spot_img

လာလီဂါပွဲစဉ် (၃၆) ပွဲကြိုသုံးသပ်ချက်

ဆီဗီလာ – ဗလင်စီယာ (မြန်မာစံတော်ချိန် မေလ ၁၂ ရက် ည ၁၁:၃၀ နာရီ)
ချန်ပီယံမျှော်လင့်ခွင့်ရှင်သန်နေဖို့ ဆီဗီလာတို့ အဆုံးထိ ဆက်တိုက်ဦးမှာသေချာတယ်။ နောက်ဆုံးကစားထားတဲ့ အိမ်ကွင်းပွဲမှာလည်း ဘီလ်ဘာအိုကိုအရေးနိမ့်ထားခဲ့ရလို့ ခုတစ်ပတ်တော့ ဆီဗီလာ အမှတ်မဆုံးရှုံးအောင် ပိုပြီးအားထုတ်ပြတော့မှာလည်း သေချာတယ်။ ဗလင်စီယာကလည်း ကစားပုံပျက်နေတဲ့အသင်းပီပီ မျှော်လင့်ချက်နည်းနေတာအမှန်ပါ။ ဆီဗီလာနဲ့ ဂိုးအများပဲ ရွေးထားချင်တယ်။

ဆယ်လ်တာဗီဂို – ဂီတာဖေး (မြန်မာစံတော်ချိန် မေလ ၁၃ ရက် နံနက် ၀၀:၃၀ နာရီ)
ဆယ်လ်တာဗီဂိုထက်စာရင် ဂီတာဖေးက စိတ်ချရအောင် အမှတ်ရှာထားရမယ့်ပွဲမျိုးပါပဲ။ ဆယ်လ်တာဗီဂိုတို့ ခြေစွမ်းပိုင်းနဲ့ အိမ်ရှင်အခွင့်အရေးမှာပါ အသာစီးရနေပေမဲ့ အမှတ်ရသလောက်ယူထားဖို့ ကြိုးစားလာမယ့် ဂီတာဖေးရဲ့စိတ်ဓာတ်ပိုင်းကိုတော့ ယှဉ်နိုင်ဖို့ခက်နေနိုင်တယ်။ ဂီတာဖေးနဲ့ ဂိုးအနည်းကိုပဲ ရွေးထားလိုက်တယ်။

myan789

ဟွယ်ဆကာ – ဘီလ်ဘာအို (မြန်မာစံတော်ချိန် မေလ ၁၃ ရက် နံနက် ၀၀:၃၀ နာရီ)
ဘီလ်ဘာအိုကလည်း ကစားပုံ ပုံမှန်မဟုတ်တော့သလိုပဲ။ အထူးသဖြင့် အမှတ်လိုနေတဲ့ ပြိုင်ဘက်အသင်းတွေက ရဲရဲဖွင့်က စားလာတဲ့ပွဲမျိုးဆိုရင် ဘီလ်ဘာအို ရလဒ်ကောင်းလေ့သိပ်မရှိဘူး။ အခုပွဲလည်း ဟွယ်ဆကာနဲ့ဂိုးအများပဲကောင်းမယ်ထင်တယ်။

အက်သလက်တီကို – ဆိုစီဒက် (မြန်မာစံတော်ချိန် မေလ ၁၃ ရက် နံနက် ၂:၃၀ နာရီ)
အက်သလက်တီကိုအတွက် နိုင်ပွဲရှာရဦးမယ်။ ဆိုစီဒက်ကတော့ ယူရိုပါလိဂ်တစ်နေရာစာ သေချာနေပေမဲ့ လာလီဂါမှာ ဘယ်လိုလာဦးမလဲ မှန်းဆဖို့မလွယ်သလိုဖြစ်နေတယ်။ အဝေးကွင်းပွဲဖြစ်နေတာရယ် အဝေးကွင်းနောက်ဆုံးကစားခဲ့တဲပွဲမှာ ဟွယ်ဆကာကိုအရှုံးပေးထားခဲ့တာတွေအရတော့ ဆိုစီဒက်ရဲ့အနေအထားက သိပ်ပြီးအားရစရာမဟုတ်ဘူး။ ဒါပေမဲ့ ခံစစ်ပိုင်း ကို ဂရုတစိုက်ကစားနိုင်တဲ့ကစားပုံအရတော့ ဆိုစီဒက်ခံစစ်က အက်သလက်တီကိုရဲ့ဂိုးရနှုန်းပုံမှန်အောက်ရောက်နေတဲ့ တိုက် စစ်ပိုင်းကို စိန်ခေါ်နိုင်စွမ်းရှိနေတာအမှန်ပဲ။ ဆိုစီဒက်တိုက်စစ်ကလည်း ဂိုးသွင်းနှုန်းကျနေပုံအရ အက်သလက်တီကိုရဲ့အိမ်ကွင်း ခံစစ်ကစားပုံကို ကျော်လွှားရခက်မှာလည်းသေချာတယ်။ ဘာပဲပြောပြော ဒီပွဲအတွက် အိမ်ရှင်လည်းဖြစ်၊ ဘာစီလိုနာကို သရေကစားနိုင်ခဲ့ပြီး ချန်ပီယံဆုအတွက် အားကောင်းနေတဲ့ အက်သလက်တီကိုနဲ့ ဂိုးအနည်းကိုပဲရွေးထားချင်တယ်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular