ဖေဘီယိုကာဗယ်ဟိုက သူဟာ လီဗာပူး ကစားသမား ဘ၀ ပထမဦးဆုံး ရာသီမှာ ပုံမှန် ကစားနေကြမဟုတ်တဲ့ နေရာမှာ ကစားခဲ့ရတဲ့ အတွက် စိတ်ပျက်မှုတွေ ကြုံခဲ့ရတယ်လို့ ဆိုလိုက်ပါတယ်။ အသက် ၂၀ အရွယ် ကစားသမားဟာ ၂၀၂၂ က ဖူဟမ်ကနေ လီဗာပူးကို ပြောင်းလာခဲ့တာ ဖြစ်ပြီး လီဗာပူးရဲ့ ကော်တင်ညို လက်သစ် ဖြစ်လိမ့်မယ်ဆိုပြီး မျှော်လင့်ချက်ထားခံခဲ့ရပါတယ်။
ကာဗယ်ဟိုဟာ လီဗာပူး ကစားသမားဘ၀ တာထွက်ကောင်းခဲ့ပြီး ဂိုးတွေ သွင်းယူနိုင်ခဲ့ပေမယ့်လည်း ဒုတိယရာသီ၀က်မှာတော့ နေရာလုံး၀ ပျောက်ဆုံးသွားခဲ့ပါတယ်။ ပေါ်တူဂီ ယူ ၂၁ လက်ရွေးစင်ဟာ ပြီးခဲ့တဲ့ရာသီက ပရီးမီးယားလိဂ်မှာ ၄ ပွဲသာ ပွဲထွက်ခွင့်ရခဲ့ပြီး ဒီရာသီမှာတော့ RB လိုက်ပ်ဇစ်မှာ အငှား သွားကစားနေပြီ ဖြစ်ပါတယ်။
ကာဗယ်ဟိုက အန်ဖီး ကစားသမား ဘ၀ ပထမရာသီမှာ ဘာတွေ မှားယွင်းခဲ့သလဲ ဆိုတာ ရှင်းပြသွားခဲ့ပြီး သူ့ကို စိတ်ကြိုက်နေရာ ဖြစ်တဲ့ နံပါတ် ၁၀ နေရာမှာ ကစားခွင့် မပေးတာဟာ လီဗာပူးမှာ မအောင်မြင်ခဲ့တဲ့ အကြောင်းရင်း ဖြစ်တယ်လို့ ယုံကြည်နေပါတယ်။

ကာဗယ်ဟိုက “လီဗာပူးမှာ အလုပ် မဖြစ်ခဲ့တဲ့ အကြောင်းရင်း ကတော့ ကျနော်ဟာ ကိုယ်ကစားနေကြ နေရာ မဟုတ်တဲ့ ဘယ်တောင်ပံမှာ ကစားခဲ့ရတာကြောင့်လို့ ခံစားမိပါတယ်။ ကျနော့်ကို လီဗာပူးမှာ နံပါတ် ၁၀ အဖြစ် လာကစားဖို့ ပြောခဲ့တာပါ။ ဒါပေမယ့် လီဗာပူးဟာ နံပါတ် ၁၀ နဲ့ ကစားလေ့ မရှိပါဘူး။
လိုက်ပ်ဇစ်မှာတော့ ကျနော်တို့ဟာ နံပါတ် ၁၀ နှစ်ယောက် နဲ့ ကစားတာ ဖြစ်ပါတယ်။ ဒါ့ကြောင့် ကျနော့် အနေနဲ့ အတွင်းကို ၀င်ကစားနိုင်တဲ့ အခွင့်အရေး ပိုရပါတယ်။ ကျနော် လှည့်ထွက်မှုတွေ လုပ်ကာ တိုက်စစ်ကို ပံ့ပိုးနိုင်ပါတယ်။ ဒါ့ကြောင့် လီဗာပူးမှာ out of position ကစားခဲ့ရခြင်းကြောင့် ကျနော် အလုပ် မဖြစ်ခဲ့တာလို့ ထင်ပါတယ်။” လို့ ဆိုလိုက်ပါတယ်။

ဒီရာသီကုန်မှာ အန်ဖီးကို ပြန်နိုင်သလား ဆိုတဲ့ မေးခွန်းကို ကာဗယ်ဟိုက “လာမည့်နှစ် ဘာဖြစ်လာမလဲဆိုတာ ကျနော်တို့ မသိသေးပါဘူး။ ကျနော် ဒီမှာ ဆက်နေနိုင်သလို လီဗာပူးကို ပြန်တာလည်း ဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် စောင့်ကြည့်သွားရတာပေါ့ဗျာ။ ကျနော် ဒီနှစ်အတွက်ပဲ အာရုံစိုက်ထားပါတယ်။ ကျနော် တက်နိုင်သမျှ အကောင်းဆုံး လုပ်သွားမှာပါ။” လို့ ဆိုလိုက်ပါတယ်။