မန်ယူတိုက်စစ်မှူး မားကပ်စ်ရပ်ရှ်ဖိုဒ် ဟာ သူ့ရဲ့ ကစားသမားဘ၀ အအောင်မြင်ဆုံး ရာသီကို ဂိုးရှေ့မှာ ပျော်ရွှင်စွာ ဖြတ်သန်းနေပြီး အသင်းဖော်ဟောင်း ခရစ္စတီယာနို ရော်နယ်ဒို ကတော့ အသင်းသစ်ကို ပြောင်းရွှေ့သွားခဲ့ပြီ ဖြစ်ပါတယ်။
စီရော်နယ်ဒိုရဲ့ လွှမ်းမိုးမှုကို မားကပ် ရပ်ရှ်ဖိုဒ်ရဲ့ ဒီရာသီ မန်ယူအသင်း အတွက် ဖမ်းစားနိုင်တဲ့ ပုံစံမှာ မြင်တွေ့နိုင်တယ်လို အင်္ဂလန်ခံစစ်မှူးဟောင်း စတီဖင် ဝါနော့ က အခိုင်အမာ ဆိုထားပါတယ်။
ပေါ်တူဂီတိုက်စစ်မှူး စီရော်နယ်ဒို ဟာ ယခုရာသီတွင် အိုးလ်ထရက်ဖိုဒ်တွင် ပွဲထွက်ခွင့်ဆုံးရှုးခဲ့ပြီး နောက်ဆုံးတွင် နိုဝင်ဘာလတွင် နှစ်ဖက်သဘောတူညီမှုဖြင့် အသင်းမှထွက်ခွာကာ ကမ္ဘာ့ဖလားပြီးနောက် Al-Nassr သို ပြောင်းရွှေ့ခဲ့ပါတယ်။ ဒါ ပေမဲ့လည်း ရပ်ရ်ှဖိုဒ် က မန်ယူ ရဲ့ အမှတ်ပေးဇယားတွင် ထိပ်ဆုံးမှ ရပ်တည်နေပြီး ဗုဒ္ဓဟူးနေ့ (မြန်မာစံတော်ချိန် ဧပြီ ၆) က ဘရန့်ဖိုဒ်ကို အနိုင်ရပြီးနောက် ပြိုင်ပွဲအရပ်ရပ်တွင် သူ့ရဲ့သမိုင်းကြောင်းတစ်လျှောက် အကောင်းဆုံး ၂၈ ဂိုးဖြင့် ရပ်တည်နေပါတယ်။

စီရော်နယ်ဒို ဟာ မန်ယူတွင် သူ့ရဲ့ဒုတိယအကြိမ်ကစားတဲ့ ကာလအတွင်း ပထမရာသီမှာ သရဲနီတွေအတွက် ထိပ်တန်းဂိုးသွင်းနိုင်ခဲ့ပေမဲ့လည်း သူ့ရဲ့ ပြန်လာမှုက အပြုသဘောဆောင်တဲ့ သတ်မှတ်ချက်နည်းပါးစွာနဲ့ ပြီးဆုံးခဲ့ပါတယ်။ ဝါရင့်ကစားသမား ထွက်ခွာသွားပြီးနောက်မှာတောင် ရပ်ရှ်ဖိုဒ် ဟာ အောင်မြင်မှုတွေနဲ့အတူ အပြုသဘောဆောင်တာတွေ တွေ့ရှိခဲ့တာကို တွေ့ရပါတယ်။

ဝါနော့ ရဲ့ သုံးသပ်ချက်မတိုင်မီ အစောပိုင်းကလည်း ရပ်ရှ်ဖိုဒ်ကိုယ်တိုင်က သူ့ကို စီရော်နယ်ဒို က အပြုသဘောဖြင့် ဝေဖန်အကြံပေးခဲ့ကြောင်း ဖွင့်ဟခဲ့ပါသေးတယ်။ ရပ်ရှ်ဖိုဒ်ရဲ့ လေ့ကျင့်ရေးကွင်းမှာ အားသွန်ခွန်စိုက်ကြိုးပမ်းချက်တွေအကြောင်းလည်း ဇန်နဝါရီလကလည်း သတင်းတွေထွက်ရှိခဲ့ပါသေးတယ်။

