spot_img

လာလီဂါပွဲစဉ် (၂၅) ပွဲကြိုသုံးသပ်ချက်

အီဘာ – ဟွယ်ဆကာ (မြန်မာစံတော်ချိန် ဖေဖော်ဝါရီ ၂၇ ရက် ည ၇:၃၀ နာရီ)
ဟွယ်ဆကာ အမှတ်ရအောင်ပြန်ရုန်းထနေချိန်မှာ အီဘာ ကစားပုံ ပြန်ပြန်လျော့လာသလိုပါပဲ။ အထူးသဖြင့် အီဘာတိုက်စစ် ဂိုးရနှုန်းလျော့လာတာက အမှတ်ရအောင် အတတ်နိုင်ဆုံး အားထုတ်နေတဲ့ ဟွယ်ဆကာဘက်ကို ဂိုးရဖို့လည်း ခက်ခဲနေဦးမယ်ထင်ပါတယ်။ ဟွယ်ဆကာနဲ့ ဂိုးအနည်းပဲ ကြိုက်တယ်။

ဆီဗီလာ – ဘာစီလိုနာ (မြန်မာစံတော်ချိန် ဖေဖော်ဝါရီ ၂၇ ရက် ည ၉:၄၅ နာရီ)
ဘာစီလိုနာတို့ ချန်ပီယံလိဂ်ဂိုးပြတ်ရှုံးပွဲနဲ့ စိတ်ဓာတ်ပိုင်း ထိခိုက်သွားပုံပေါ်နေတယ်။ အသင်းကစားပုံ ပြန်လျော့သွားတာကို ကာဒစ်ဇ်နဲ့ သရေကျတဲ့ပွဲမှာ တွေ့လိုက်ရတယ်။ အခု ရင်ဆိုင်ရမယ့် ဆီဗီလာကိုလည်း နောက်ဆုံးတွေ့ဆုံထားတဲ့ ပြိုင်ပွဲစုံ (၃)ပွဲစလုံး အနိုင်မရခဲ့တဲ့အပြင် အခုကစားရမှာကလည်း ဆီဗီလာအသင်းရဲ့ကွင်းမှာဆိုတော့ ဘာစီလိုနာအတွက် ဖိအားပိုရှိနေစေမယ့်ပွဲမျိုးဖြစ်နေတယ်။ ဆီဗီလာကတော့ ခပ်မှန်မှန်ပဲ သွားနေတယ်။ အသင်းကစားပုံနဲ့ ရလဒ်ပိုင်းက လာလီဂါမှာ တည်ငြိမ်နေတာတွေ့ရတယ်။ အထူးသဖြင့် လာလီဂါမှာ ခံစစ်ပိုင်းတည်တည်ငြိမ်ငြိမ်နဲ့ ကစားပြနေပြီး တိုက်စစ်က ဂိုးရရုံနဲ့ အနိုင်ရအောင်ထိန်းကစားတတ်တဲ့ ဆီဗီလာရဲ့ကစားပုံက ဘာစီလိုနာထက်စာရင် အများကြီးပိုတည်ငြိမ်တယ်လို့ ပြောလို့ရတယ်။ နောက်ပိုင်းပွဲတွေမှာ ဘာစီလိုနာ အဝေးကွင်း ကစားပုံမဆိုးပေမဲ့ လက်ရှိအသင်းလိုက်စိတ်ပိုင်းဆိုင်ရာ အတက်အကျများလွန်းနေတာကြောင့် ပုံမှန်တွက်ဆလို့မရသေးတာ အမှန်ပဲ။ ဆီဗီလာနဲ့ ဂိုးအနည်းပဲ ကောင်းမယ်ထင်တယ်။

myan789

အလာဗတ်စ် – အိုဆာဆူနာ (မြန်မာစံတော်ချိန် ဖေဖော်ဝါရီ ၂၇ ရက် ည ၁၂:၀၀ နာရီ)
ခုတလော အလာဗတ်စ်ရဲ့ခြေစွမ်း အတက်အကျများနေတယ်။ အိုဆာဆူနာကလည်း အတတ်နိုင်ဆုံးထိန်းကစားနေပြီး အမှတ်ရအောင်ရှာနေချိန်ဖြစ်တဲ့အပြင် အဝေးကွင်းကစားပုံလည်း အဆိုးကြီးမဟုတ်လို့ အလာဗတ်စ်ကို အခက်တွေ့အောင် တုံ့ပြန်နိုင်စွမ်းရှိနေတယ်။ ဂိုးနည်းသရေပွဲလို့ပဲ မှန်းထားချင်တယ်။

ဂီတာဖေး – ဗလင်စီယာ (မြန်မာစံတော်ချိန် ဖေဖော်ဝါရီ ၂၈ ရက် နံနက် ၂:၃၀ နာရီ)
(၂)သင်းစလုံးရဲ့ခြေစွမ်းက အားရစရာ သိပ်မရှိလှပါဘူး။ ဗလင်စီယာကတောင် ပိုဆိုးနေသလိုတွေ့ရပြီး ရလဒ်ပိုင်း အတက်အကျလည်း များတယ်။ နောက်ပြီး အဝေးကွင်းမှာလည်း ဗလင်စီယာရဲ့ကစားပုံ၊ ကစားအား ပုံမှန်မရှိလို့ အိမ်ကွင်းအားနဲ့ ကစားပြနိုင်တဲ့ ဂီတာဖေးလိုအသင်းကို ကျော်ဖြတ်ဖို့ခက်မယ် ထင်တယ်။ ဂီတာဖေးရဲ့ ခြေစွမ်းကလည်း အတက်အကျရှိနေပြီး တိုက်စစ်က ဂိုးသွင်းအားနည်းပေမဲ့ အိမ်ကွင်းအားကိုတော့ ကောင်းကောင်းအသုံးချနိုင်လို့ ဂီတာဖေးကိုပဲ ရွေးထားလိုက်တယ်။ ဂိုးလည်း များနိုင်တယ်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular