spot_img

ယူနိုက်တက်နဲ့ သတင်းကြီးနေခဲ့တဲ့ မေဆွန်မောင့်နဲ့ ပတ််သက်လို့ စိုးရိမ်မိတဲ့အချက်ကို ထုတ်ပြောလိုက်တဲ့ ဂယ်ရီ နဗီးလ်

ယူနိုက်တက် ဂန္တဝင် ဂယ်ရီ နဗီးလ် ကတော့ ချဲလ်ဆီး မှ မန်ချက်စတာ ယူနိုက်တက် အသင်းဆီ ပြောင်းဖို့ သတင်းကြီိးနေခဲ့တဲ့ ကွင်းလယ်လူ မေဆွန်မောင့်ဟာ အသင်းကိုပိုပြီး အင်အားတောင့်တင်းစေနိုင်တဲ့ အဖြေတစ်ခု မဟုတ်ဘူးလို့ သုံးသပ်သွားခဲ့လိုက်ပါတယ် ။

လက်ရှိအချိန်မှာ မန်ချက်စတာ ယူနိုက်တက် အသင်းက ချဲလ်ဆီး ကွင်းလယ်လူကို ခေါ်ယူဖို့ personnel term အရ ကြိုတင်သဘောတူညီမှု ရရှိထားခဲ့ပြီလို့ သတင်းတွေ ကြီးနေခဲ့ရပါတယ် ။ ဒါပေမဲ့ တရားဝင်ထုတ်ပြန်ကြေငြာချက်တွေတော့ မထွက်လာသေးပါဘူး ။

myan789

ချဲလ်ဆီး အသင်းဖက်ကတော့ ကစားသမားအတွက် မြင့်မားတဲ့ ပြောင်းရွှေ့ကြေး တစ်ရပ်ကို ရရှိလိုနေခဲ့ပေမဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းဖက်ကတော့ စာချုပ် သိပ််မကျန်တဲ့ ကစားသမားကို ခေါ်ယူရေးမှာ စျေးလျှော့ချဖို့ လုပ်နေတဲ့အတွက် အတည်ပြုချက် မရသေးတာပဲ ဖြစ်ပါတယ် ။

ဘယ်လိုပဲဖြစ်ပါစေ ၊ ယူနိုက်တက် ဂန္တဝင် ဂယ်ရီ နဗီးလ် က မေဆွန်မောင့်ဟာ အသင်းဟောင်းအတွက် အဖြေတစ်ခု မဟုတ်ဘူးလို့ ယုံကြည်နေပြီး သရဲနီတို့ အနေနဲ့ အသင်းကို နောက်တစ်ဆင့် တက်ရောက်စေနိုင်မယ့် ကစားသမားမျိုးကို ခေါ်ယူသင့်ကြောင်း ပြောခဲ့လိုက်ပါတယ် ။

” မေဆွန်မောင့်ရဲ့ သတင်းနဲ့ ပတ်သက်လို့ ကျွန်တော် အံ့အားသင့်မိပါတယ် ။ ဒါကို ရိုးရိုးသားသား ဝန်ခံလိုက်တာပါ ။ သတင်းတွေအရ ပေါင် သန်း 60 လောက် အထိ ကုန်မယ်လို့ ကြားရပါတယ် ။ သူက ကစားသမားကောင်းတစ်ဦးပါ ။ အဲ့တာက မေးခွန်းထုတ်စရာ မဟုတ်ပါဘူး ”

” ကျွန်တော်က ယူနိုက်တက်မှာ ရှိနေကြတဲ့ ကစားသမားတွေကို ကြည့်နေတာပါ ။ အသင်းမှာ ဘရူနို ၊ အဲရစ်ဆင် ၊ ကာစီမီရို ၊ ဖရက် ၊ တော်မီနေး တို့တွေ ရှိနေကြတယ်လေ ။ အဲ့တော့ မောင့်က ပြသနာတွေ ဖြေရှင်းနိုင်မယ့်သူပဲလို့ ကျွန်တော် ထင်မိလား? ကျွန်တော်ဖက့်က မသေချာပါဘူး ”

” ကျွန်တော့်အတွက်တော့ ဂျုဒ် ဘယ်လင်ဂမ် အတွက် ပေါင် သန်း 100 ပေးလိုက်တာ ၊ ဒါမှနဟုတ် ဒီကလန် ရိုက်စ် အတွက် ပေါင် သန်း 80-100 ပေးလိုက်တာကမှ ပိုကောင်းဦးမယ်လို့ တွေးမိပါတယ် ။ မောင့် ဟာ ယူနိုက်တက် အတွက် တကယ့်ကို ကောင်းတဲ့ခေါ်ယူမှုပါ ။ ဒါပေမဲဲ့ အသင်းကို ဖြည့်စွက်ပေးနိုင်တာပဲ ရှိပါလိမ့်မယ် ”

” မောင့် ၊ ဘရူနို နဲ့ ကာစီမီရို တို့ ယူနိုက်တက် ကွင်းလယ်လူ သုံးယောက် အတွဲအဖြစ် ကစားနိုင်မလား ? ပေါင် 60 သန်းလောက် သုံးလိုက်တယ် ၊ အဲ့ဒီလို ငွေသုံးစွဲမှုတွေက အဆင့် 3 နေရာကနေ အမှတ်ပေး ဖလားကို ဆွတ်ခူးနိုင်ရေးမှာ အထောက်အကူ ဖြစ်စေနိုင်ဖို့ အရေးကြီးလွန်းလှပါတယ် ”

” လက်ရှိ ယူနိုက်တက် အသင်းက လက်ထဲမှာ ငွေမကိုင်နိုင်သေးသလို အသင်းပိုင်ရှင်သစ်ဖြစ်လာမယ့်သူဆီကပါ ငွေတွေ စိတ်ကြိုက် သုံးစွဲလို့ ရနိုင်တယ်ဆိုတဲ့ ကတိပေးမှုမျိုးကိုလည်း မရနိုင်ခဲ့သေးဘူးလေ ” လို့ ဂယ်ရီ နဗီးလ်က ပြောခဲ့လိုက်တာပဲ ဖြစ်ပါတယ် ။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular