ဘာစီလိုနာ – ဗယ်လာဒိုလစ်(မြန်မာစံတော်ချိန် ဧပြီလ ၆ ရက် နံနက် ၁း၃၀ နာရီ)
အခုဧပြီလက ဘာစီလိုနာရဲ့ ချန်ပီယံမျှော်လင့်ချက်တွေအတွက် အဖြေထုတ်ပေးနိုင်မယ့်လမျိုးဖြစ်နေတယ်။ ဒီတစ်ပတ် ဗယ်လာဒိုလစ်နဲ့ကစားပြီးရင် လာမယ့်ပွဲစဉ် (၃၀)မှာ ရီးယဲလ်မက်ဒရစ်နဲ့ အရေးပါတဲ့ပွဲ နွှဲရဖို့ရှိနေလို့ အခုအိမ်ကွင်းပွဲမှာ ဘာစီလိုနာ
အမှတ်ဖြုန်းမယ်မထင်ဘူး။ လက်ရှိဘာစီလိုနာရဲ့ စိတ်ဓာတ်နဲ့ခြေစွမ်းကလည်း အတက်ဘက်ကိုပြနေတဲ့အပြင် ပြီးခဲ့တဲ့နိုင်ငံတကာပွဲတွေကို မနွှဲခဲ့ရတဲ့ မက်ဆီကလည်း အသင်းကို အင်ပြည့်အားပြည့်ဦးဆောင်ခွင့်ရှိနေတာက ဘာစီလိုနာအတွက် အားတစ်ခုလို့ပြောနိုင်နေပြန်တယ်။ အဆင့် (၁၆)က ဗယ်လာဒိုလစ်အတွက်တော့ တန်းဆင်းအန္တရာယ်နဲ့ ပိုပြီးကင်းဝေးနိုင်ရေး အမှတ်ရအောင် ကြိုးစားနေရဆဲကာလဆိုပေမဲ့ လက်ရှိခြေစွမ်း၊ လက်ရှိအင်အားအရတော့ ဘာစီလိုနာကိုယှဉ်နိုင်ဖို့ အားနည်းနေသေးတာအမှန်ပဲ။ ဒီပွဲရဲ့အဓိကအဖြေက ဘာစီလိုနာတိုက်စစ်ကို ဘယ်လောက်အထိ တောင့်ခံကစားနိုင်မလဲဆိုတာပါပဲ။ နူးကမ့်လည်းဖြစ်နေလို့ ဘာစီလိုနာနဲ့ ဂိုးအများကိုပဲ ရွေးထားရမယ်ထင်တယ်။