spot_img

သူ့ရဲ့ ဒုတိယမြောက် ကစားသမားသစ် ခေါ်ယူမှု ဖြစ်တဲ့ အူဂိုချူကူနဲ့ ပတ်သက်ပြီး ပိုချက်တီနို ဘာပြောခဲ့လဲ ?

ချဲလ်ဆီး အသင်းဟာ မနေ့ကပဲ ရန်းနက်စ် အသင်းရဲ့ ပြင်သစ် ဆယ်ကျော်သက် ကြယ်ပွင့် ကွင်းလယ်ခံစစ် ကစားသမား လက်စ်လီ အူဂိုချူကူကို ပေါင် ၂၃.၅ သန်း ၊ ၇နှစ်စာချုပ်နဲ့ တရားဝင် ခေါ်ယူသွားပါတယ် ။ ဒါ့အပြင် အူဂိုချူကူဟာ မနေ့ကပဲ နည်းပြသစ် မော်ရစ်စီယို ပိုချက်တီနိုရဲ့ ထရိန်နင်မှာ စတင် ပူးပေါင်းခဲ့ပါတယ် ။

အသက် ၁၉နှစ် အရွယ်သာ ရှိသေးတဲ့ အူဂိုချူကူဟာ ရန်းနက်စ် အတွက် လီဂူးဝမ်း ၄၇ပွဲ အထိ ပါဝင် ကစားခွင့် ရခဲ့ကာ ၊ ပြင်သစ် ဂျူနီယာတန်း အဆင့်တွေမှာတော့ ပုံမှန် ကစားခွင့် ရထားပေမယ့် ၊ လက်ရွေးစင် အဆင့်မှာတော့ ခုထိ ရွေးချယ်ခံထားရခြင်း မရှိသေးပါဘူး ။

myan789

ဒေါ့မွန်နဲ့ ရင်ဆိုင်ရမယ့် အမေရိကန် ရာသီကြို ခရီးစဉ် နောက်ဆုံး ခြေစမ်းပွဲ မတိုင်ခင် ပြုလုပ်ခဲ့တဲ့ သတင်းစာ ရှင်းလင်းပွဲမှာတော့ ပိုချက်တီနိုက သူကိုယ်တိုင် ခေါ်ယူတဲ့ ဒုတိယမြောက် ကစားသမားသစ် ဖြစ်သူ အူဂိုချူကူနဲ့ ပတ်သက်ပြီး အခုလိုပဲ မှတ်ချက်ပြု ပြောဆိုသွားပါတယ် ။

ပိုချက်တီနို က ” ဒီနေ့ဟာ ကျွန်တော်တို့နဲ့ အတူ စတင်မယ့် သူ့ရဲ့ ပထမဆုံး ထရိန်နင် ဖြစ်ပါတယ် ။ သူဟာ အသက်ငယ်ရွယ်ပြီး ၊ အရည်အချင်း ရှိတဲ့ ကစားသမား တယောက်ပါ ။ မနက်ဖြန်ပွဲကို သူ ကစားပေးနိုင်ခြေ ရှိလား ဆိုတာတော့ ကျွန်တော်တို့ မသိသေးပါဘူး ။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ သူ့ကို အကဲဖြတ်စစ်ဆေးကြည့်ဖို့ လိုသေးတာကြောင့်ပါ ။ ”

” အခုတော့ ဒီစျေးကွက် မပိတ်သိမ်းခင် အထိ သူ ကျွန်တော်တို့နဲ့ အတူ ဆက်နေရမလား ၊ ကလပ်က ပြောင်းရွှေ့ကြေး တရပ်နဲ့ ခေါ်ယူခဲ့သလိုမျိုး သူ နေခွင့်ရမလား ၊ ဒါမှမဟုတ် အငှားထွက်ဖို့ လိုသေးလား ဆိုတာ အကဲဖြတ်ဖို့ အချိန်ကျပါပြီ ။ ဒီနေ့ ထရိန်နင်က စပြီး ၊ ရာသီကြို ခရီးစဉ် အပြီး လန်ဒန်မှာပါ ကျွန်တော်တို့ သူ့ကို အကဲဖြတ်သွားဖို့ လိုပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

ချဲလ်ဆီး အားကစားဒါရိုက်တာ ၂ဦး ဖြစ်တဲ့ ပေါလ်ဝင်စတန်လေနဲ့ လောရန့် စတီးဝပ်တို့ကလည်း ယင်းပြင်သစ်ကြယ်ပွင့်နဲ့ ပတ်သက်ပြီး တရားဝင် ဝက်ဘ်ဆိုက်နဲ့ တွေ့ဆုံခဲ့ရာမှာ ” အူဂိုချူကူဟာ အထင်ကြီးစရာကောင်းတဲ့ လူငယ် ကစားသမား တဦးပါ ။ သူဟာ ဒီအသက်အရွယ်လေးနဲ့ ပြင်သစ် လီဂူးဝမ်းမှာ မှတ်ကျောက် တည်ထားပြီးပါပြီ ။ ”

” သူ့မှာ ကြီးမားတဲ့ အလားအလာကောင်းတွေ ရှိနေပါတယ် ။ သူဟာ ရှေ့ဆက် တိုးတက်လာဦးမယ် ဆိုတာ ကျွန်တော်တို့ သိပါတယ် ။ ဒီအမေရိကန် ခရီးစဉ်ကို သူ ပူးပေါင်းထားလို့ ကျွန်တော်တို့ ကျေနပ်မိပါတယ် ။ နောက်ပြီး သူဟာ အသင်းနဲ့ ခပ်မြန်မြန်ပဲ သဟဇာတ ဖြစ်သွားပါလိမ့်မယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

အပြောင်းအရွှေ့ စျေးကွက် ပ်ိတ်သိမ်းဖို့ တလနီးနီး ကျန်တဲ့အချိန် ချဲလ်ဆီးဟာ ဂိုးသမား ၊ ကွင်းလယ်နဲ့ တိုက်စစ်မှူး တနေရာစီ အတွက် ဖြည့်တင်းမှုတွေ ပြုလုပ်ဖို့ အရှိန်အဟုန်မြှင့် ကြိုးစားနေတာကို တွေ့ရပါတယ် ။ ဒါနဲ့ ပတ်သက်ပြီး ပိုချက်တီနိုက အခုလိုပဲ ထပ်ဆောင်း မှတ်ချက်ပေးခဲ့ပြန်ပါတယ် ။

ပိုချက်တီနို က ” ကလပ် တာဝန်ရှိသူတွေရဲ့ အလုပ်လုပ်ပုံနဲ့ ပတ်သက်ပြီး ကျွန်တော် ပျော်ရွှင်မိပါတယ် ။ ကျွန်တော်တို့ဟာ ဒီအသင်းကို မြန်နိုင်သမျှ အမြန်ဆုံး အနားသတ်နိုင်ဖို့ ပြင်းပြင်းထန်ထန် ကြိုးစား လုပ်ဆောင်နေကြပါတယ် ။ ဒါပေမယ့် အပြောင်းအရွှေ့ စျေးကွက် နောက်ဆုံး ရက်သတ္တပတ် အနည်းငယ် အတွင်း အရာတချို့ ဖြစ်လာဦးမယ် ဆိုတာ ကျွန်တော်တို့ နားလည် သဘောပေါက်ထားပါတယ် ။ ”

” စျေးကွက် မပိတ်မီ ကိုယ်လိုချင်တဲ့ အရာတိုင်း ပိုင်ဆိုင်ထားရတာ အမြဲတမ်း ပိုကောင်းပါတယ် ။ ဒါက ကျွန်တော်တို့ အတွက်သာမကပါဘူး ။ တခြား အသင်းတွေလည်း ထိုနည်း၄င်းပါပဲ ။ ကျွန်တော်တို့ လိုချင်တဲ့အတိုင်း ကစားသမား စာရင်းကို ပိတ်သိမ်းနိုင်ဖို့က အရေးကြီးပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular