spot_img

လာလီဂါပွဲစဉ် ပွဲကြိုသုံးသပ်ချက်

အယ်လ်ချီ – လီဗန်တေး (မြန်မာစံတော်ချိန် ဧပြီလ ၂၄ ရက် ည ၆:၃၀ နာရီ)
လီဗန်တေးရဲ့အနေအထားက ခုချိန်မှာ ပုံမှန်မဟုတ်တော့ဘူး။ အသင်းက လိုသလောက်ပဲ ကစားပြနေသလိုတွေ့ရတယ်။ အယ်လ်ချီက တန်းမဆင်းရဖို့ ရုန်းကန်နေရတဲ့အသင်းပီပီ အိမ်ကွင်းအားကို အသုံးချနေတယ်။ အယ်လ်ချီနဲ့ ဂိုးအများပါပဲ။

ဗယ်လာဒိုလစ် – ကာဒစ်ဇ် (မြန်မာစံတော်ချိန် ဧပြီလ ၂၄ ရက် ည ၈:၄၅ နာရီ)
တန်းဆင်းအန္တရာယ်ရှိလာနေတဲ့ ဗယ်လာဒိုလစ် အမှားခံတော့မယ်မထင်ဘူး။ ဒါပေမဲ့ ခက်တာက တိုက်စစ်ပိုင်းဂိုးရဖို့ ရုန်းကန်နေရပြီး အခုရင်ဆိုင်ရမယ့် ကာဒစ်ဇ်က အဝေးကွင်းခံစစ်အား ပြုကစားတဲ့အသင်းဖြစ်နေတာပဲဖြစ်တယ်။ ဒီပွဲရဲ့အဖြေက ဗယ်လာဒိုလစ်တိုက်စစ် ဂိုးရအောင်ကစားနိုင်၊ မကစားနိုင်ဆိုတာပါပဲ။ ဗယ်လာဒိုလစ်နဲ့ ဂိုးအနည်းပဲဦးစားပေးထားချင်တယ်။

myan789

ဗလင်စီယာ – အလာဗတ်စ် (မြန်မာစံတော်ချိန် ဧပြီလ ၂၄ ရက် ည ၁၁:၀၀ နာရီ)
တန်းမဆင်းရရေး အလာဗတ်စ်ရဲ့ အဝေးကွင်းရုန်းအား ထိရောက်မှုရှိ၊ မရှိပဲ စောင့်ကြည့်ရမယ်။ ဗလင်စီယာကလည်း တိုက်စစ်က ဂိုးရအောင်မကစားနိုင်ပေမဲ့ ခံစစ်စိတ်မချရတဲ့အသင်းမျိုးဖြစ်နေလို့ အလာဗတ်စ် အခွင့်အရေးရသွားမယ်ထင်တယ်။ သရေကျဖို့များပြီး ဂိုးများသွားနိုင်တဲ့ပွဲမျိုးပါပဲ။

ရီးယဲလ်မက်ဒရစ် – ဘက်တစ် (မြန်မာစံတော်ချိန် ဧပြီလ ၂၅ ရက် နံနက် ၁:၃၀ နာရီ)
ရီးယဲလ်မက်ဒရစ်ကလည်း ချန်ပီယံမျှော်လင့်ချက်တွေအတွက် ချန်ပီယံလိဂ်နဲ့ လာလီဂါ (၂)ခုစလုံးမှာ ဟန်ချက်ညီဖို့ မနည်းကြိုးစားနေရပုံပါပဲ။ အထူးသဖြင့် အသင်းအင်အားကို ထိန်းသိမ်းနိုင်ဖို့ အလှည့်ကျလူထုတ်ပုံကို သုံးကြည့်ပေမဲ့လည်း အလုပ်သိပ်မဖြစ်သလို တွေ့နေရသေးတယ်။ ဇီဒန်း စိတ်ကြိုက် ပွဲထွက် (၁၁)ဦးနဲ့ ကျန်အစားဝင်ကစားသမားတွေကြားမှာ ကစားပုံ သိသာစွာကွာနေသေးတာကို ဘာစီလိုနာကိုနိုင်၊ လီဗာပူးလ်ကို သရေကစားပြီး၊ ဂီတာဖေးနဲ့ သရေကျသွားတဲ့ပွဲတွေမှာ တွေ့ခဲ့ရတယ်။ တိုက်စစ်မှာ ဘန်ဇီမာ မကစားနိုင်တာနဲ့ ဂိုးရဖို့ ခက်သွားတာမျိုးတွေ့ရလို့ အခုအိမ်ကွင်းမှာ ဘက်တစ်ကို ရင်ဆိုင်ဖို့ နည်းပြ ဇီဒန်းရဲ့ ပွဲထွက်လူစာရင်းအခင်းအကျင်းက အဓိကကျနေမှာ သေချာတယ်။ ဒီပွဲပြီးရင်လည်း ချယ်လ်ဆီးနဲ့ ချန်ပီယံလိဂ်ပွဲ နွှဲရမှာဆိုတော့ ရီးယဲလ်ရဲ့လူထုတ်ပုံက ခန့်မှန်းရမလွယ်တာ အမှန်ပါ။ ဒီပွဲလည်း မာမာကျောကျောတုံ့ပြန်လာဖို့ ရှိနေတဲ့ ဘက်တစ်ကိုပဲ ကြိုက်တယ်။ ဂိုးလည်းများမယ်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular