spot_img

မက်ဆီအင်တာမိုင်ယာမီသို့ ပြောင်းရွှေ့လာခြင်း အတွက် မေဂျာလိဂ် အပေါ် ဘာတွေ သက်ရောက်မှု ရှိလာနိုင်လဲ ဆိုတာ သုံးသပ်သွားတဲ့ ပိုချက်တီနို

အာဂျင်တီးနား စူပါစတား လီယွန်နယ် မက်ဆီဟာ မကြာသေးခင်ကပဲ မေဂျာလိဂ် ကလပ် အင်တာမိုင်ယာမီသို့ ၂နှစ် စာချုပ်နဲ့ တရားဝင် ပြောင်းရွှေ့သွားခဲ့ပါတယ် ။ ဒီမတိုင်ခင်က မက်ဆီဟာ ဆော်ဒီပရိုလိဂ်ကလပ် အယ်ဟီလယ်မှာ မက်လောက်စရာ လစာကမ်းလှမ်းမှုမျိုး ရခဲ့ပေမယ့် အမေရိကန်သို့ ပြောင်းရွှေ့ဖို့သာ ရွေးချယ်ခဲ့ပါတယ် ။

မိုင်ယာမီမှာ မက်ဆီဟာ တနှစ်လုပ်ခလစာ ဒေါ်လာ ၅၄သန်းဝန်းကျင် ရရှိမှာ ဖြစ်ပြီး ၊ ဆော်ဒီလောက် လစာ ပမာဏ မများရင်တောင် ဒါဟာ ငြင်းဆန်နိုင်ဖွယ် မရှိတဲ့ အနေအထား တရပ် ဖြစ်ပါတယ် ။ ဒါ့အပြင် အင်္ဂလန် ဂန္တဝင် ကွင်းလယ်လူဟောင်း ဒေးဗစ် ဘက်ခမ်းကလည်း မိုင်ယာမီပူးတွဲပိုင်ရှင် အဖြစ်နဲ့ မက်ဆီကို ဆွဲဆောင်မှု အများကြီး လုပ်နိုင်ခဲ့ပါတယ် ။

myan789

လက်ရှိ မေဂျာလိဂ်ရဲ့ အမှတ်ပေးဇယား အောက်ဆုံးကို ရောက်နေတဲ့ မိုင်ယာမီကို Ballon D’Or ၇ဆုရှင် မက်ဆီ တယောက် ဘယ်လောက် ဆွဲတင်ပေးနိုင်မလဲ ဆိုတာ စိတ်ဝင်စားစရာကောင်းနေပါတယ် ။ မက်ဆီဟာ လာမယ့် စနေနေ့မှာ ကစားမယ့် ခရုဇ် အက်ဇ်ရူလ် အသင်းနဲ့ လိဂ်ဖလားပွဲမှာ မိုင်ယာမီ အတွက် ပထမဆုံး ပွဲထွက်ပါဝင်ဖို့ ရှိပါတယ် ။

ရာသီကြို ခြေစမ်းပွဲတွေ အတွက် အမေရိကန် ၊ မြောက်ကယ်ရိုလိုင်းနားသို့ ရောက်ရှိနေတဲ့ ချဲလ်ဆီး အသင်း နည်းပြသစ် မော်ရစ်စီယို ပိုချက်တီနိုကတော့ မနေ့က ပွဲကြို သတင်းစာ ရှင်းလင်းပွဲမှာ တနိုင်ငံတည်းသား မက်ဆီရဲ့ အနာဂတ် မေဂျာလိဂ် အပေါ် သက်ရောက်မှုနဲ့ ပတ်သက်ကာ အခုလိုပဲ သုံးသပ်သွားပါတယ် ။

ပိုချက်တီနို က ” ဒါက မေဂျာလိဂ် အတွက် ကြီးကျယ်ခမ်းနားတယ်လို့ ကျွန်တော် ထင်ပါတယ် ။ လီယို မက်ဆီဟာ ကမ္ဘာ့အကောင်းဆုံး ကစားသမား ဖြစ်တာကြောင့် အဲဒီ အရှိန်အဝါက ကြီးမားတဲ့ သက်ရောက်မှု ပေးနိုင်ပါလိမ့်မယ် ။ ”

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular