ဇွန် ၃၀ ရက်တွင် စာချုပ်ကုန်ဆုံးတော့မည့် မက်ဆီ၏ အခြေအနေနှင့်ပတ်သက်၍ ဘာစီလိုနာအသင်းဥက္ကဋ္ဌ လာပေါ်တာက ရှင်းလင်းပြောကြားမှုများ ပြုလုပ်ခဲ့ကြောင်းသိရသည်။
လာပေါ်တာက “ကျွန်တော်တို့ တတ် နိုင်တဲ့နည်းလမ်းတွေနဲ့ ကမ်းလှမ်းမှုတစ်ခု လုပ်သွားမှာပါ။ ကစားသမားကလည်း ဒါကို လက်ခံမယ်လို့ မျှော်လင့်ပါတယ်။ အခြေအနေကောင်းနေတယ်ဆိုပေမဲ့ အပြီးမသတ်ရသေးပါဘူး။ ကျွန်တော်တို့ ဆက်ဆံရေးက အရမ်းကောင်းပါတယ်။ မက်ဆီက ဘာကာကို ချစ်သလို ကျွန်တော်တို့ကလည်း သူ့ကိုဆက်ရှိစေချင်ပါတယ်” ဟု ပြောကြားခဲ့သည်။
အနာဂတ်မရေမရာဖြစ်နေသည့် နည်းပြ ရော်နယ်လ်ကိုးမန်းနှင့်ပတ်သက်၍ မေးမြန်းမှုကိုမူ လာပေါ်တာက “ကျွန်တော်တို့ ပြန်လည် သုံးသပ်နေတဲ့ကာလဖြစ်ပါတယ်။ သူက လေးစားမှုခံရသင့်ပါတယ်။ ကျွန်တော်တို့ဆီမှာ လူအများစုစိတ်ဝင်စားမယ့် ပရောဂျက်တွေ ရှိပါတယ်” ဟု ဖြေကြားခဲ့သည်။