ဒက်ကလန်ရိုက်စ် ကို ခေါ်ယူချင်တဲ့ အသင်းတွေထဲမှာ အာဆင်နယ် အသင်း အပြင် မန်စီးတီး ၊ မန်ယူနိုက်တက် အသင်း တို့ပါ ပါဝင် လာခဲ့ပြီ ဖြစ်ပြီး ဘယ်အသင်းကို ရောက်သွားမလဲ ဆိုတာက သိပ်ကို စိတ်ဝင်စားဖို့ ကောင်းနေပါတယ် ။ လောလောဆယ်မှာ မန်စီးတီး အသင်းဟာ ရိုက်စ် အတွက် အဖွင့် ကမ်းလှမ်းမှု လုပ်ဖို့ စီစဉ် နေပြီး အာဆင်နယ်ကလည်း တတိယအကြိမ် ကမ်းလှမ်းမှု အတွက် ပြင်ဆင်နေပါတယ် ။
ရိုက်စ် ကတော့ ဘယ် အသင်းကိုမဆို ပြောင်းရွှေ့ကစားဖို့ အဆင်ပြေကြောင်း လမ်းဖွင့် ပေးထားပြီး ဝက်စ်ဟမ်း အသင်း လက်ခံနိုင်တဲ့ ပမာဏ ကို ကမ်းလှမ်းနိုင်တဲ့ အသင်းဆီကိုပဲ ရောက်သွားဖို့ များနေပါတယ် ။ ဆမ်အလာဒိုက်စ် ကြီးကတော့ ရိုက်စ် တစ်ယောက် မန်စီးတီး အသင်းကို ရောက်သွားဖို့ များကြောင်း No Tippy Tappy Football Podcast မှာ ပြောကြား သွားခဲ့ပါတယ် ။
” ရိုက်စ် ဘယ်အသင်းကို ရောက်မလဲ ဟုတ်လား ၊ မန်စီးတီး ပေါ့ဗျာ ၊ ပြိုင်ဘက် အသင်းတွေက တခြား ကစားသမားတွေကိုပဲ ခေါ်ဖို့ ကြိုးစားကြပါလိမ့်မယ် ၊ ကျနော် မိုယက်စ် အကြောင်း သိပါတယ် ၊ ရိုက်စ် ရဲ့ အပြောင်းအရွှေ့မှာ ကစားသမား တစ်ဦး အလိုက်ပေး ထည့်ပေးဖို့ လိုပါလိမ့်မယ် ။ ”

” ကစားသမား တစ်ဦးသာ အလိုက်ပေး ကမ်းလှမ်းမယ်ဆိုရင် ရိုက်စ် ကို ခေါ်ချင်တဲ့ အသင်းအတွက် ခေါ်ဖို့ ပိုလွယ်ကူပါလိမ့်မယ် ၊ ဆူလဗန် တောင်းတဲ့ဈေးလည်း ပေးစရာ မလိုတော့ဘူးပေါ့ဗျာ ၊ ဒီတိုင်း ငွေသားချည်းပဲဆို ပေါင် သန်း ၁၀၀ ကျော် အထက် ပေးရမှာပါ ၊ ကစားသမား အလိုက်ပေး ကမ်းလှမ်းမယ်ဆို သန်း ၁၀၀ အောက်နဲ့ ရပါလိမ့်မယ် ၊ ဒေးဗစ်လည်း သူလိုအပ်တဲ့ ကစားသမားသစ် ရတာပေါ့ဗျာ ။ ”
ဝက်စ်ဟမ်း ကွင်းလယ်လူဟောင်း ရီယိုကွတ်ကာ ကလည်း ” ရိုက်စ် ဘယ်ကို သွားမလဲ ဆိုတာက စိတ်ဝင်စားစရာပါ ၊ ဒီနှစ် ဈေးကွက်က ကွင်းလယ်လူတွေရဲ့ နှစ်ဆိုလည်း မှန်ပါတယ် ၊ ကျနော့်အထင် ရိုက်စ် က အာဆင်နယ် ကို သွားချင်ပေမယ့် ဝက်စ်ဟမ်း အသင်းကြောင့် လွယ်ကူမှာတော့ မဟုတ်ပါဘူး ။ ”

” မန်စီးတီးကလည်း ဂွန်ဒိုဂန် နှင့် ဆေးလ်ဗား တို့ ထွက်ခွာဖွယ် ရှိနေတာကြောင့် ရိုက်စ်ကို အမှန်တကယ် စိတ်ဝင်စား နေပါတယ် ။ အရိုးသားဆုံး ပြောရရင် သူ မန်စီးတီးကိုပဲ သွားလိမ့်မယ်လို့ ကျနော် ထင်ပါတယ် ၊ ဒါ ကျနော့် အမြင်သက်သက်ပါပဲ ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။