spot_img

မန်စီးတီး နဲ့ မန်ယူနိုက်တက် ပစ်မှတ် ဟယ်ရီကိန်း ဘာဆက်လုပ်သင့်သလဲဆိုတာ အကြံပေးလိုက်တဲ့ မော်ရင်ညို

ဂျိုဆေးမော်ရင်ညိုက တော့တင်ဟမ် တိုက်စစ်မှုး ဟယ်ရီကိန်း အနေနဲ့ ကိုယ်ပျော်ရွှင်ရမယ့် နေရာမှာ ကစားရန် တိုက်တွန်းသွားခဲ့ပါတယ်။ ပြီးခဲ့တဲ့လက အင်တာဗျူး အစီအစဥ် တစ်ခုမှာ ကိန်းက သူ့အနေနဲ့ တော့တင်ဟမ် ကနေ ထွက်ခွာလိုတယ်လို့ ကလပ်ဥက္ကဋ္ဌ ဒန်နီရယ်လီဗီထံ အသိပေးသွားခဲ့ပါတယ်။

ဒီအတွက်ကြောင့်လည်း အင်္ဂလန် တိုက်စစ်မှုးကို ပရီးမီးယားလိဂ် ထိပ်တန်းကလပ်တွေ ဖြစ်ကြတဲ့ မန်စီးတီး ၊ မန်ယူနိုက်တက် ၊ ချဲလ်ဆီး တို့က ခေါ်ယူရန် စိတ်ဝင်စားနေကြပါတယ်။ ကိန်းနဲ့အတူ တော့တင်ဟမ်မှာ ၁၇ လကြာ လက်တွဲ အလုပ်လုပ်ခဲ့တဲ့ မော်ရင်ညိုက အသက် ၁၇ နှစ်အရွယ် ကစားသမားဟာ ပရီးမီးယားလိဂ်မှာပဲ ဆက်ကစားချင် နေလိမ့်မယ်လို့ ယုံကြည်နေပါတယ်။

myan789

မော်ရင်ညိုက ”ဘောလုံးလောကမှာ အရေးကြီးဆုံးက သမိုင်းမှတ်တိုင် ပါပဲ။ သမိုင်းမှတ်တိုင် ဆိုတာ ဆုတံဆိပ်တွေ ဖြစ်ပါတယ်။ ဒါပေမယ့် အနာဂတ်မှာ ဘာဖြစ်လာမလဲဆိုတာ ဘယ်သူ သိနိုင်မှာလဲ? လာမည့် ငါးပတ်မှာ ဟယ်ရီကိန်းဟာ ဥရောပ ချန်ပီယံ ​တစ်ဦးလည်း ဖြစ်သွားနိုင်တယ် မဟုတ်လား။” လို့ ဆိုလိုက်ပါတယ်။

လာမည့်ရာသီမှာ ဟယ်ရီကိန်း ဘယ်မှာ ကစားသင့်တယ်လို့ ယူဆသလဲဆိုတဲ့ မေးခွန်းအပေါ် ပေါ်တူဂီ နည်းပြက ”ကျွန်တော်ကတော့ သူ့အနေနဲ့ သူ ပျော်ရွှင်ရမယ်လို့ ထင်တဲ့ ကလပ်မှာ ကစားသင့်တယ်လို့ ထင်ပါတယ်။ သူ ပရီးမီးယားလိဂ်မှာပဲ ပျော်ရွှင်တယ်လို့ ကျွန်တော် ထင်ပါတယ်။ သူဟာ တကယ့်ကို ပရီးမီးယားလိဂ် လူစားတစ်ဦး ပါပဲ။” လို့ ဆိုလိုက်ပါတယ်။

ပြီးခဲ့တဲ့လက အင်တာဗျူး မှာလည်း ကိန်းက သူ့ရဲ့ ကစားသမား ဘဝလမ်းကြောင်းကို ဆုံးဖြတ်ချက် ချသွားရမယ့် အချိန် ရောက်နေပြီလို့ ဝန်ခံခဲ့ပါတယ်။

ကိန်းက ”ကျွန်တော့် အနေနဲ့ အနာဂတ်နဲ့ ပက်သက်ပြီး ဆုံးဖြတ်ရတော့မယ့် အချိန် ရောက်နေပြီလို့ ထင်ပါတယ်။ ကလပ်နဲ့ လုံးဝ စကား ပြောသွားရတော့မှာပါ။ ကျွန်တော့်အနေနဲ့ အကြီးကြယ်ဆုံးပွဲတွေ အခိုက်အတန့်တွေမှာ ရှိချင်ပါတယ်။

ဒီရာသီမှာ အင်္ဂလန်အသင်းတွေ ချန်ပီယံလိဂ်မှာ အကောင်းဆုံး လုပ်ခဲ့တာကို ကျွန်တော် ကြည့်ရှုခဲ့ပါတယ်။ ဒီလိုပွဲမျိုးတွေမှာ ကျွန်တော် ပါဝင်ချင်ပါတယ်။ ဒါ့ကြောင့် ကျွန်တော့်ရဲ့ အနာဂတ်ကို သုံးသပ်ကာ ဥက္ကဋ္ဌနဲ့ ပွင့်လင်းစွာ ဆွေးနွေးသွားမှာပါ။ ဒီလို လုပ်နိုင်လိမ့်မယ်လို့ ကျွန်တော် မျှော်လင့်ပါတယ်။”

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular