spot_img

တန်းသုံးလို့ရမယ့် စတား ၂ဦးကို မခေါ်ယူခဲ့ခြင်း အတွက် ချဲလ်ဆီး အပေါ် အပြစ်တင် ဝေဖန်သွားတဲ့ ဖရန့် လီဘို့ဖ်

ချဲလ်ဆီး အသင်းဟာ ပြီးခဲ့တဲ့ တနင်္ဂနွေက ကစားခဲ့တဲ့ ဝက်စ်ဟမ်း အသင်းနဲ့ လန်ဒန်ဒါဘီပွဲမှာတင် ယခုနှစ် ဘောလုံးရာသီရဲ့ အရှုံးရလဒ်ကို စောစောစီးစီး ခံစားသိခဲ့ရပါတယ် ။ ဒီပွဲမှာ ဗြိတိန်စံချိန်တင် ပြောင်းရွှေ့လာတဲ့ မွိုက်ဆက်စ် ကိုင်စီဒို တယောက် လူစားဝင် ကစားခဲ့ရပေမယ့် ၊ နာကျင်အချိန်ပိုမှာ ပေးခဲ့တဲ့ ပင်နယ်တီနဲ့ အတူ debut အဖွင့်ဆိုးခဲ့ပါတယ် ။

တောင်ပံက ရာဟင်း စတာလင် တဦးတည်းကသာ လွဲပြီး အခြားသော ချဲလ်ဆီး ကစားသမား အများအပြား ထိုပွဲရဲ့ ဒုတိယပိုင်းမှာ ခြေစွမ်းပေါ်လွင်ခဲ့ခြင်း မရှိပါဘူး ။ ပွဲစဉ် ၂သာ ရှိသေးချိန် အခုလို စိတ်ပျက်ဖွယ် အရှုံးရလဒ်နဲ့ ရင်ဆိုင်ခဲ့ရတာက ပိုချက်တီနိုနဲ့ ချဲလ်ဆီးကို သတိပေး ခေါင်းလောင်းသံ စောစောစီးစီး မြည်သွားစေပါတယ် ။

myan789

ချဲလ်ဆီး နောက်ခံလူဟောင်း ဖရန့် လီဘို့ဖ်ကတော့ အလားအလာကောင်း ရှိပေမယ့် အတွေ့အကြုံ နည်းပါးတဲ့ လူငယ်တွေနဲ့ တည်ဆောက်ဖို့ ကြိုးစားနေတဲ့ တော့ဒ်ဘိုလီနဲ့ ချဲလ်ဆီး ပိုင်ရှင်တွေရဲ့ လုပ်ရပ် အပေါ် ဝေဖန်ရင်း ၊ လူငယ်တွေကို စျေးကြီးပေး ခေါ်မယ့် အစား ၊ ဂျိမ်းစ်ဝက်ပရောက်စ်နဲ့ မီထရိုဗစ်တို့လို နိုင်ငံလက်ရွေးစင်အဆင့် အတွေ့အကြုံရှိ ကစားသမားတွေကို ခေါ်ယူသင့်ကြောင်း အခုလိုပဲ တိုက်တွန်းသွားပါတယ် ။

ESPN ရုပ်သံဌာနနဲ့ တွေ့ဆုံခဲ့ရာမှာ လီဘို့ဖ် က ” ပြီးခဲ့တဲ့ အပတ်က ကျွန်တော်တို့ စိတ်ကြီးဝင်သွားခဲ့ပါတယ် ။ ဘာလို့လဲဆိုတော့ တခုခုတော့ အပြောင်းအလဲ ဖြစ်နေပြီလို့ ကျွန်တော်တို့ ယူဆခဲ့မိလို့ပါ ။ ( ဝက်စ်ဟမ်းနဲ့ပွဲက ) ပြာယာခတ်နေခဲ့ခြင်းဟာ အရင်က ကျွန်တော်တို့ သိခဲ့တဲ့ အသင်းဆီ ပြန်ရောက်လာပြီ ဆိုတာ ပြသခဲ့ပါတယ် ။ ”

” တချို့သော ကစားသမားတွေဟာ တရက်လောက် ကောင်းကြပြီး ၊ နောက်ရက်ကျတော့ မကောင်းတော့ပြန်ပါဘူး ။ ကျွန်တော်တို့ မြင်ခဲ့ရတဲ့ တခုတည်းသော အပေါင်းလက္ခဏာ ဆောင်တဲ့ အရာက ရာဟင်း စတာလင်ပါ ။ ကျွန်တော်တို့ သိကျွမ်းခဲ့ဖူးတဲ့ ကစားသမားကို ပြန်မြင်ခဲ့ရပါတယ် ။ ”

” ကျန်တဲ့ အသင်းသားတွေကတော့ တိုက်စစ်ပိုင်းအရ လုံးဝနီးနီး ဖန်တီးမှု မရှိပါဘူး ။ ခံစစ်ပိုင်း အရလည်း အမှားများစွာ ကျူးလွန်နေဆဲပါပဲ ။ မွိုက်ဆက်စ် ကိုင်စီဒို အကြောင်းတော့ ကျွန်တော် ဘာမှ မပြောတော့ပါဘူး ။ သူတို့ဟာ အသင်းမှာ အထိုင်ကျဖို့ လိုပါတယ် ။ ”

” တချို့ ကစားသမားတွေကတော့ နိုးထဖို့ လိုနေပါပြီ ။ အများစုဟာ တည်ငြိမ်ကောင်းမွန်တဲ့ စွမ်းဆောင်ရည်မျိုး တသမတ်တည်း ပြသရပါတော့မယ် ။ ဒီရလဒ်က ကျွန်တော့ကို ဘယ်လိုနည်းနဲ့မှ မအံ့သြစေခဲ့ပါဘူး ။ ချဲလ်ဆီးဟာ လူငယ် ကစားသမားတွေကို နှစ်ရှည် စာချုပ်တွေနဲ့ ခေါ်ယူထားပြီး ဒါဟာ အနာဂတ် အတွက်တော့ ကောင်းပါလိမ့်မယ် ။ ”

” ကျွန်တော် အမြဲတမ်း ဒီစကား ပြောလာသလို ၊ ခုလည်း ထပ်ပြောပါမယ် ။ ချဲလ်ဆီးဟာ အနာဂတ် အတွက် တည်ဆောက်ရမယ့် ကလပ် တသင်း မဟုတ်ပါဘူး ။ ဒါဟာ ပစ္စုပ္ပန် အောင်မြင်မှု ယူရမယ့် အသင်း ဖြစ်ပါတယ် ။ လက်ရှိ ပစ္စုပ္ပန်မှာ သူတို့ဟာ အဆင်သင့် မဖြစ်သေးပါဘူး ။ ”

” ဂျိမ်းစ်ဝက်ပရောက်စ် ၊ အလက်ဆန်ဒါ မီထရိုဗစ်တို့လို ကစားသမားမျိုးတွေ ဘာလို့ ချဲလ်ဆီး မခေါ်ခဲ့တာလဲ ? ကျွန်တော် မသိပါဘူး ။ သူတို့ဟာ ဒိတ်ဒိတ်ကြဲ ကစားသမားတွေ မဟုတ်ပေမယ့် ၊ သူတို့ဟာ ပေါင်သန်း ၁၀၀ ပေးခေါ်စရာ မလိုတဲ့ ကစားသမားတွေ ဖြစ်သလို ၊ ဒီလိဂ် အကြောင်း သိပြီးသားဖြစ်လို့ သူတို့ဟာ ခင်ဗျားရဲ့ အသင်းမှာ တန်းသုံးလို့ရမယ့်သူတွေ ဖြစ်ပါတယ် ။ ”

” ဂျိမ်းစ်ဝက်ပရောက်စ် ဝက်စ်ဟမ်းကို ရောက်သွားတာ မြင်လိုက်ရတော့ ကျွန်တော်ဖြင့် ‘ အိုးမိုင်ဂေါ့ ၊ ချဲလ်ဆီးက ဘာလို့ သူ့ကို ဝယ်ဖို့ မစဉ်းစားခဲ့တာလဲ ? ‘ လို့ တွေးခဲ့မိပါတယ် ။ သူဟာ ချဲလ်ဆီး အတွက် ပြီးပြည်စုံစေခဲ့မှာပါ ။ ဒါကို သူ ပြသခဲ့ပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular