လီဗာပူးလ် – ဝက်ဖို့ဒ် (မြန်မာစံတော်ချိန် ဧပြီလ ၂ ရက် ည ၆:၀၀ နာရီ)
လီဗာပူးလ်က ဒီပွဲကို အနိုင်ကစားပြီး မန်စီးတီးခြေချော်ဖို့ကို မျှော်လင့်နေမှာဖြစ်တယ်။ ရာသီလက်ကျန်ပွဲစဉ်တွေအရဆိုရင် မန်စီးတီးအသင်းက လီဗာပူးလ်ထက် ပွဲပိုချောင်နေပြီး လီဗာပူးလ်က မတော်တဆခြေချော်နိုင်ခြေပိုများပါတယ်။ ဒါကြောင့် ဒီအချိန်မှာ နိုင်ပွဲရသင့်တဲ့ပွဲမှန်သမျှ အပြတ်အသတ်အနိုင်ယူထားဖို့လိုတယ်။ ဂိုးကွာခြားချက်ကလည်း စကားပြောလာနိုင်လို့ လီဗာပူးလ် ဂိုးပြတ်သွင်းဖို့ ကြိုးစားလိမ့်မယ်။
ဘရိုက်တန် – နောဝစ်ချ် (မြန်မာစံတော်ချိန် ဧပြီလ ၂ ရက် ည ၈:၃၀ နာရီ)
ဘရိုက်တန်အသင်းက ရှုံးပွဲဆက်နေသလို၊ နောဝစ်ချ်ကလည်း ရှုံးပွဲဆက်နေတဲ့အသင်းဖြစ်တယ်။ ရလဒ်မကောင်းတဲ့ အသင်းချင်းအတူတူ ဘရိုက်တန်ကတော့ အင်အားပိုတောင့်ပြီး ခြေစွမ်းပိုင်းလည်း ပိုကောင်းတဲ့အသင်းပါ။ နောက်ပိုင်းပွဲတွေမှာ ရလဒ်တွေ ဆက်တိုက်ဆိုးနေပေမဲ့ အခုအိမ်ကွင်းပွဲစဉ်မှာတော့ ဘရိုက်တန်အသင်း ရလဒ်ကောင်းယူနိုင်မယ်လို့ထင်တယ်။
ဘန်လေ – မန်စီးတီး (မြန်မာစံတော်ချိန် ဧပြီလ ၂ ရက် ည ၈:၃၀ နာရီ)
ဘန်လေအသင်းက လက်စတာ၊ ချယ်လ်ဆီးနဲ့ ဘရန့်ဖို့ဒ်တို့ကို (၃)ပွဲဆက်ရှုံးပြီး အရှိန်ပြန်ကျသွားတယ်။ မန်စီးတီးအသင်းကတော့ ပဲလေ့စ်ကို မထင်မှတ်ဘဲ သရေကျခဲ့ပေမဲ့ ပွဲတိုင်းလိုလို နိုင်ပွဲရသင့်တဲ့ ခြေစွမ်းမျိုးကို ပြသနိုင်ပါတယ်။ ခြေစွမ်းကျသွားတယ်။ ခြေပျက်သွားတယ်ဆိုတာမရှိဘူး။ ဒီပွဲလည်း ဘန်လေကွင်းမှာ ကစားရပေမဲ့ အမှားမခံတဲ့ အခြေအနေမှာ မန်စီးတီးပဲ နိုင်ပွဲအလွယ်တကူ ယူပါလိမ့်မယ်။
ချယ်လ်ဆီး – ဘရန့်ဖို့ဒ် (မြန်မာစံတော်ချိန် ဧပြီလ ၂ ရက် ည ၈:၃၀ နာရီ)
ပထမအကျော့တုန်းက ချယ်လ်ဆီးက ဘရန့်ဖို့ဒ်အသင်းကို ခက်ခက်ခဲခဲ အနိုင်ယူခဲ့ ရတယ်။ နောက်ဆုံးမိနစ်တွေမှာ ဘရန့်ဖို့ဒ်ကစားပုံက ကြောက်စရာတောင်ကောင်းတယ်။ ဒါပေမဲ့ အခုကစားရမှာက ချယ်လ်ဆီးအသင်းရဲ့ကွင်းဖြစ်နေတာ၊ ချယ်လ်ဆီးက အကောင်းဆုံးပုံစံရနေတာတွေကြောင့် ဘရန့်ဖို့ဒ်အသင်းအတွက် အခက်အခဲတွေရှိနိုင်ပါ တယ်။ ချယ်လ်ဆီး နိုင်ပွဲဆက်ဦးမှာပဲ။
လိဒ်စ် – ဆောက်သမ်တန် (မြန်မာစံတော်ချိန် ဧပြီလ ၂ ရက် ည ၈:၃၀ နာရီ)
လိဒ်စ်ယူနိုက်တက်က နည်းပြသစ်နဲ့ အရှိန်ရလာတဲ့သဘောရှိပြီး နောက်ဆုံးကစားခဲ့တဲ့ နှစ်ပွဲဆက်တိုက် အနိုင်ရခဲ့တာလည်း တွေ့ရတယ်။ ဆောက်သမ်တန်ကတော့ ဗီလာ၊ နယူးကာဆယ်၊ ဝက်ဖို့ဒ်တို့ကို (၃)ပွဲဆက်ရှုံးထားပြီး ဂိုးပေးနှုန်းကလည်း များပါတယ်။ လက်ရှိခြေစွမ်းအရဆိုရင် လိဒ်စ်အသင်းက ဆောက်သမ်တန်ထက် ပိုကောင်းတဲ့အနေအထားလည်းဖြစ်လို့ လိဒ်စ်ကို ပိုကြိုက်တယ်။
ဝုလ်ဗ် – အက်စတွန်ဗီလာ (မြန်မာစံတော်ချိန် ဧပြီလ ၂ ရက် ည ၈:၃၀ နာရီ)
ဝုလ်ဗ်အသင်းက ဥရောပဝင်ခွင့်တစ်နေရာကို မျှော်လင့်နေဆဲအသင်းဖြစ်ပြီး နောက် ဆုံးကစားခဲ့တဲ့ပွဲမှာတော့ လိဒ်စ်ယူနိုက်တက်ကို အိမ်ကွင်းမှာပဲ ရှုံးပွဲတွေ့ခဲ့တယ်။ ဒီပွဲမှာလည်း နောက်ထပ်အသင်းကောင်းတစ်သင်းနဲ့ ရင်ဆိုင်ရမှာပါ။ ဒါပေမဲ့ အက်စတွန်ဗီလာထက် ဝုလ်ဗ်ရဲ့အသင်းလိုက်ကစားပုံက ပိုကောင်းပါတယ်။ အခက်အခဲရှိနိုင်ပေမဲ့ ဝုလ်ဗ်ပဲ နိုင်မယ်ထင်တယ်။
မန်ယူ – လက်စတာ (မြန်မာစံတော်ချိန် ဧပြီလ ၂ ရက် ည ၁၁:၀၀ နာရီ)
နောက်ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ မန်ယူက စပါးအသင်းကို (၃-၂)ဂိုးနဲ့ အနိုင်ရရှိခဲ့ပြီး စီရော်နယ်လ်ဒိုက ဟက်ထရစ်သွင်းခဲ့တယ်။ စီရော်နယ်လ်ဒိုကိုယ်တိုင်ကတော့ ဒီပွဲအပြီးနောက်ပိုင်း ပေါ်တူဂီလက်ရွေးစင်အသင်းရဲ့ပွဲတွေမှာ ဂိုးပေါက်ပျောက်ခဲ့တယ်။ ဒါပေမဲ့ မန်ယူအသင်းအတွက် ဂိုးပြန်သွင်းပေးနိုင်မလားဆိုတာကို စောင့်ကြည့်ရမယ်။ လက်စတာအသင်းက ဒီရာသီမှာ သိသိသာသာအားနည်းနေပါတယ်။ ပြောရရင်တော့ ရလဒ်တွေက တော်တော်လေး အလယ်အလတ်တန်းစား ဆန်ပါတယ်။ ဘန်လေ၊ လိဒ်စ်၊ ဘရန့်ဖို့ဒ်တို့ကိုနိုင်ပြီး ဝုလ်ဗ်၊ အာဆင်နယ်တို့ကို ရှုံးခဲ့တာတွေ့ရတယ်။ အသင်းရဲ့ လက်ရှိအနေအထားအရ အိုးလ်ထရက်ဖို့ဒ်မှာ မန်ယူအသင်းကို အနိုင်ကစားနိုင်လောက်တဲ့ ရုပ်ပိုင်း၊ စိတ်ပိုင်းအခြေအနေမျိုး မတွေ့ရဘူး။ သရေခံကစားဖို့ပဲ ကြိုးစားလိမ့်မယ်။ ဒါပေမဲ့ မန်ယူပဲ အနိုင်ရပါလိမ့်မယ်။