ဂီတာဖေး – ကာဒစ်ဇ် (မြန်မာစံတော်ချိန် ဧပြီလ ၁၀ ရက် ည ၆:၃၀ နာရီ)
တန်ဆင်းအန္တရာယ်နဲ့ နီးလာပြီဖြစ်လို့ ဂီတာဖေး အမှားခံတော့မယ်မထင်ဘူး။ အထူးသဖြင့် အိမ်ကွင်းမှာ အမှတ်မဖြုန်းတီးဖို့ အားထုတ်လာနိုင်တယ်။ မဖြစ်မနေနိုင်ပွဲလိုနေတဲ့ အိမ်ရှင် ဂီတာဖေးနဲ့ ဂိုးအနည်းပဲကောင်းမယ်ထင်တယ်။
ဘီလ်ဘာအို – အလာဗတ်စ် (မြန်မာစံတော်ချိန် ဧပြီလ ၁၀ ရက် ည ၈:၄၅ နာရီ)
အမှတ်ပေးဇယားအောက်ဆုံးအထိဆင်းသွားတဲ့ အလာဗတ်စ် ပြန်လာနိုင်ပါ့မလားဆိုတာပဲ စောင့်ကြည့်ရတော့မယ်။ ဘီလ်ဘာအိုကတော့ စပိန်ဘုရင့်ဖလားဗိုလ်လုပွဲ (၂)ခုကြားအာ ရုံများနိုင်ပေမဲ့ အိမ်ကွင်းမှာတော့ အနိုင်ကစားပါလိမ့်မယ်။
အီဘာ – လီဗန်တေး (မြန်မာစံတော်ချိန် ဧပြီလ ၁၀ ရက် ည ၁၁:၀၀ နာရီ)
အီဘာကလည်း တန်းဆင်းဇုန်အဆင့် (၁၉)နေရာက ပြန် ရုန်းထွက်ပြရတော့မယ်။ ဒါပေမဲ့ အိမ်ကွင်းထက် အဝေးကွင်းက စားပုံပိုမာနေတဲ့ လီဗန်တေးရဲ့ကစားအားကို အတော်လေး ယှဉ်ကစားနိုင်မှ အီဘာ အခွင့်အရေးကောင်းနိုင်လိမ့်မယ်ထင်တယ်။ ဂိုးနည်း သရေပွဲလို့ပဲ မှန်းထားချင်တယ်။
ရီးယဲလ်မက်ဒရစ် – ဘာစီလိုနာ (မြန်မာစံတော်ချိန် ဧပြီလ ၁၁ ရက် နံနက် ၁:၃၀ နာရီ)
ဇီဒန်းလက်ထက်မှာ ရီးယဲလ်မက်ဒရစ်ဟာ ဘာစီလိုနာနဲ့ရင်ဆိုင်ရတိုင်း အသာရတာများလေ့ရှိတယ်။ နောက်ဆုံးတွေ့ထားတဲ့ (၂)ကြိမ်စလုံးမှာလည်း ရီးယဲလ်မက်ဒရစ်ပဲ နိုင်ထားတယ်။ ပထမအကျော့တုန်းကဆိုရင် ဘာစီလိုနာကွင်းမှာကို ရီးယဲလ်က အနိုင်ရထားတာဖြစ်တယ်။ ဒါပေမဲ့ အခုဒုတိယအကျော့မှာတော့ ဘာစီလိုနာက ပထမအကျော့ကလို မဟုတ်တော့ဘူး။ သိသိသာသာကိုပြောင်းလဲလာသလို စိတ်ဓာတ်နဲ့ ကစားပုံ (၂)ခုစလုံး အတက်ဘက်ကို ပိုရောက်လာတယ်။ ဒီပွဲက နှစ်သင်းစလုံးရဲ့ ချန်ပီယံမျှော်လင့်ချက်အတွက် အရေးပါတဲ့ပွဲပီပီ အသေအချာအား စိုက်ကစားတော့မှာသေချာနေတယ်။ အထူးသဖြင့် ချန်ပီယံလိဂ်တစ်ဖက်နဲ့ အာရုံများနေတဲ့ ရီးယဲလ်မက်ဒရစ်ထက်စာရင် အခုပွဲကို သေချာအာရုံစိုက်ပြင်ဆင်ခွင့်ရထားတာက ဘာစီလိုနာအတွက် အားသာမှုတစ်ခုလို ဖြစ်သွားနိုင်တယ်။ ရီးယဲလ်ကလည်း လက်ရှိမှာ ရလဒ်တွေကောင်းပြီး ချန်ပီယံလိဂ်မှာလည်း လီဗာပူးလ်ကို ဂိုးပြတ်အနိုင်ယူထားတယ်။ ဒါပေမဲ့ အခုပွဲကို အာရုံအပြည့်စိုက်ကစားခွင့်ရထားတဲ့ ဘာစီလိုနာ အမှတ်ယူသွားမယ့်ပွဲမျိုးပါပဲ။