spot_img

မန်ယူက အသင်းတစ်သင်းအသွင်ပီပီပြင်ပြင်ဖြစ်လာပြီ – ပေါလ်စခိုးလ်

ကြာသပတေးနေ့ညက ကစားသည့်ပွဲတွင် မန်ယူသည် ဘာစီလိုနာကို နူးကမ့်တွင် နှစ်ဂိုးစီသရေ ကစားနိုင်ခဲ့သည်။ မန်ယူကွင်းလယ်ကစားသမားဟောင်းစခိုးလ်က ၎င်း၏အသင်းဟောင်းကို ချီးမွမ်းပြောဆိုလိုက်သည်။ တန်းဟက်၏ ဘာစီလိုနာကို ရင်ဆိုင်သော ကစားကွက်နှင့် မန်ယူအသင်း၏ခြေစွမ်းကို စခိုးလ်က ချီးမွမ်းလိုက်သ်ည်။

အသက် ၄၈ နှစ်အရွယ်ရှိ စခိုးလ်က “ပွဲမစခင်မှာ သရေလောက်ရရင် မန်ယူက ကျေနပ်မယ်လို့ထင်နေတာ တကယ်လည်းကစားရော မန်ယူအသင်းရဲ့ကစားကွက်နဲ့သူတို့ဖန်တီးတဲ့ခြေစွမ်းတွေကို မြင်ခဲ့ရပါတယ်။ မန်ယူက ဒီနေ့ညမှာသိပ်ကောင်းပါတယ်။ အထူးသဖြင့် ဒုတိယပိုင်းမှာပေါ့”ဟုပြောသည်။

myan789

မန်ယူအသင်း၏ ဘာစီလိုနာနှင့် အိုးထရက်ဖို့တွင် ကစားမည့်ပွဲအတွက်လည်း စိတ်လှုပ်ရှားမိကြောင်း စခိုးလ်က ပြောဆိုလိုက်သည်။ “သိပ်ကောင်းတဲ့  ပွဲတစ်ပွဲဖြစ်ပါတယ်။ အသက်ရှူ ဖို့တောင်မေ့နေတယ်။ နှစ်သင်းစလုံးက အပြန်အလှန်ထိုးဖောက်ကစားသွားတယ်။ တန်းဟက်က သူပြောထားတဲ့အတိုင်း အနိုင်ရအောင် တကယ်ကြိုးစား သွားတာတွေ့ရတယ်။ ဘာစီလိုနာကတော့ သူတို့ရဲ့အကောင်းဆုံးအသင်းတစ်သင်းလို့ ပြောလို့မရသေးဘူးဆိုတာ မှန်ပါတယ်။ ဒါပေမယ့် လာမယ့်တစ်ပတ်ကြာသပတေးနေ့ကျရင်တော့ စိတ်လှုပ်ရှားစရာ ကောင်းတဲ့ ပွဲတစ်ပွဲကို ကစားရမှာ ဖြစ်ပါတယ်။ မန်ယူက အသင်းတစ်သင်းအသွင်းပီပီပြင်ပြင်ဖြစ်လာပါပြီ”ဟု စခိုးလ်က ပြောဆိုလိုက်သည်။

ဘာစီလိုနာသည် ပွဲချိန် ၅၀ မိနစ်တွင် ရာဖင်ဟာ၏ ဖန်တီးပေးမှုမှ တစ်ဆင့် အလွန်ဆိုက အဖွင့်ဂိုးကို သွင်းယူပေးခဲ့သည်။ ထို့နောက် ပွဲချိန် ၅၂ မိနစ်တွင် ဖရက်ဒ်၏ ဖန်တီးပေးမှုမှတစ်ဆင့် ရက်ရှ်ဖို့က ပြိုင်ဘက် ပင်နယ်တီဧရိယာ ညာဘက်ထောင့်မှ နေ၍ ညာခြေဖြင့် ဘာဆာဂိုးသမားကိုလှပစွာ ကျော်ဖြတ်ပြီး ချေပဂိုးကို သွင်းယူပေးခဲ့သည်။ ထို့နောက်ပွဲချိန် ၅၉ မိနစ်တွင် ရက်ရှ်ဖို့ကပင် ပင်နယ်တီဧရိယာအစပ်မှနေ၍ ဘာဆာဂိုးရှေ့သို့ ဖြတ်တင်ပေးလိုက်သော ဘောလုံးကို ရှင်းထုတ်ရင်း ဘာဆာ၏ ပြင်သစ်ခံစစ်မှူးကွန်ဒီက ကိုယ့်ဂိုးကိုယ်သွင်းမိခြင်း ဖြစ်သည်။ ဘာစီလိုနာသည် ဒုတိယဂိုးပေးလိုက်ရပြီးနောက် ချေပဂိုးရရန် ကြိုးစားလာသည်။ ပွဲချိန် ၇၆ မိနစ်တွင် ရာဖင်ဟာက အဝေးမှလှမ်းကန်လိုက်သော ဘောလုံးကို ဝါရင့်တိုက်စစ်မှူး လီဝမ်ဒေါ့စကီးက ပြေးဝင်ပိတ်ရာ ဒဟေးယား ဗာရန်းနှင့် ကာဆီမီရိုတို့က ၎င်းကို ဝိုင်းရံ၍ အာရုံစိုက်နေချိန်တွင် ဘောလုံးသည် လီဝမ်ဒေါ့စကီးပိတ်သည့်ခြေထောက်နှင့်မထိပဲ ဂိုးဝင်သွားခဲ့သဖြင့် ဘာစီလိုနာတို့ ချေပဂိုးရရှိပြီး နှစ်ဂိုးစီသရေကျခဲ့ခြင်းဖြစ်သည်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular