မန်စီးတီး အသင်းရဲ့ နောက်ခံလူဟောင်း တစ်ဦး ဖြစ်တဲ့ မီကာ ရစ်ချက် က မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ခေါင်းဆောင်သစ် ဖြစ်လာခဲ့တဲ့ ဘရူနို ဖာနန်ဒက်စ် ရဲ့ ကွင််းအတွင်းအပြုအမူတွေနဲ့ စိတ်ခံစားချက်နောက် လိုက်ပါမှုတွေက အသင်းဖော်တွေအတွက် အနှောက်အယှက် ဖြစ်စေတယ်လို့ ထုတ်ပြောသွားခဲ့လိုက်ပါတယ် ။
ဒီရာသီမှာတော့ ဘရူနို ဖာနန်ဒက်စ် ဟာ မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ အမြဲတမ်း အသင်းခေါင်းဆောင် ဖြစ်လာခဲ့တဲ့နောက် သရဲနီ တိို့ နှစ်ပွဲ ကစားထားခဲ့ရာမှာ 1 ပွဲ နိုင် ၊ 1 ပွဲ သရေ နဲ့ ပေးဂိုး 2 ဂိုး ၊ ရဂိုး 1 ဂိုးသာ ရယူထားနိုင်ခဲ့ကြပါသေးတယ် ။
အခုတော့ မီကာ ရစ်ချက် က ကွင်းထဲမှာ အပြုအမူတွေ မျိုးစုံ လုပ်ပြနေတတ်တဲ့ ၊ ပယ်လီစဖရီ အပေါ် ပေါက်ကွဲပြခဲ့တဲ့ ယူနိုက်တက် အသင်း ခေါင်းဆောင် ဘရူနို ဖာနန်ဒက်စ် က အသင်းဖော်တွေ အတွက် အနှောက်အယှက်တွေ ဖြစ်နေစေခဲ့တယ်လို့ ထုတ်ပြောသွားခဲ့လိုက်ပါတယ် ။
” အဲ့တာက အခုတော့ အရှက်ရစရာ ဖြစ်နေခဲ့ပါပြီ ။ ဖာကွန်ဒို ပယ်လီစထရီ ဟာ ကွင်းထဲ ဝင်ရောက်လာခဲ့တယ် ၊ ဘရူနို ဖာနန်ဒက်စ် က သူ့ရဲ့ အသင်းဖော်တွေ အကောင်းဆုံး ကစားစေဖို့ အလိုရှိခဲ့တယ် ။ အဲ့ဒီ အချိန်မှာ သူ စိတ်ပျက််နေခဲ့တာကို ကျွန်တော် နားလည်ပါတယ် ”

” ပယ်လီစထရီ ပြေးလွှားနေခဲ့ပါတယ် ၊ ဖာနန်ဒက်စ် က သူ့ကို မမြင်ခဲ့ပါဘူး ။ ဒါ့ကြောင့် သူက လမ်းကြောင်းရွှေ့ပြီး ပြေးလွှားခဲ့ပါတယ် ။ ဘာဖြစ်လို့လဲဆိုတော့ သူက ဘရူနို ရှိနေစေချင်တဲ့နေရာမှာ ရှိမနေခဲ့ဘူးလေ ။ အဲ့ဒီအပေါ် သူဟာ ပေါက်ကွဲသွားခဲ့ပါတယ် ”
” အကြိမ်တိုင်း သူဟာ အဲ့လိုချည်းပါပဲ ။ အဲ့တာပြီးတော့ နောက်တစ်နေ့ သူ အင်တာဗျူးခဲ့တာကို မြင်တွေ့ခဲ့ရတယ် ။ သူကတော့ စိတ်လှုပ်ရှားဖို့ သူ့အတွက် အရမ်းကိုလိုအပ်တယ် ၊ အဲ့တာက သူ့ကို ပိုကောင်းမွန်အောင် ကစားစေနိုင်တယ်လို့ ပြောကြားခဲ့တာကို တွေ့ခဲ့ရပါတယ် ”

” ဒါပေမဲ့ ကျွန်တော်ကတော့ ကွင်းထဲက သူ့ရဲ့ ခန္ဓာကိုယ် လှုပ်ရှားမှု ပုံစံတွေနဲ့ အပြုအမူတွေက အသင်းဖော်တွေအတွက်် အနှောက်အယှက်ဖြစ်စေတယ်လို့ပဲ ခံစားရပါတယ် ။ အဲ့တာက ဘယ်လိုမှ ကြည့်မကောင်းပါဘူး ။ နုံချာလွန်းတဲ့ လုပ်ရက် တစ်ခုပါပဲ ” လို့ ရစ်ချက် က ပြောကြားသွားခဲ့လိုက်တာပဲ ဖြစ်ပါတယ် ။