spot_img

ပရီးမီးယားလိဂ်ပွဲစဉ် (၃) ပွဲကြိုသုံးသပ်ချက်

ဘန်လေ – လိဒ်စ် (တနင်္ဂနွေည ရး၃၀ နာရီ)
ဘန်လေက ရာသီအဖွင့်ပွဲစဉ်တွေမှာ ရလဒ်တွေ ဆက်တိုက်ဆိုးနေပြီး ဒီပွဲမှာ ပထမ ဆုံးရမှတ်ယူဖို့ ကြိုးစားရမှာဖြစ်တယ်။ ဘန်လေက ပုံမှန်အားဖြင့် အိမ်ကွင်းမှာ အနိုင်ယူဖို့ ခက်ခဲတဲ့အသင်းမျိုးဖြစ်လို့ လိဒ်စ်အတွက်လည်း ခက်ခဲပါတယ်။ ဘန်လေရဲ့ခံစစ်နဲ့ လိဒ်စ် ရဲ့ တိုက်စစ်အားပြိုင်မှုက အကြိတ်အနယ်ရှိနိုင်ပြီး လိဒ်စ်ကတော့ နိုင်ပွဲအတွက် ပိုအားသာ နိုင်တယ်။ (၁-၁၊ ၁-၂)ရလဒ်တွေ ဖြစ်နိုင်ပါတယ်။

စပါး – ဝက်ဖို့ဒ် (တနင်္ဂနွေည ရး၃၀ နာရီ)
နူနိုနဲ့ စပါးတို့က (၃)ပွဲဆက် အနိုင်ရလဒ်အတွက် အစွမ်းကုန် ကြိုးစားလိမ့်မယ်။ အသင်းကြီးတွေအကုန်လုံးနီးပါး ပွဲကျပ်နေချိန်မှာ စပါးအတွက် ဒီနိုင်ပွဲက ဇယားထိပ်ကို တက်ဖို့ အခွင့်အရေးလည်းဖြစ်တယ်။ ဝုလ်ဗ်နဲ့ပွဲတုန်းက လူစားဝင်လာတဲ့ ဟာရီကိန်းကို ပွဲထွက်ကစားသမားအဖြစ် စမြင်ရဖို့များပြီး အားကောင်းနေတဲ့ ကွင်းလယ်နဲ့ စိတ်ပိုင်းဆိုင် ရာယုံကြည်မှုတွေက စပါးကို နိုင်ပွဲရစေလိမ့်မယ်။ (၃-၁)လောက်ဖြစ်မယ်။

myan789

ဝုလ်ဗ် – မန်ယူ (တနင်္ဂနွေည ၁၀း၀၀ နာရီ)
ဆောက်သမ်တန်နဲ့ပွဲမှာ (၂)မှတ်လျော့ခဲ့ပြီးတဲ့နောက် ဒီပွဲမှာ မန်ယူနဲ့ ဆိုးလ်ရှားတို့ နိုင်ပွဲပြန်ယူဖို့ ကြိုးစားလိမ့်မယ်။ ဝုလ်ဗ်အသင်းရဲ့ ဒီရာသီရလဒ်တွေကလည်း ကျဆင်းနေ တယ်။ ဒါပေမဲ့ ဝုလ်ဗ်ရဲ့ခြေစွမ်းနဲ့ ရလဒ်က ပြောင်းပြန်ဖြစ်ပြီး မန်ယူကို ဒုက္ခပေးနိုင်တဲ့ က စားကွက်၊ ကစားဟန်ရှိတာ တွေ့ရတယ်။ မန်ယူအတွက် ခက်ခဲဦးမယ့်ပွဲစဉ်ဖြစ်ပြီး ဝုလ်ဗ် ကွင်းမှာ နိုင်ဖို့ ခက်ပါလိမ့်မယ်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular