စပါးအသင်း၏နည်းပြ ကွန်တီသည် ပရိသတ်များ၏ အပြုအမူကို စိတ်ပျက်နေပြီး မိမိအနေဖြင့် အသင်းမှ ထွက်ခွာသွားနိုင်သည်ဟု သတိပေးခဲ့ကြောင်း သိရသည်။
စပါး အသင်းသည် ကွန်တီလက်ထက်တွင် တိုးတက်မှုများရှိနေသော်လည်း လီဗာပူးလ်နှင့်ပွဲတွင် အသင်းကို ပြန်လည် လှောင်ပြောင်အော်ဟစ်မှုများ ပြုလုပ်ခဲ့သည့်အတွက် ကွန်တီက သတိပေးခဲ့ခြင်းလည်းဖြစ်သည်။
လီဗာပူးလ်အသင်း (၂)ဂိုးသွင်းယူထားချိန်တွင် စပါးပရိသတ်များက လှောင်ပြောင်ခဲ့ကြခြင်းဖြစ်ပြီး ကွန်တီက “တစ်နှစ်ကျော်ကာလအတွင်းမှာ ကျွန်တော်တို့ အများကြီးတိုးတက်အောင် လုပ်ဆောင်နိုင်ခဲ့ပါတယ်။ ဒါပေမဲ့ လက်ရှိအချိန်မှာ ဆုဖလားတွေ ရယူနိုင်ဖို့ ကျွန်တော် ကတိမပေးနိုင်ပါဘူး။ ဒါကို ကျွန်တော်တို့အားလုံး အတူတကွနားလည်နေဖို့လိုပါတယ်။ ပရိသတ်တွေကို ကျွန်တော်တို့ လေးစားသလို၊ ကျွန်တော်တို့ကိုလည်း လေးစားဖို့ လိုပါတယ်”ဟု ပြောကြားခဲ့သည်။