စထရာဘိုး – နိုက်စ် (မြန်မာစံတော်ချိန် ဖေဖော်ဝါရီ ၂၆ ရက် ည ၁၀:၃၀ နာရီ)
ချန်ပီယံလိဂ်ဝင်ခွင့်တစ်နေရာအတွက် အရေးပါတဲ့ပွဲပါပဲ။ နှစ်သင်းစလုံး ရလဒ်ပိုင်းမဆိုးသလို၊ ခြေစွမ်းအရလည်း မာကျောကြပါတယ်။ ဒါပေမဲ့ နိုက်စ်က အဝေးကွင်းခြေစွမ်းကောင်းမွန်ပြီး အမှတ်ရအောင်ယူတတ်ပါတယ်။ နိုက်စ်နဲ့ အရဲစွန့်ချင်တယ်။
PSG – စိန့်အက်တီယန် (မြန်မာစံတော်ချိန် ဖေဖော်ဝါရီ ၂၇ ရက် နံနက် ၂:၃၀ နာရီ)
ပြီးခဲ့တဲ့ပွဲမှာ ဂိုးပြတ်ရှုံးပွဲကြုံခဲ့တဲ့ PSG တို့ ချန်ပီယံမျှော်လင့်ချက်အတွက် ကြီးမားတဲ့သက်ရောက်မှု မရှိဘူးဆိုရင်တောင် ဂုဏ်သိက္ခာအရတော့ အခုအိမ်ကွင်းပွဲမှာ နိုင်ပွဲပြန်ယူဖို့ ကြိုးစားပါလိမ့်မယ်။ ဒါ့ပြင် ဒီရာသီမှာ လိဂ်သွင်းဂိုး (၂)ဂိုးသာ ရရှိထားတဲ့ မက်ဆီအနေနဲ့လည်း ဖိအားလျော့ပါးဖို့အတွက် သွင်းဂိုးတွေလိုအပ်နေပြီး အခုလိုပွဲမျိုးမှာ မဖြစ်မနေ ပေါက်ကွဲပြရပါလိမ့်မယ်။ တန်းဆင်းဇုန်ကရုန်းထွက်လာတဲ့ စိန့်အက်တီယန်က နောက်ဆုံး (၄)ပွဲဆက် ရှုံးပွဲမရှိခဲ့ဘဲ (၃)ပွဲအထိနိုင်ပွဲယူပြီး ခြေငြိမ်နေတဲ့အသင်းပါ။ ဒါပေမဲ့ ပါရီမြေမှာတော့ PSG ကို ယှဉ်ဖို့ခက်မှာသေချာပါတယ်။ PSG နိုင်ပွဲပြန်ယူလိမ့်မယ်။