေတယ်။ အိုဆင်မန်က နာပိုလီရဲ့ ဂိုးသွင်းစက်ဖြစ်လာပြီး ဂျော်ဂျီယာကြယ်ပွင့်တောင်ပံတိုက်စစ်ကစားသမား ခွာရတ်စကယ်လီယာရဲ့ ခြေစွမ်းကလည်း အရမ်းကောင်းတယ်။ ဇီလင်စကီး၊ ဇမ်ဘိုတို့ရဲ့ကွင်းလယ်ကလည်း မာကျောသလို၊ စပါးက အငှားနဲ့ ခေါ်ယူခဲ့တဲ့ အန်ဒွန်ဘီလီကလည်း အားကိုးရသူပါ။ အမ်ပိုလီက ပြီးခဲ့တဲ့ရာသီအတွင်း (၂)ကြိမ်စလုံး နာပိုလီအသင်းကို အနိုင်ရခဲ့တယ်။ ဒါပေမဲ့ ဒီနှစ်တော့ နေပယ်တိုက်ပွဲက သူတို့အတွက် လွယ်ကူမှာ မဟုတ်ဘူး။ ဒါ့အပြင် အမ်ပိုလီက ဒီရာသီ ထိပ်သီးတွေနဲ့ရင်ဆိုင်ရတဲ့ပွဲတွေဆို ပုံစံကောင်းပျောက်ဆုံးလေ့ရှိပြီး ရိုးမား၊ အေစီမီလန်၊ ဂျူဗင်တပ်စ်၊ အတ္တ လန်တာစတဲ့ အသင်းတွေကို အရှုံးပေးခဲ့ရတယ်။ ပြီးခဲ့တဲ့ရာသီရှုံးကြွေးအတွက် နာပိုလီအသင်း အိမ်ကွင်းမှာ လက်စားပြန်ချေမယ့် ပွဲဖြစ်ပြီး (၃-၀)ဂိုးလောက် ဖြစ်နိုင်တယ်။
◘ စပီဇီယာ – အူဒီးနီးစ် (မြန်မာစံတော်ချိန် နိုဝင်ဘာလ ၉ ရက် ဝဝးဝ၀ နာရီ)
စပီဇီယာက ရှုံးပွဲဆက်နေပေမဲ့ ကစားပုံမဆိုးဘူး။ အူဒီးနီးစ်ကတော့ ရာသီစကလို မဟုတ်တော့သလို၊ စီးရီးအေနောက်ဆုံး (၅)ပွဲဆက် နိုင်ပွဲပျောက်ထားတယ်။ တန်းဆင်းဇုန်က ရုန်းထွက်ဖို့ ကြိုးစားမယ့် စပီဇီယာ ရလဒ်ကောင်းဖို့များတယ်။
◘ ခရီမိုနီဆီ – အေစီမီလန် (မြန်မာစံတော်ချိန် နိုဝင်ဘာလ ၉ ရက် ၀၂း၁၅ နာရီ)
အေစီမီလန်တိုက်စစ်မှူး ဂျရူးက စပီဇီယာနဲ့ပွဲမှာ အနီကတ်ထိခဲ့လို့ အခုပွဲမှာ ပါဝင်နိုင်မှာမဟုတ်ဘူး။ ဒါပေမဲ့ တိုက်စစ်ကို အော်ရီဂီ ဦးဆောင်လာဖို့ရှိလို့ သိပ်ပြီးအားနည်းသွားဖို့တော့မရှိပါဘူး။ ခရီမိုနီဆီက စီးရီးအေနိုင်ပွဲ လုံးဝမရသေးသလို၊ အားနည်း ချက်တွေလည်း များပါတယ်။ ဒါ့အပြင် ထိပ်သီးတွေနဲ့ရင်ဆိုင်တဲ့ ပွဲတွေဆိုရင် ခံစစ်က ပိုပြီးဆိုးရွားသွားတတ်တယ်။ အေစီမီလန်အသင်း နိုင်ပွဲဆက်ဦးမှာပါ။