မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ တိုက်စစ်မှူးဟောင််း ဖြစ်သူ ဒီမစ်တာ ဘာဘာတော့ဗ် က လက်ရှိ အသင်းမှ တိုက်စစ်မှူးဖြစ်သူ ဝေါက် ဝဂ်ဟော့စ်က အသင်းဖော်တွေဆီက အကောင်းဆုံး အရည်အသွေးတွေ ထွက်ပေါ်လာဖို့ အကူအညီ ပေးနိုင်တယ်လို့ ယုံကြည်နေပါတယ် ။
နယ်သာလန် လက်ရွေးစင် အသင်းရဲ့ အထောင် တိုက်စစ််မှူး ဖြစ်သူ ဝေါက် ဝဂ်ဟော့စ် ဟာ ပြီးခဲ့တဲ့ ဆောင်းရာသီ စျေးကွက်တုန်းက မန်ချက်စတာ ယူနိုက်တက် အသင်းဆီ ရောက်လာခဲ့တာ ဖြစ်ပြီး ဘာစီလိုနာ နဲ့ ရင်ဆိုင်ခဲ့ရတဲ့ ယူရို ပါလိဂ် ပွဲစဥ်မှာ ကွင်းလယ် တိုက်စစ် နေရာ ကစားပေးခဲ့ရပါတယ် ။
တကယ်တော့ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ရော်နယ်ဒို ထွက်ခွာသွားခဲ့တဲ့ ကွက်လပ်ကို ဖြည့်တင်းဖို့ အတွက် ဝဂ်ဟော့စ် ကို ခေါ်ယူခဲ့တာပဲ ဖြစ်ပါတယ် ။ ဒါပေမဲဲ့ သူဟာ လိဒ်စ် နဲ့ ပွဲစဥ်မှာ နာရီဝက် နံပါတ် 10 နေရာ ကစားခဲ့ရသလို ဘာကာနဲ့ ပွဲမှာပါ ဒီနေရာဆက်ကစားခဲ့ရပါတယ် ။

ဒါပေမဲ့ သူဟာ ကစားနေကျ မဟုတ်တဲ့ နေရာမှာလည်း အံဝင်အောင် ကစားနိုင်ခဲ့ပြီး အသင်းဖော်တွေကို အကူအညီိ ပေးနိုင်ခဲ့ပါတယ် ။ အခြားတဖက်မှာတော့ သူဟာ အသင််းသစ် အတွက် 9 ပွဲ ကစားခဲ့ပြီး သွင်းဂိုး တစ်ဂိုးသာ သွင်းယူနိုင်ခဲ့ပါသေးတယ် ။
အခုတော့ ယူနိုက်တက် အသင်းရဲ့ တိုက်စစ်မှူးဟောင်း ဘာဘာတော့ဗ် က တန်ဟတ် ဟာ သူ့ကို ဂိုးတွေ သွင်းယူပေးဖို့ အတွက်ချည်း ခေါ်ယူခဲ့တာ မဟုတ်ကြောင်း ၊ သူဟာ အသင်းဖော်တွေကို အကူအညီပေးနိုင်သူ ဖြစ်တဲ့အတွက်် ဂိုးမသွင်းနိုင်လည်း တန်ဟတ် က ယုံကြည်စွာ အသုံံးပြုဦးမှာ ဖြစ်ကြောင်း ထုတ်ပြောလိုက်ပါတယ် ။

” ပါစင်နယ် ပြောရရင် ဝဂ်ဟော့စ်ကို သူ့ရဲ့ ဂိုးသွင်းစွမ်းရည်ကြောင့် တန်ဟတ် က ခေါ်ယူခဲ့တာလို့ ကျွန်တော် မထင်မိပါဘူး ။ သူဟာ ဂိုးတွေကို ပုံမှန် မသွင်းယူနိုင်ခဲ့ပါဘူး ။ ဒါပေမဲ့ ပွဲစဥ်တိုင်းမှာ ပုံမှန် ပွဲထွက် ကစားခွင့်တွေ ရရှိနေခဲ့ပါတယ် ”
” အဲ့တာက အဲရစ် တန်ဟတ် မှ သူ့အပေါ် ယုံကြည်မှုတွေ ရှိနေတယ်လို့ ပြသနေခြင်းပါပဲ ။ သူဟာ အသင်းရဲ့ အစုအဖွဲ့ထဲကို အပို ထပ်ဆောင်း အရည်အသွေးကောင်းတွေ ယူဆောင်ပေးနိုင်တယ်လို့ တန်ဟတ် က အပြည့်အဝ ယုံကြည််နေပုံပါပဲ ”
” အထူးသဖြင့် သူ အမြင့်ဘော ကစားတဲ့ ပုံစံတွေ ၊ အသင််းလိုက် ကစားတတ်တဲ့ ပုံစံတွေပေါ့။ သူဟာ တခါတလေ ခံစစ်ဆင်းပြီး ခုခံတာတွေလည်း ခင်ဗျားတို့ မြင်ခဲ့ကြရမှာပါ။ သူဟာ တက်နိုင်သလောက် အသင်းအတွက် အကူအညီိတွေ ပေးချင်တာ ထင်ရှားလှပါတယ် ”

” တကယ်တော့ တန်ဟတ် နှစ်ခြိုက် သဘောကျနေခဲ့မိတာက သူ့ရဲ့ လုပ်အားတွေပါပဲ ။ တခါတလေ မန်နေဂျာတွေက တိုက်စစ်မှူးတွေဆီက အခြားသူတွေ မမြင်နိုင်တဲ့ စွမ်းရည်တွေကို ထုတ်ယူနိုင်စွမ်း ရှိတတ်ကြတယ်လေ ။ လူတွေဟာ တိုက်စစ်မှူးဆီက သွင်းဂိုးတွေ မြင်ချင်တတ်ကြတာပါ ”
” ဒါပေမဲ့ ဝေါက် က ကျွန်တော်တို့တွေ မျှော်လင့်ထားကြတဲ့ သွင်းဂိုး အရည်အတွက် သွင်းယူပေးနိုင်မှာ မဟုတ်ပါဘူး ။ သူဟာ အသင်းကို အခြားသော နည်းလမ်းနဲ့ အကူအညီိပေးသွားမယ့် တိုက်စစ်မှူးမျိုးပါ ” လို့ ဘာဘာဝောာ့ဗ် က ပြောခဲ့လိုက်တာပဲ ဖြစ်ပါတယ် ။