spot_img

အမေရိကခရီးစဉ်တွင် ခံစစ်ပိုင်းစွမ်းဆောင်ရည်မှာ ၆/၁၀ သာရှိကြောင်း အန်ဆယ်လော့တီ ဝန်ခံခဲ့ပြီး ခြေစမ်းပွဲလေးပွဲတွင် နှစ်ပွဲနိုင်၊ နှစ်ပွဲ ရှုံးကာ ရှစ်ဂိုးအထိခွင့်ပြုခဲ့ရ

ရီးယဲလ်မက်ဒရစ်အသင်းနည်းပြ အန်ဆယ်လော့တီက အမေရိကခြေစမ်းခရီးစဉ်တွင် မိမိအသင်း၏ ခံစစ်ပိုင်းစွမ်းဆောင်ရည်မှာ ၆/၁၀ သာရှိကြောင်း ဝန်ခံပြောကြားခဲ့သည်။

ရီးယဲလ်အသင်းသည် ရာသီကြိုနောက်ဆုံးခြေစမ်းပွဲအဖြစ် ကြာသပတေးနေ့ နံနက်ပိုင်းတွင် ဂျူဗင်တပ်စ်အသင်းနှင့် ယှဉ်ပြိုင်ကစားရာ (၃-၁) ဂိုးဖြင့် ဂိုးပြတ်ရှုံးနိမ့်ခဲ့သည်။ ရီးယဲလ်အသင်းအနေဖြင့် ဘာစီလိုနာနှင့် ဂျူဗင်တပ်စ်အသင်းတို့ ကို နှစ်ပွဲဆက် ရှုံးနိမ့်ခြင်းဖြစ်ပြီး အမေရိကခရီးစဉ်တွင် ခြေစမ်းပွဲလေးပွဲ ယှဉ်ပြိုင်ကစားရာ နှစ်ပွဲနိုင်၊ နှစ်ပွဲရှုံးနိမ့်သလို တိုက်စစ်က ခြောက်ဂိုးသွင်းယူနိုင်သော်လည်း ခံစစ်မှာမူ ရှစ်ဂိုးအထိ ခွင့်ပြုခဲ့ရသည်။ 

myan789

ရီးယဲလ်အသင်း နည်းပြ အန်ဆယ်လော့တီသည် လာမည့်ရာသီအတွက် ကွင်းလယ်ပိုင်းကို အပြောင်းအလဲပြုလုပ်နေပြီး ပုံမှန်အသုံးပြုနေကျ ၄- ၃-၃ ကစားကွက်အစား နွေရာသီတွင် ခေါ်ယူထားသည့် ဘယ်လင်ဟမ်ကို No.10 Role နေရာတွင်ထားကာ စိန်ပွင့်ပုံစံကွင်းလယ်ဖြင့် ပြောင်းလဲကစားလျက်ရှိသည်။

“ဒီပွဲစဉ်တွေမှာ ကျွန်တော်တို့ရဲ့ပုံစံနှစ်ခုကို မြင်ခဲ့ရပါတယ်။ တိုက်စစ်ကစားပုံ အရမ်းကောင်းပေမဲ့ ခံစစ်ကတော့ စိန်ပွင့်ပုံစံကွင်းလယ်ပိုင်းနဲ့ အသားမကျသေးပါဘူး။ ကျွန်တော်တို့ ဂိုးတွေအများကြီး ပေးခဲ့ရပါတယ်။ ဘာစီလိုနာနဲ့ပွဲမှာရော ဂျူဗင်တပ်စ်နဲ့ပွဲမှာပါ သုံးဂိုးစီ ခွင့်ပြုခဲ့ရတယ်။ ကျွန်တော်တို့ ဟန်ချက်ညီမှုပျက်နေပြီး အဲဒါကို ပြင်ဆင်ဖို့ လိုပါတယ်။ တိုးတက်မှုရှိဖို့ လိုနေတာတော့ အသေချာဆုံးပါပဲ။ အာရုံစူးစိုက်မှု၊ ကြိုးစားအားထုတ်မှုတို့အားလုံးထက် နေရာချထားမှုအပိုင်း လိုအပ်နေတာပါ။ High Press ပုံစံ ကောင်းကောင်းလုပ်နိုင်ပေမဲ့ Low Block မှာတော့ အားနည်းချက်တွေရှိတယ်။ ကောင်းတဲ့အချက်တွေလည်း အများကြီး ကျွန်တော် မြင်ရပါတယ်။ တိုက်စစ်ပိုင်းကိုတော့ ကျွန်တော်စိတ်မပူပါဘူး။ ခံစစ်ပိုင်းကိုတော့ ကျွန်တော်တို့ ပြင်ဆင်ရပါမယ်။ အဆင့်သတ်မှတ်ရမယ်ဆိုရင်တော့ ၆/၁၀ ပေါ့။ အဲဒါကြောင့် ဒါကို ကျွန်တော်တို့ ပြင်ဆင်ရမယ်ဆိုတာ သေချာပါတယ်” ဟု အန်ဆယ်လော့တီက သုံးသပ်ပြောကြားခဲ့သည်။

ရီးယဲလ်အသင်းသည် အမေရိကခရီးစဉ်တွင် မန်ယူတစ်သင်းတည်းကိုသာ (၂-၀) ဂိုးဖြင့် အနိုင်ရပြီး အေစီမီလန်အသင်းကိုလည်း နှစ်ဂိုးအရှုံးမှ ဂိုးများပြန်လည်သွင်းယူ ကာ (၃-၂) ဂိုးဖြင့် အနိုင်ရခဲ့သည်။ ထို့နောက် ဘာစီလိုနာအသင်းကို (၀-၃) ဂိုး၊ ဂျူဗင်တပ်စ် အသင်းကို (၁-၃) ဂိုးဖြင့် ရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်။ ရီးယဲလ်အသင်းအနေဖြင့် ရာသီအဖွင့်ပွဲစဉ်အဖြစ် သြဂုတ် ၁၂ ရက်တွင် ဘီလ်ဘာအို နှင့် အဝေးကွင်း စတင်ကစားရမည်ဖြစ်သည်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular