spot_img

ဘိုင်ယန်မြူးနစ်နှင့်ပွဲမှာ မိမိတို့အတွက် နောက်ဆုံးသောအခွင့်အရေးဖြစ်ပြီး ဗိုလ်လုပွဲကဲ့သို့ဖြစ်သည်ဟု ဒီပိုင်းဆို

ဘာစီလိုနာအသင်း၏ နယ်သာလန်လက်ရွေးစင်တိုက်စစ်မှူး ဒီပိုင်း (၂၇ နှစ်)က ဘိုင်ယန်မြူးနစ်အသင်းနှင့် ယှဉ်ပြိုင်ကစားရမည့် ချန်ပီယံလိဂ်အုပ်စုနောက်ဆုံးပွဲစဉ်မှာ မိမိတို့အသင်းရှုံးထွက်အဆင့်သို့တက်ရောက်နိုင်ရေးအတွက် နောက်ဆုံးသောအခွင့်အရေးဖြစ်ကြောင်းနှင့် ဗိုလ်လုပွဲတစ်ပွဲသို့ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဘာစီလိုနာအသင်းသည် ယခုရာသီချန်ပီယံလိဂ်အုပ်စုအဆင့် နောက်ဆုံးပွဲစဉ်အဖြစ် ဘိုင်ယန်မြူးနစ်အသင်းနှင့် ဂျာမနီနိုင်ငံတွင်အဝေးကွင်းပွဲစဉ် ယှဉ်ပြိုင်ကစားရမည်ဖြစ်ပြီး အနိုင်ရရှိမှသာ ရှုံးထွက် (၁၆)သင်းအဆင့်သို့ တက်ရောက်နိုင်မည်ဖြစ်သည်။

myan789

ဘာစီလိုနာအသင်းသည် ယခုရာသီချန်ပီယံလိဂ်အုပ်စုပွဲစဉ် (၅)ပွဲကစားပြီးတွင် (၂)ပွဲနိုင်၊ (၁)ပွဲသရေ၊ (၁)ပွဲရှုံး ရမှတ် (၇)မှတ်ဖြင့် အုပ်စုဒုတိယနေရာတွင် ရပ်တည်နေပြီး အုပ်စုတတိယနေရာမှ ဘင်ဖီကာ (၅ မှတ်)နှင့် (၂)မှတ်သာကွာဟလျက်ရှိသည်။ ထို့ကြောင့် ဘာစီလိုနာအသင်းအတွက် ဘိုင်ယန်မြူးနစ်နှင့်ပွဲစဉ်မှာ အလွန်အရေးကြီးနေပြီး တစ်ဖက်ပွဲစဉ်တွင် ဘင်ဖီကာအသင်းအနေဖြင့် အိမ်ကွင်းတွင် ဒိုင်နမိုကိဗ်အသင်းအားအနိုင်ရခဲ့ပါက ဘာစီလိုနာအသင်းအနေဖြင့် နောက်တစ်ဆင့်တက်ရောက်ရေးအတွက် မဖြစ်မနေအနိုင်ရရန် လိုအပ်နေခြင်းဖြစ်သည်။

ဒီပိုင်းက ”ဒါဟာ (ဘိုင်ယန်မြူးနစ်နှင့်ပွဲ) ကျွန်တော့်တို့အသင်း ရှုံးထွက် (၁၆)သင်းအဆင့်ကိုတက်ရောက်နိုင်ဖို့ နောက်ဆုံးသောအခွင့်အရေးပါပဲ။ ဗိုလ်လုပွဲတစ်ပွဲလိုလည်းဖြစ်နေပါတယ်။ ဒီပွဲရလဒ်အတွက် ကျွန်တော်တို့အားလုံး ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှကို ပေးဆပ်သွားမှာပါ” ဟု ဘာစီလိုနာအသင်း၏ Offical website သို့ပြောကြားခဲ့သည်။

ဘာစီလိုနာအသင်းသည် ဘိုင်ယန်မြူးနစ်အသင်းအား ချန်ပီယံလိဂ်ပြိုင်ပွဲ နောက်ဆုံးတွေ့ဆုံသည့် (၆)ကြိမ်၌ (၁)ပွဲသာအနိုင်ရထားပြီး (၅)ပွဲအထိရှုံးနိမ့်ထားကာ (၂၁)ဂိုးအထိ ခွင့်ပြုထားရသည်။

ဘာစီလိုနာအသင်းအနေဖြင့် ယခုပွဲတွင်သရေကျခဲ့ပါက တစ်ဖက်တွင် ဘင်ဖီကာအနိုင်ရခဲ့လျှင် ရမှတ် (၈)မှတ်စီတူညီမည်ဖြစ်သော်လည်း ဘင်ဖီကာအသင်းမှာ ထိပ်တိုက်တွေ့ဆုံမှုတွင် အသာရထားသည့်အတွက် ဘာစီလိုနာအသင်းအနေဖြင့် အုပ်စုတတိယနေရာသာရရှိမည်ဖြစ်သည်။

ဒီပိုင်းသည် ဘာစီလိုနာအသင်းသို့ ပြီးခဲ့သည့်နွေရာသီက ပြောင်းရွှေ့လာခဲ့သူဖြစ်ပြီး အသင်းအတွက် လာလီဂါ (၁၄)ပွဲကစားရာတွင် (၈)ဂိုးသွင်းယူပေးထားသော်လည်း ချန်ပီယံလိဂ်ပြိုင်ပွဲတွင်မူ (၅)ပွဲကစားရာတွင် ဂိုးသွင်းယူနိုင်ခဲ့ခြင်းမရှိပေ။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular