spot_img

‘ တစက်မှ သုံးစားမရဘူး ‘ လို့ ချဲလ်ဆီး စတား တဦးကို ဝေဖန်ရင်း ၊ ကစားကွက် ပြောင်းဖို့ ပိုချက်တီနိုထံ အကြံပြုလိုက်တဲ့ အဘွန်လဟော

နိုင်ငံတကာ ပွဲကာလ မတိုင်ခင် ချဲလ်ဆီး အသင်းဟာ ယခုနှစ် ဘောလုံးရာသီ ပရီးမီးယားလိဂ် အဖွင့် ၄ပွဲ ကစားပြီးချိန် ၊ တပွဲသာ အနိုင်ရထားကာ ၊ တပွဲသရေနဲ့ ၂ပွဲ ရှုံးထားပြီး ၊ အိမ်ကွင်းရော ၊ အဝေးကွင်းမှာပါ စောစောစီးစီး ရှုံးပွဲတွေ့သွားပြီ ဖြစ်ပါတယ်။

ရာသီကြို ကာလ အတွင်း ပန်းခင်းလမ်း လျှောက်ခဲ့ကာ ၊ ရှုံးပွဲမရှိပေမယ့် ဘောလုံးရာသီ ပြန်စတဲ့အခါ ၂ပွဲ ရှုံးနှင့်သွားတာကြောင့် နည်းပြသစ် မော်ရစ်စီယို ပိုချက်တီနို အဖို့ အနည်းနဲ့ အများ ခေါင်းနပန်း ကြီးသွားစေပြီ ဖြစ်ပါတယ် ။

myan789

အမေရိကန် ခရီးစဉ်မှာ သုံးခဲ့တဲ့ နည်းစနစ်ကို ပရီးမီးယားလိဂ်မှာ တိုက်ရိုက် အသုံးမချခဲ့တဲ့ အချက်ကလည်း ချဲလ်ဆီးတို့ စောစောစီးစီး ရုန်းကန်နေရခြင်းရဲ့ အဓိက အကြောင်းအရင်း တရပ် ဖြစ်ပါတယ် ။ ဒါ့အပြင် တိုက်စစ်က အဆုံးသတ် မသေချာမှု ၊ အချိတ်အဆက် အားနည်းနေမှုတွေကလည်း လိုအပ်တဲ့ သွင်းဂိုး အရေအတွက် ရရှိဖို့ အခက်အခဲ ဖြစ်စေပါတယ် ။

အက်စတွန်ဗီလာ ဂန္တဝင် တိုက်စစ်မှူးဟောင်း ဂတ်ဘီ အဘွန်လဟောကတော့ အခုထက်ထိ ပရီးမီးယားလိဂ်မှာ ဂိုးမသွင်းနိုင်သေးသလို ဖောရက်စ်နဲ့ ပွဲမှာ အခွင့်အရေး ၂ကြိမ် ဖြုန်းတီးခဲ့တဲ့ မစ်ခ်ဟိုင်းလို မူဒရစ်ကို ပြင်းပြင်းထန်ထန် ဝေဖန်ရင်း ၊ ပိုချက်တီနိုကိုလည်း ကစားကွက် ပြန်ပြောင်းဖို့ တိုက်တွန်းသွားပါတယ် ။

Talksport နဲ့ တွေ့ဆုံခဲ့ရာမှာ အဘွန်လဟော က ” ချဲလ်ဆီးနဲ့ ပတ်သက်ပြီး ကျွန်တော် နားမလည်နိုင်တာက သူတို့ဟာ ၂၁ခါတောင် ကန်ခဲ့ပြီး ၊ ဘယ်နှခါပဲ ဂိုးပေါက်တည့်ခဲ့တာလဲ ။ ၂ကြိမ်လား ။ သူတို့ဟာ ဂိုးသွင်းဖို့ နေရာယူပုံတွေ ကောင်းပေမယ့် ၊ အဆုံးသတ်နိုင်တဲ့ အရည်အချင်းတွေ မရှိနေပါဘူး ။ ဒါက သူတို့ရဲ့ လတ်တလော ထုံးစံလို ဖြစ်နေပါပြီ ။ ”

” ခင်ဗျားတို့ ဆိုရှယ်မီဒီယာပေါ် ကြည့်လိုက်လို့ရှိရင် ချဲလ်ဆီးဟာ ကစားသမားသစ်တွေ တယောက်ပြီး တယောက် ခေါ်နေပေမယ့် ၊ ရှုံးပွဲကတော့ ရှိနေဆဲပါ ။ သူတို့ဟာ ပေါင်တဘီလီယဲတောင် သုံးခဲ့ပါတယ် ။ ဘာလို့ ချဲလ်ဆီးဟာ အဲဒီက သန်း၂၅၀လောက် သုံးပြီး ၊ ဒိတ်ဒိတ်ကြဲ စတား တယောက်ကို ခေါ်ဖို့ မကြိုးစားခဲ့တာလဲ ? ”

” ပီအက်စ်ဂျီကိုသာ အမ်ဘတ်ပေ အတွက် အဲဒီ ငွေပမာဏမျိုးနဲ့ သွားပြီး ကမ်းလှမ်းခဲ့ရင် ၊ သူတို့ ငြင်းနိုင်ခဲ့မှာ မဟုတ်ပါဘူး ။ ဟယ်ရီကိန်းကိုပါ ခေါ်လိုက်ပါဦး ။ ‘ ဒန်နီရယ် လီဗီရေ ၊ ရော့ ခင်ဗျား လိုချင်တဲ့ ငွေတွေ ‘ ဆိုပြီး ကိန်းအတွက် ပေါင်သန်း ၁၅၀နဲ့ ခေါ်လိုက်ရင် ခင်ဗျားဟာ စူပါစတား ၂ယောက် ရလိုက်မှာပါ ။ ”

” အဲဒီအစား သူတို့ဟာ သာမန်အဆင့် ကစားသမား တအုပ်ကို လျှောက်ခေါ်ခဲ့ပါတယ် ။ မူဒရစ်ဟာ ( နော်တင်ဟမ်နဲ့ပွဲမှာ ) လူစားဝင်လာခဲ့ပြီး ၊ သွင်းဂိုး ၂ဂိုး ရမယ့် အခွင့်အရေးကို ဖြုန်းတီးပစ်ခဲ့ပါတယ် ။ သူဟာ တစက်မှ သုံးစားမရပါဘူး ။ သူဟာ ၁၉ပွဲ ကစားထားပြီး ၊ တဂိုးမှ မသွင်းနိုင်သေးပါဘူး ။ ”

” နောက်ပြီး ချဲလ်ဆီးမှာ ဘာကစားပုံစတိုင်လ်မှ မရှိနေပါဘူး ။ သူတို့ဟာ ၅ယောက်တန်းခံစစ် ဒါမှမဟုတ် ခံစစ်မှူး ၃ယောက် ပါဝင်ခဲ့တဲ့ ကစားပုံကို အသုံးပြုခဲ့ပါတယ် ။ ကိုင်စီဒိုဟာ အမှား ၂ခါ လုပ်ခဲ့ပါတယ် ။ သူတို့ဟာ ဒီရာသီ ပြန်စတဲ့အခါမှာ ကစားကွက် ပြောင်းပြီး သုံးနေပါတယ် ။ ဘာလို့ ၄ယောက်တန်းခံစစ်နဲ့ မဆော့တာလဲ ? ”

” နော်တင်ဟမ်ဖောရက်စ်ကို မလေးစားတာ မဟုတ်ပေမယ့် ၊ ခင်ဗျားဟာ ဒီလို အသင်းနဲ့ ရင်ဆိုင်ရတဲ့အခါ ၄ယောက်တန်းခံစစ် ကစားကွက်မျိုးနဲ့ပဲ ချဉ်းကပ်သင့်ပါတယ် ။ ဟုတ်ပါတယ် ။ ပိုချက်တီနိုဟာ အစောပိုင်းမှာ အချိန်တော့ ရမှာပဲ ဆိုပြီး တွေးကောင်းတွေးနိုင်ပေမယ့် ၊ အခုလို ရှုံးပွဲတွေ များနေမယ်ဆိုရင် ချဲလ်ဆီး ပရိသတ်တွေ သူ့ကို အချိန်ပေးပါ့မလား ဆိုတာ စောင့်ကြည့်ချင်စရာပါ ။ ” လို့ ပြောကြားခဲ့ပါတယ် ။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular