spot_img

မက်ဒူးကီ ဘာကြောင့် လုံးဝ မကစားပေးနိုင်သေးတာလဲ ဆိုတာ ရှင်းပြရင်း ၊ အကောင်းထဲက အဆိုးဖြစ်နေတဲ့ ချဲလ်ဆီး စတား တဦးနဲ့ ပတ်သက်ပြီး မှတ်ချက်ပေးသွားတဲ့ ပိုချက်တီနို

ချဲလ်ဆီး အသင်းဟာ မနေ့ မနက်က နယူးကာဆယ် အသင်းနဲ့ တတိယမြောက် အမေရိကန် ခရီးစဉ် ခြေစမ်းပွဲ ယှဉ်ပြိုင် ကစားခဲ့ပြီး ၊ ပထမပိုင်းက သွင်းဂိုးတွေနဲ့ တဖက် တဂိုးစီ သရေ ရလဒ်နဲ့ ကျေနပ်ခဲ့ရပါတယ် ။ အခုအခါမှာ ရာသီသစ် မစတင်ခင် ချဲလ်ဆီး အဖို့ ကစားဖို့ ခြေစမ်းပွဲ ၂ပွဲသာ ကျန်ပါတော့တယ် ။

ခြေစမ်းပွဲ ၃ပွဲ ကစားထားပြီးချိန်မှာ နည်းပြသစ် မော်ရစ်စီယို ပိုချက်တီနို အနေနဲ့ ဘယ်ကစားသမားတွေကို ရာသီသစ်ဆီ ခေါ်ဆောင်ပြီး ဘယ်ကစားသမားတွေကိုတော့ အငှားချသင့်လဲ ဆိုတာ ရေးရေးလေးတော့ ဆုံးဖြတ်ချက် ချပြီးလောက်နေနိုင်ပါတယ် ။

myan789

သို့ပေမယ့် အခုအချိန် အထိ ၄င်းအတွက် တပွဲမှ မကစားပေးရသေးတဲ့ ချဲလ်ဆီး စတား တဦး ကျန်နေသေးပြီး ၊ သူကတော့ အင်္ဂလန် ယူ၂၁ တောင်ပံကစားသမား နွန်နီ မက်ဒူးကီပဲ ဖြစ်ပါတယ် ။ ပွဲပြီး သတင်းစာ ရှင်းလင်းပွဲမှာတော့ ပိုချက်တီနိုက မက်ဒူးကီ ဘာကြောင့် တမိနစ်မှ မကစားပေးရသေးလဲ ဆိုတာ အခုလိုပဲ ရှင်းလင်းလာပါတယ် ။

ပိုချက်တီနို က ” မက်ဒူးကီဟာ ဖီလာဒဲဖီးယားမှာပဲ ရှိနေပါတယ် ။ သူ့ရဲ့ တံကောက်ကြောက အနည်းငယ် တင်းနေသလို ခံစားနေရပေမယ့် ၊ ဒါက ပြဿနာ ကြီးကြီးမားမားတော့ မဟုတ်ပါဘူး ။ သီယာဂို ( ဆေးလ်ဗား ) နဲ့ လီဗိုင်း ( ကိုဝဲလ် ) တို့ကိုတော့ ဒဏ်ရာ မဖြစ်အောင် ကြိုတင်ကာကွယ်တဲ့ အနေနဲ့ ချန်လှပ်ခဲ့တာပါ ။ ”

” နောက်ပြီး အိန်ဂျယ်လို ( ဂါဘရီရယ် ) နဲ့ လူးဝစ် ( ဟောလ် ) တို့ကိုတော့ ဒီနေ့ပွဲမှာ အသုံးပြုဖို့ အခွင့်အရေး မရခဲ့ပါဘူး ။ ဘာလို့လဲဆိုတော့ တူညီတဲ့ နေရာ တခုတည်းမှာ ကစားသမား ၃ယောက် အထိ ဖြစ်နေလို့ပါ ။ နာကျင်မှု ခံစားနေရတာက နွန်နီ တဦးတည်းပါ ။ ဒါကလည်း လာမယ့် ရက်အနည်းငယ် အတွင်း ဖြေရှင်းလို့ ရနိုင်တဲ့ အနေအထား တရပ် ဖြစ်ပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

နယူးကာဆယ်နဲ့ ပွဲမှာ တဦးချင်း ခြေစွမ်းအားရစရာကောင်းတဲ့ ချဲလ်ဆီး စတား အများအပြား ရှိခဲ့ပေမယ့် အမှားလုပ်ခဲ့တဲ့ တဦးတည်းသော ကစားသမားကတော့ ဘယ်နောက်ခံလူ မာ့ခ်ကူကူရယ်လာ ဖြစ်ပြီး ၊ ၄င်းဟာ နယူးကာဆယ်ရဲ့ ချေပဂိုးမှာ ပေါ့လျော့မှု ကြီးကြီးမားမား ရှိခဲ့ပါတယ် ။

ကူကူရယ်လာနဲ့ ပတ်သက်ပြီး ပိုချက်တီနို က ” လောလောဆယ်တော့ သူ အိုကေနေပါတယ် ။ ကစားသမားအားလုံးဟာ သုညကနေ စတင်ရတာပါ ။ ဒါက ယှဉ်ပြိုင်ခြင်းသာ ဖြစ်ပါတယ် ။ ကျွန်တော်တို့ဟာ ဘယ်နောက်ခံနေရာမှာ သူနဲ့ ချီလီကို ပိုင်ဆိုင်ထားရပါတယ် ။ သူတို့ဟာ ဒီနေရာ အတွက် ပြိုင်ဆိုင်ဖို့ လိုအပ်ပါတယ် ။ ”

” ဟုတ်ပါတယ် ။ အီယန်နဲ့ လူးဝစ်တို့လည်း အပါအဝင်ပေါ့ ။ ကျွန်တော်တို့ဟာ ဒီတနေရာတည်းမှာကို ကစားသမား ၄ယောက် ပိုင်ဆိုင်ထားပါတယ် ။ ဒါဟာ ရှေ့မှာ ကျွန်တော်တို့ ပြောခဲ့ကြတဲ့ ဟန်ချက် အကြောင်း ဖြစ်ပါတယ် ။ ”

” ကျွန်တော်တို့ဟာ တချို့သော ကွက်လပ်ဖြစ်နေတဲ့ နေရာတွေမှာ ကစားသမားသစ်တွေ ထပ်ဖြည့်တင်းဖို့ လိုနေပေမယ့် ၊ တချိန်တည်းမှာ အခုလို တနေရာတည်း အတွက် ကစားသမား ၄ဦး အထိ ရှိနေတာကြောင့် တခါတလေမှာ ကစားသမားစာရင်းက ဟန်ချက် မမျှတ ဖြစ်နေပါတယ် ။ ”

” ကျွန်တော်တို့ဟာ နေရာ တနေရာ အတွက် ပြိုင်ဆိုင်ဖို့ လုံလောက်ပြီး မျှတတဲ့ ကစားသမား အင်အားမျိုး တည်ဆောက်ဖို့ လိုပါတယ် ။ တတိယ ရွေးချယ်မှု ( သို့မဟုတ် ) စတုတ္ထ ရွေးချယ်မှု ဖြစ်စေမယ့် ကစားသမားတွေ ရှိနေဖို့ မဟုတ်သလို ၊ နေရာ တနေရာတည်း အတွက် ကစားသမား ၄ယောက်လောက် ပြိုင်ဆိုင်နေရတာက မဖြစ်သင့်ပါဘူး ။ ” လို့ ပြောကြားခဲ့ပါတယ် ။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular