ဆီဗီလာ – ဗီလာရီးယဲလ် (မြန်မာစံတော်ချိန် ဒီဇင်ဘာလ ၄ ရက် ည ၇:၃၀ နာရီ)
နှစ်သင်းစလုံး ဒီပွဲအပြီးကစားရမယ့် ချန်ပီယံလိဂ်ဘက်ကို အာရုံပိုရောက်နေလိမ့်မယ်ထင်တယ်။ ဒါကြောင့် အခုပွဲကို နှစ်သင်းစလုံး ထိန်းကစားရင်း အမှတ်ရှာကြမယ့်ပုံပဲ။ ဒါပေမဲ့ လတ်တလောခြေစွမ်းတွေအရတော့ ဆီဗီလာကွင်းမှာ ဗီလာရီးယဲလ်ကို သိပ်ပြီးမျှော်လင့်ထားလို့ မရနိုင်ဘူးထင်တယ်။ ဆီဗီလာနဲ့ ဂိုးအနည်းပဲ ကောင်းမယ်။
ဘာစီလိုနာ – ဘက်တစ် (မြန်မာစံတော်ချိန် ဒီဇင်ဘာလ ၄ ရက် ည ၉:၄၅ နာရီ)
လာလီဂါမှာ နိုင်ပွဲဆက်အောင်ကစားနိုင်လို့ ဇာဗီရဲ့ဘာစီလိုနာ စိတ်ဓာတ်ပိုင်း အားကောင်းနေချိန်လို့ ပြောနိုင်တယ်။ အခုပွဲလည်း ဘက်တစ်ကို အိမ်ကွင်းမှာ လက်ခံကစားရမှာဆိုတော့ ဘာစီလိုနာပဲ အသာစီးနဲ့ ဖိအားပေးကစားနိုင်ဦးမှာပဲ။ အစဉ်အလာတွေ့ဆုံမှုတွေမှာ ဘက်တစ်ကို အမြဲလိုအသာစီးရထားတာကလည်း ဘာစီလိုနာဘက်က အားသာချက်လိုဖြစ်နေပြန်တယ်။ ဒါပေမဲ့ ဒီပွဲအပြီး ဘိုင်ယန်ကွင်းမှာ ချန်ပီယံလိဂ် အဆုံးအဖြတ်နောက်ဆုံးပွဲ ကစားဖို့ရှိနေတဲ့ ဘာစီလိုနာအနေနဲ့ ဒီပွဲမှာ အားကုန်သုံးကစားပါ့မလားဆိုတာ စဉ်းစားစရာပါပဲ။ ဘက်တစ်ကလည်း လက်ရှိခြေစွမ်း သိပ်ပြီးညံ့နေတဲ့အသင်းမျိုး မဟုတ်ဘူး။ ဘက်တစ်ရဲ့အဝေးကွင်းခံစစ်သတိထားကစားနိုင်ပုံကလည်း ဂိုးရရေးရုန်းကန်နေရဆဲ ဘာစီလိုနာတိုက်စစ်ကို စိန်ခေါ်သလို ဖြစ်နေပြန်တယ်။ ဒါပေမဲ့ နိုင်ပွဲဆာလောင်နေတဲ့ ဘာစီလိုနာကို ရွေးရမှာဖြစ်ပြီး ဂိုးများနိုင်တယ်။
အက်သလက်တီကို – မာယော့ကာ (မြန်မာစံတော်ချိန် ဒီဇင်ဘာလ ၄ ရက် ည ၁၂:၀၀ နာရီ)
မာယော့ကာက အခုတလော ကစားပုံလျော့နေပြီး အဝေးကွင်းပွဲတွေမှာ တောက်လျှောက်ရုန်းနေရတယ်။ အထူးသဖြင့် အဝေးကွင်းခံစစ်ကစားပုံကလည်း အားရစရာသိပ်မရှိလှတဲ့ အချိန်မျိုးဖြစ်နေလို့ ဒီရာသီမှာ ဂိုးတွေသွင်းနိုင်ဖို့ ပိုပြီးအားထုတ်ကစားနေတဲ့ အက်သလက်တီကိုကို တောင့်ခံကစားပြနိုင်ဖို့ မရှိဘူး။ အက်သလက်တီကိုနဲ့ ဂိုးအနည်းပဲ ရွေးထားရမယ်။
ဆိုစီဒက် – ရီးယဲလ်မက်ဒရစ် (မြန်မာစံတော်ချိန် ဒီဇင်ဘာလ ၅ ရက် နံနက် ၂:၃၀ နာရီ)
ရီးယဲလ် အရှိန်ရလာပြီလို့ ပြောနိုင်တယ်။ ရီးယဲလ်တိုက်စစ်မှာ ဘန်ဇီမာနဲ့ ဗင်နီစီယပ်စ်တို့ အတွဲညီညီနဲ့ ဂိုးတွေရလာတာ၊ ကွင်းလယ်မှာ မိုဒရစ်၊ ကရို့စ်၊ ကက်စီမီရိုအတွဲ ပုံမှန်သုံးလာနိုင်ပြီးနောက် တိုက်စစ်ကစားပုံပါ အားကောင်းလာတာက ရီးယဲလ်ရဲ့အားသာချက်တွေလို့ ပြောနိုင်တယ်။ ဒါပေမဲ့ ခံစစ်ကတော့ ဂိုးတွေပုံမှန်ပေးနေရသေးလို့ ရီးယဲလ်ရဲ့တိုက်စစ်နဲ့ခံစစ်ဟန်ချက်ညီဖို့တော့ လိုသေးတယ်။ ဆိုစီဒက်ကလည်း အခုတလော ကစားပုံပြန်လျော့သွားသလိုပါပဲ။ နိုဝင်ဘာအတွင်း ကစားခဲ့တဲ့ ပြိုင်ပွဲစုံ (၆)ပွဲမှာ နိုင်ပွဲတစ်ပွဲသာ ရထားတယ်။ ဒီလိုအချိန်မှာ ရီးယဲလ်နဲ့ရင်ဆိုင်ရလို့ ဆိုစီဒက်မှာ ဖိအားပိုရှိနေမှာ သေချာတယ်။ ပြီးခဲ့တဲ့ရာသီက ရီးယဲလ်ကို (၂)ကြိမ်စလုံး သရေကစားထားပေမဲ့ ဒီပွဲမှာ ဆိုစီဒက် အလွန်ဆုံးမျှော်လင့်နိုင်မှာ သရေတစ်မှတ်ပဲလို့ထင်တယ်။ ရီးယဲလ်နဲ့ ဂိုးအနည်းပဲ ဦးစားပေးထားရမယ့်ပွဲဖြစ်နေတယ်။