spot_img

ပရီးမီးယားလိဂ်ပွဲစဉ် (၂၅) ပွဲကြိုသုံးသပ်ချက်

မန်ယူ – ဆောက်သမ်တန် (မြန်မာစံတော်ချိန် ဖေဖော်ဝါရီ ၁၂ ရက် ည ၇:၀၀ နာရီ)
မန်ယူအသင်းက ဘန်လေနဲ့ပွဲမှာ ဘောလုံးပိုင်ဆိုင်ခွင့် (၆၅)ရာခိုင်နှုန်း၊ ဂိုးကန်သွင်းခွင့် (၂၂)ကြိမ်ရခဲ့ပေမဲ့ ဂိုးပေါက်တည့်ကန်ချက် (၅)ကြိမ်သာရှိခဲ့တယ်။ ဒါကြောင့် ခြေအသာ၊ ဂိုးကန်သွင်းခွင့် အသာရပါလျက်နဲ့ တစ်ဂိုးသာသွင်းနိုင်ခဲ့ပြီး သရေကျခဲ့တယ်။ ပေါ့ဘာက တစ်လုံးတည်းသောဂိုးကို သွင်းပေးခဲ့ပြီး ပထမပိုင်းမှာ ခြေစွမ်းပြခဲ့တယ်။ ဒါပေမဲ့ ဒုတိယပိုင်းခြေစွမ်းကတော့ အားရစရာမရှိဘူး။ နောက်ဆုံးကစားခဲ့တဲ့ (၅)ပွဲမှာ သွင်းဂိုး (၇)ဂိုးသာရခဲ့ပြီး ပေးဂိုးကလည်း (၅)ဂိုးရှိခဲ့တယ်။ ဆောက်သမ်တန်က နောက်ဆုံးကစားခဲ့တဲ့ (၅)ပွဲမှာ မန်ယူထက်တောင် တိုက်စစ်ကောင်းပြီး (၁၂)ဂိုးရခဲ့တယ်။ ဂိုးမသွင်းနိုင်တဲ့ပွဲ မရှိခဲ့ဘူး။ ဒါပေမဲ့ ခံစစ်ကတော့ (၆)ဂိုးတောင် ပေးခဲ့ရတယ်။ မန်ယူက အမှားတွေများပြီး ချန်ပီယံလိဂ်ဝင်ခွင့်အတွက် ခက်ခဲလာချိန်၊ ရာသီနှောင်းပိုင်းပွဲတွေကလည်း ပွဲကျပ်ဦးမှာဖြစ်လို့ အခုပွဲမှာ အနိုင်ရဖို့များပေမဲ့ မထင်မှတ်ဘဲ သရေလည်းကျသွားနိုင်ပါတယ်။

ဘရန်ဖို့ဒ် – ခရစ္စတယ်ပဲလေ့စ် (မြန်မာစံတော်ချိန် ဖေဖော်ဝါရီ ၁၂ ရက် ည ၉:၃၀ နာရီ)
ဘရန့်ဖို့ဒ်ရဲ့ လက်ရှိခြေစွမ်းက တော်တော်လေးစိတ်ပျက်စရာကောင်းတယ်။ အထူးသဖြင့် ခံစစ်ပိုင်းက ဂိုးတွေအများကြီးပေးနေရပြီး ဘယ်အသင်းရဲ့တိုက်စစ်ကိုမှ တောင့်မခံနိုင်ဘူးဖြစ်နေတယ်။ တိုက်စစ်အသားပေးကစားဟန်ကို ကစားနေလို့ ခံစစ်ပေါက်နေသလို၊ ကို်ယ့်တိုက်စစ်ကတော့ ဂိုးရနည်းနေပြန်တယ်။ ပဲလေ့စ်က မာကျောပြီး စုဖွဲ့ပုံကောင်း ပါတယ်။ ပဲလေ့စ်ကို ကြိုက်တယ်။

myan789

အဲဗာတန် – လိဒ်စ် (မြန်မာစံတော်ချိန် ဖေဖော်ဝါရီ ၁၂ ရက် ည ၉:၃၀ နာရီ)
လမ်းပတ်ရဲ့ ပရီးမီးယားလိဂ်အဖွင့်ပွဲစဉ်မှာ အဲဗာတန်က နယူးကာဆယ်ကို ဂိုးပြတ်ရှုံးသွားခဲ့တယ်။ ဒီပွဲကတော့ အိမ်ကွင်းပထမဆုံးပွဲဖြစ်ပြီး နိုင်ပွဲပြန်ယူဖို့ အသည်းအသန်ကြိုးစားပါလိမ့်မယ်။ လိဒ်စ်ကလည်း တိုက်စစ်ကောင်းသလောက် ခံစစ်ညံ့တဲ့အသင်းဖြစ်လို့ တိုက်စစ်အားသန်တဲ့ အဲဗာတန်အတွက် ဂိုးရဖို့ သိပ်ခက်ခဲမယ်မထင်ဘူး။ နိုင်ပွဲလည်း ရနိုင်ပါတယ်။ (၂-၁၊ ၃-၂) ရလဒ်တွေ ထွက်နိုင်တယ်။

ဝက်ဖို့ဒ် – ဘရိုက်တန် (မြန်မာစံတော်ချိန် ဖေဖော်ဝါရီ ၁၂ ရက် ည ၉:၃၀ နာရီ)
ဟော့ဒ်ဆန်ရဲ့ ဝက်ဖို့ဒ်ကလည်း ဝက်စ်ဟမ်းအသင်းနဲ့ပွဲမှာ အကြိ်တ်အနယ်ကစားပြီး ကပ်ရှုံးသွားခဲ့တယ်။ ရာသီအစက ခြေစွမ်းပြခဲ့တဲ့ တိုက်စစ်ပိုင်းကလည်း နောက်ဆုံး (၅)ပွဲ မှာ (၄)ပွဲဂိုးမရဘဲ တစ်ဂိုးပဲ သွင်းနိုင်ခဲ့တယ်။ ဘရိုက်တန်က အသင်းကြီးတွေကို ခံကစားတာ ကျွမ်းကျင်သလို၊ အသင်းငယ်တွေနဲ့ပွဲတွေမှာလည်း နိုင်ပွဲတွေ သိပ်မယူနိုင်ပြန်ဘူး။ ဒီပွဲက သရေကျဖို့ များတယ်။

နောဝစ်ချ် – မန်စီးတီး (မြန်မာစံတော်ချိန် ဖေဖော်ဝါရီ ၁၂ ရက် ည ၁၂:၀၀ နာရီ)
မန်စီးတီးအသင်းရဲ့ လက်ရှိတိုက်စစ်ကစားပုံ၊ ကွင်းလယ်ကစားပုံ၊ ခံစစ်ကစားပုံ အစစအရာရာမှာ အားကောင်းလွန်းနေပြီး ပရီးမီးယားလိဂ်က ဘယ်အသင်းမဆို ရုန်းကန်ရမယ့်ပုံစံဖြစ်တယ်။ နောဝစ်ချ် ခြေပြန်တက်လာတာမှန်ပေမဲ့ မန်စီးတီးဆီက အမှတ်ယူနိုင်ဖို့အတွက်ကတော့ မျှော်လင့်ဖို့ခက်ပါတယ်။ အဝေးကွင်းဆိုပေမဲ့ မန်စီးတီး နိုင်ပွဲဆက်လိမ့်မယ်။ ဂိုးလည်း ပြတ်သွားနိုင်တယ်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular