spot_img

ရစ်သမ် ပြန်မိရန် ယူကရိန်း ယူ၂၁ အသင်းနဲ့ ပူးပေါင်းဖို့ အထိ အသင့်ပြင်ထားတဲ့ မူဒရစ်

ချဲလ်ဆီး အသင်းရဲ့ ယူကရိန်း လက်ရွေးစင် တောင်ပံကစားသမား မစ်ခ်ဟိုင်းလို မူဒရစ်ဟာ လာမယ့် ဇွန်လ ၂၁ရက်နေ့မှာ ကျင်းပမယ့် ယူ၂၁ ဥရောပချန်ပီယံရှစ် ပြိုင်ပွဲ အတွက် ယူကရိန်း ယူ၂၁ အသင်းသို့ ဆင်းပြီး ပူးပေါင်းပါဝင်ပေးဖို့ အသင့်ရှိနေကြောင်း The Telegraph သတင်းဌာနက ဖော်ပြသွားပါတယ် ။

လက်ရှိမှာ အသက် ၂၂နှစ် အရွယ် ရှိနေသည့်တိုင် မူဒရစ်ဟာ ပြီးခဲ့တဲ့ ရိုမေးနီးယားနဲ့ ဂျော်ဂျီယာတို့ အိမ်ရှင် အဖြစ် ကျင်းပခဲ့တဲ့ ယူ၂၁ ဥရောပချန်ပီယံရှစ် ပြိုင်ပွဲတွေမှာ ယူကရိန်း ယူ ၂၁ အသင်းအတွက် ၂၁ပွဲ အထိ ပါဝင် ကစားပေးခဲ့ဖူးတာကြောင့် အခုအချိန်အထိ ထိုအဆင့်မှာ ကစားခွင့် ရဖို့ အကျုံးဝင်နေဆဲ ဖြစ်ပါတယ် ။

myan789

ပြီးခဲ့တဲ့ ဇန်နဝါရီ စျေးကွက်မှာ အာဆင်နယ်သို့ ရှေ့ဦးစွာ ပြောင်းရွှေ့ဖို့ နီးစပ်ခဲ့ပေမယ့် ၊ အခြား လန်ဒန်မြို့ခံ အင်အားကြီး ကလပ် ဖြစ်တဲ့ ချဲလ်ဆီးမှ ပိုပြီး ရေရာမှုရှိတဲ့ အပိုဆုကြေးနဲ့ ကမ်းလှမ်းတာကြောင့် ၊ ရှက်တာဒိုးနက်စ်ရဲ့ ရွေးချယ်မှု အပြင် မူဒရစ် ကိုယ်တိုင်ပါ လိုက်လိုက်လျောလျောနဲ့ ချဲလ်ဆီးသို့ ပြောင်းရွှေ့ဖို့ ရွေးချယ်ခဲ့ရပါတယ် ။

သို့ပေမယ့် ထို၂သင်းရဲ့ ပြီးခဲ့တဲ့ ဘောလုံးရာသီ ပရီးမီးယားလိဂ် အဆင့် ရပ်တည်မှု ၁၀နေရာ အထိ ကွာဟခဲ့သလို ၊ မူဒရစ်ဟာလည်း ကလပ်သမိုင်းတလျှောက် အရုန်းကန်ရဆုံး ဖြစ်ခဲ့တဲ့ ချဲလ်ဆီးမှာ အခြား ကစားသမား အများစုလို ထူးမခြားနား ဖြစ်ခဲ့ပါတယ် ။

ပြီးခဲ့တဲ့ ဒုတိယရာသီဝက်က မူဒရစ်ရဲ့ ခြေစွမ်းဟာ အပိုဆုကြေး အပါအဝင် ယူရိုသန်း ၁၀၀ ပေးချေရတာနဲ့ ထိုက်တန်မှု မရှိနေပေမယ့် ၊ ကလပ်ဖက်က ၄င်းအပေါ် စိတ်ရှည်သည်းခံနေဆဲ ဖြစ်သလို ၊ ကစားသမားဖက်ကလည်း ကြိုးစားအားထုတ်မှု လျော့မယ့်ပုံ မပေါ်နေတာကို ယူကရိန်း ယူ၂၁ အဆင့်အထိ ဆင်းပြီး ရစ်သမ်ပြန်ရှာဖို့ ကြိုးစားနေခြင်းက သက်သေထူနေပါတယ် ။

လက်ရှိအချိန်အထိတော့ ယူကရိန်း ယူ၂၁ဖက်က မူဒရစ်ကို အပြီးသတ် ကစားသမားစာရင်းမှာ တရားဝင် ထည့်သွင်း ရွေးချယ်မှု မလုပ်ရသေးပေမယ့် ၊ ချဲလ်ဆီးဖက်ကတော့ မူဒရစ်ရဲ့ ဆုံးဖြတ်ချက် အပေါ် ထောက်ခံထားသလို ၊ ပွင့်ပွင့်လင်းလင်း တံခါး ဖွင့်ပေးထားပါတယ် ။

အခုလို မူဒရစ် တယောက် ယူ၂၁ အသင်းနဲ့ ပြန်ပူးပေါင်းဖို့ လုပ်ဆောင်နေခြင်းဟာ နည်းပြသစ် မော်ရစ်စီယို ပိုချက်တီနို အပေါ် အတိုင်းအတာ တရပ် အထိ အထင်ကြီးစေကြောင်းလည်း သိရပါတယ် ။ တဖက်မှာ ယူကရိန်း လက်ရွေးစင် အသင်းဟာလည်း ယူရိုခြေစစ်ပွဲတွေ ကစားဖို့ ရှိနေသေးပြီး လာမယ့် ရက်တွေမှာ မြောက်မက်ဆီဒိုးနီးယား ၊ မော်လ်တာ အသင်းတွေနဲ့ ရင်ဆိုင်ကစားရမှာ ဖြစ်ပါတယ် ။

မူဒရစ်ကတော့ လက်ရွေးစင် အတွက်ရော ၊ ယူ၂၁ အတွက်ပါ မငြိုမငြင်ပဲ ကစားပေးဖို့ အသင့်ဖြစ်နေပေမယ့် ၊ တသင်းကပဲ ၄င်းကို အတည်ပြု ဆင့်ခေါ်ခွင့်ရှိနေပါတယ် ။ မနေ့ညကတော့ မူဒရစ်ဟာ ဂျာမနီနဲ့ ချစ်ကြည်ရေး ခြေစမ်းပွဲမှာ ပွဲထွက်ပါဝင်ခဲ့ပြီး ၊ ကိုယ်တိုင် ဂိုးရဖို့ နီးစပ်ခဲ့ပေမယ့် ၊ ၄င်းရဲ့ ကန်ချက်ဟာ ရူဒီဂါနဲ့ ထိပြီး ဝင်ခဲ့တာကြောင့် OG အဖြစ် သတ်မှတ်ခံခဲ့ရပါတယ် ။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular