spot_img

တိုက်စစ်မှူးသစ်ခေါ်ယူရန်ကြိုးပမ်းမှု တိုးတက်မှုများရှိနေကြောင်း တန်ဟက်ဂ် အတည်ပြုခဲ့သော်လည်း ဟွိုင်လန်းအတွက် ပေါင် သန်း ၆၀ ထက်ပိုပေးရန် မန်ယူ ဆန္ဒမရှိ

မန်ယူအသင်းနည်းပြ တန်ဟက်ဂ်က တိုက်စစ်မှူးသစ်တစ်ဦး ခေါ်ယူသွားရန် ကြိုးပမ်းမှုများ တိုးတက်မှုများ ရှိလာနေကြောင်း ပြောကြားခဲ့သည်။

မန်ယူအသင်းသည် ယခုနွေရာသီအပြောင်းအရွှေ့ကာလအတွင်း ချယ်လ်ဆီးအသင်းမှ အင်္ဂလန်ကွင်းလယ်ကစားသမား မေဆန်မောင့်နှင့် အေဂျက်စ်အသင်းမှ ကင်မရွန်း ဂိုးသမား အိုနာနာတို့ကို ခေါ်ယူပြီးနောက် တတိယမြောက်ကစားသမားသစ်ကို အမြန် ဆုံး ခေါ်ယူနိုင်ရန် ပစ်မှတ်ထားနေခြင်းလည်း ဖြစ်သည်။ 

myan789

နည်းပြ တန်ဟက်ဂ်က နွေရာသီကာလတွင် ကစားသမားသစ်များ အသင်း၌မြန်မြန်အခြေကျစေရန်အတွက် အမြန်ဆုံးခေါ်ယူနိုင်ရန် အရေးကြီးကြောင်း ဝန်ခံခဲ့သည်။ “တိုးတက်မှုတွေ ကျွန်တော်တို့ ရရှိထားပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ ဒီအတွက် ဘယ်လိုအလုပ်လုပ်ရမလဲဆိုတာ သိပါတယ်။ သူ့ကို ခေါ်ယူနိုင်ချိန်မှာ ကျွန်တော်ကိုယ်တိုင်ပဲ တိုက်ရိုက်ပြောပါလိမ့်မယ်။ ကျွန်တော် ပြောနိုင်တဲ့ တစ်ခုတည်းသောအကြောင်းအရာက အသင်းကို အတောင့်တင်းဆုံးဖြစ်စေဖို့ အရာအားလုံး လုပ်ဆောင်နေတယ်ဆိုတာပါပဲ။ အပြောင်းအရွှေ့က မြန်မြန်ဖြစ်လာတာက ပိုကောင်းပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူ့ကို ကျွန်တော်တို့က အသင်းမှာ တပေါင်းတစည်းတည်းဖြစ်ဖို့နဲ့ ကျွန်တော်တို့ကစားတဲ့ ပုံစံအတိုင်း အံဝင်ခွင်ကျဖြစ်စေဖို့ လုပ်ဆောင် ပေးရဦးမှာဖြစ်ပါတယ်။ စံပြဖြစ်တဲ့အခြေအနေတစ်ခုကို ကျွန်တော်တို့ ရောက်ရှိခဲ့ပြီးသားပါ။ ဒါပေမဲ့ မန်နေဂျာတစ်ယောက်အနေနဲ့ ဒီလိုအခြေအနေမျိုး အမြဲတမ်းမရပါဘူး။ ပြီးတော့ ဒီအခြေအနေနဲ့ လိုက်လျောညီထွေဖြစ်အောင် လုပ်ဆောင်ဖို့လိုပါတယ်”ဟု တန်ဟက်ဂ်က ပြောကြားခဲ့သည်။ 

မန်ယူအသင်းသည် အတ္တလန်တာအသင်းမှ ဒိန်းမတ်လူငယ်ကြယ်ပွင့် ဟွိုင်လန်းကို ခေါ်ယူနိုင်ရန် နီးစပ်နေပြီဖြစ်သော်လည်း ပြောင်းရွှေ့ကြေး ပေါင် သန်း ၆၀ ထက်ပိုပြီး ပေးချေလိုခြင်းမရှိကြောင်း သိရသည်။ အတ္တလန်တာအသင်းသည် ပြောင်းရွှေ့ကြေးအ တွက် ပေါင် ၈၆ သန်း(ယူရို သန်း ၁၀၀)အထိ အလိုရှိနေကြောင်း သတင်းများက ဖော်ပြလျက်ရှိသည်။ 

ဟွိုင်လန်းသည် ပြီးခဲ့သည့်ရာသီက စတမ်းဂရက်ဇ်မှ အတ္တလန်တာသို့ ပြောင်းရွှေ့စဉ် ပေါင် ၁၅ သန်းသာ ပေးချေခဲ့ရပြီး စီးရီးအေပြိုင်ပွဲတွင် ပြီးခဲ့သည့်ရာသီအတွင်း အသင်းအတွက် ကိုးဂိုးသွင်းယူပေးထားကြောင်း သိရသည်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular