spot_img

ဒန်နီအိုလ်မိုရဲ့ အခြေအနေကို စောင့်ကြည့်နေကြတဲ့ ပီအက်စ်ဂျီ၊ အာဆင်နယ်နှင့် မန်စီးတီး

ကစားသမားရဲ့စာရင်းသွင်းမှုနှင့်ပတ်သက်ပြီး မသေချာမှုများရှိနေတာကြောင့် ပီအက်စ်ဂျီဟာ ဘာစီလိုနာတိုက်စစ်မှူးကို ဆက်သွယ်လာတဲ့ နောက်ဆုံးအသင်းလည်းဖြစ်ပါတယ်။


ယခုလတွင် အာဆင်နယ်၊ မန်စီးတီးတို့နှင့်ဆက်သွယ်မှုများရှိခဲ့ပြီးနောက် ပီအက်စ်ဂျီဟာလည်း ဘာစီလိုနာရှိ ကစားသမားရဲ့အနေအထားကို စောင့်ကြည့်နေပါတယ်လို့ SPORT က ဖော်ပြထားပါတယ်။ ကတ္တလန်ရှိအခြေအနေများ အဆင်မပြေမှုရှိခဲ့ပါက ပြင်သစ်အသင်းကြီးဟာ ကစားသမားကိုခေါ်ယူသွားမျာဖြစ်ပြီး အိုလ်မိုဟာ စပိန်လက်ရွေးစင်အသင်းမှာရှိစဉ် အင်းနရစ်နှင့် ရင်းနှီးခဲ့တာလည်းဖြစ်ပါတယ်။

myan789


ဘာစီလိုနာရဲ့ဘဏ္ဍာရေးအနေထားကြောင့် အိုလ်မိုရဲ့အနာဂတ်က မသေချာမှုများရှိနေတာဖြစ်ပါတယ်။ ယူရို ၂၀၂၄ ဆုရှင်ဟာ ပြီးခဲ့တဲ့နွေရာသီတုန်းက လိုက်ပ်ဇစ်ကနေ ယူရိုသန်း ၆၀ (ပေါင်သန်း ၅၀၊ ဒေါ်လာ ၆၃ သန်း) ဖြင့်ရောက်လာသော်လည်း လာလီဂါရဲ့လစာစည်းမျဉ်းများကြောင့် အခုချိန်အထိ စာရင်းမသွင်းနိုင်သေးကာ ဒဏ်ရာရရှိနေတဲ့ ခရစ္စတီယန်ဆန်ရဲ့ လစာကိုလည်း အသင်းက လျော့ချနိုင်နေတာလည်းဖြစ်ပါတယ်။ ဒိန်းမတ်နိုင်ငံသားဟာ ကြံ့ခိုင်မှုပြည့်ဝလာပါက ဘာစီလိုနာဟာ အသင်းရဲ့ ဘဏ္ဍာရေးကို မြှင့်တင်နိုင်အောင်လုပ်ရမှာဖြစ်ပါတယ်။ ဥပဒေရေးရာ စိန်ခေါ်မှုများရှိနေတာကြောင့် အိုလ်မိုအတွက် စာရင်းသွင်းမှုကို မလုပ်နိုင်သေးကာ ကစားသမားဟာ အသင်းကနေ အလွတ်ပြောင်းရွှေ့ကြေးဖြင့် ထွက်ခွာသွားနိုင်နေတာဖြစ်ပါတယ်။


လာလီဂါရဲ့အသုံးစရိတ်စည်းမျဉ်းကြောင့် ဘာစီလိုနာဟာ ဘဏ္ဍာရေးအရ ထိခိုက်မှုများရှိနေပြီး အသင်းအတွက် ရင်းနှီးမှုအသစ်ပြုလုပ်ဖို့ကိုသာ ခွင့်ပြုထားခြင်းရှိနေတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ လများအတွင်း ပုံမှန်အတိုင်းပြန်ဖြစ်မယ်လို့ ကောလာဟလများထွက်နေသော်လည်း မလုပ်နိုင်သေးတာဖြစ်ပါတယ်။ ကန့်သတ်ချက်များရှိနေတာကြောင့် ဂန်ဒိုဂန်ကိုလည်း အလွတ်ဖြင့် လက်လွှတ်ခဲ့ရကာ ပြီးခဲ့တဲ့နွေရာသီတုန်းကလည်း နီကိုဝီလျံနားသို့ မချဉ်းကပ်နိုင်ခဲ့တာဖြစ်ပါတယ်။
အလွတ်ဖြင့် မဆုံးရှုံးဖို့အတွက် အရမ်းနောက်မကျမီ ဘာစီလိုနာဟာ အိုလ်မိုကို စာရင်းသွင်းနိုင်ဖို့ ငွေကြေးရှာဖွေရမှာဖြစ်ပါတယ်။ ရွေးချယ်မှုတစ်ခုကတော့ အခြားကစားသမားတစ်ဦးကို ရောင်းချခြင်းဖြစ်ပြီး ခရစ္စတီယန်ဆန်က အဲ့ဒီမှာပါဝင်နေကာ ဇန်နဝါရီမှာ ထွက်ခွာဖို့ရှိနေပြီး နယူးကာဆယ်က ခေါ်ယူဖွယ်ရှိနေပါတယ်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular