spot_img

ဘာစီလိုနာမှာ ယခုရာသီလာလီဂါပြိုင်ပွဲ၏ အကောင်းဆုံးအသင်းဟု ဆီမြွန်နီ ချီးကျူးခဲ့ပြီး ဇာဗီမှာ စစ်မှန်သောဘာစီလိုနာကိုပြန်တည်ဆောက်နိုင်ခဲ့ဟုဆို

အက်သလက်တီကိုအသင်း၏ အာဂျင်တီးနားလူမျိုး နည်းပြ ဆီမြွန်နီက ဘာစီလိုနာအသင်းမှာ ယခုရာသီလာလီဂါပြိုင်ပွဲ၏ အကောင်းဆုံးအသင်းဖြစ်သည်ဟု ချီးကျူးခဲ့ပြီး နည်းပြဖြစ်သူ ဇာဗီမှာလည်း စစ်မှန်သောဘာစီလိုနာကို ပြန်လည်တည်ဆောက်ပေးနိုင်ခဲ့သည်ဟု ပြောကြားခဲ့သည်။

ဘာစီလိုနာအသင်းသည် ယခုရာသီလာလီဂါပွဲစဉ်  (၂၂)ပွဲကစားပြီးချိန်တွင် ရမှတ် (၅၉)မှတ်ဖြင့် အမှတ်ပေးဇယား အဆင့် (၁)နေရာတွင် ရပ်တည်နေပြီး ဒုတိယနေရာမှာ လက်ရှိချန်ပီယံ ရီးယဲလ်မက်ဒရစ်အား (၈)မှတ်အထိအသာရထားသောကြောင့် ၂၀၁၈-၁၉ ရာသီနောက်ပိုင်း လာလီဂါချန်ပီယံဆုအား တစ်ကျော့ပြန်ရယူနိုင်ရန် အခြေအနေကောင်းများ ပိုင်ဆိုင်လျက်ရှိနေသည်။

myan789

ထို့ပြင် ဘာစီလိုနာအသင်းသည် ရီးယဲလ်မက်ဒရစ်အား (၃-၁)ဂိုးဖြင့် အနိုင်ယူကာ ၂၀၂၂-၂၃ ရာသီ စပိန်စူပါဖလားချန်ပီယံဆု အားဆွတ်ခူးထားနိုင်ခဲ့သလို၊ စပိန်ဘုရင့်ဖလားတွင် ဆီမီးဖိုင်နယ်အဆင့်သို့တက်ရောက်ထားနိုင်ခဲ့သည်။

ထို့ပြင် ဥရောပပြိုင်ပွဲတစ်ခုဖြစ်သည့် ယူရိုပါလိဂ်တွင်လည်း Knockout အဆင့်သို့ရောက်ရှိနေရော ဇာဗီအနေဖြင့် ယခုရာသီတွင် ဘာစီလိုနာအသင်းအား ဆုဖလား (၄) လုံး လမ်းကြောင်းပေါ်သို့ ပို့ဆောင်ပေးထားနိုင်ခြင်းဖြစ်ခဲ့သည်။

ဘာစီလိုနာအသင်း၏ ယခုရာသီစွမ်းဆောင်ရည်နှင့် ပတ်သက်ပြီး ဆီမြွန်နီက “ဘာစီလိုနာဟာ ဒီရာသီလာလီဂါ ပြိုင်ပွဲရဲ့ အကောင်းဆုံးအသင်းပါပဲ။ ဒါကို သူတို့ (ဘာစီလို နာ)အသင်းရဲ့ နည်းပြဖြစ်တဲ့ ဇာဗီက အကောင်းဆုံးသော ရလဒ်တွေနဲ့ သက်သေပြထားပါတယ်။ ဘာစီလိုနာရဲ့ ဟန်ပန်ဟာ ပြောင်းလဲသွားခဲ့ခြင်းမရှိသေးပါဘူး။ ဒါပေမဲ့ ဇာဗီရောက်လာပြီးမှ စစ်မှန်သော ဘာစီလိုနာကို ပြန်လည်တည် ဆောက်နိုင်ခဲ့တာပါ။ ဒီရာသီ ဘာစီလိုနာရဲ့ နေရာစုံစွမ်းဆောင်မှုတွေကို သိပ်ကိုအားရကျေနပ်စရာကောင်းပါတယ်” ဟု စပိန်အားကစားသတင်းစာ AS သို့ဖြေကြားခဲ့သည်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular