အမ်ပိုလီ – အတ္တလန်တာ(တနင်္ဂနွေညနေ ၆း၀၀ နာရီ)
အမ်ပိုလီက အတ္တလန်တာနဲ့တွေ့တိုင်း ရလဒ်ကောင်းလေ့ ရှိပြီး နောက်ဆုံးတွေ့တဲ့ စီးရီးအေ (၄)ပွဲမှာ (၁)ပွဲပဲ ရှုံးခဲ့တယ်။ အတ္တလန်တာကတော့ လာဇီယိုနဲ့ပွဲမှာ အခုရာသီစီးရီးအေပထ မဆုံး ရှုံးပွဲတွေ့ခဲ့ပြီး ကစားပုံနည်းနည်းကျလာတာလည်း တွေ့ ရတယ်။ အတ္တလန်တာအသင်း နိုင်ပွဲပြန်ရှာဖို့ကြိုးစားမှာဖြစ်ပေ မဲ့ ထင်သလောက် လွယ်ကူမယ်မထင်ဘူး။ အမ်ပိုလီကို အရဲစွန့် ရွေးချယ်ချင်တယ်။
ခရီမိုနီဆီ – အူဒီးနီးစ် (တနင်္ဂနွေည ၈း၃၀ နာရီ)
ရာသီအစ ခြေစွမ်းရော၊ ရလဒ်ပါ တောက်လျှောက်ကောင်း နေတဲ့ အူဒီးနီးစ်က ပြိုင်ပွဲစုံနောက်ဆုံး (၄)ပွဲဆက် နိုင်ပွဲပျောက်ခဲ့ တယ်။ ခရီမိုနီဆီကလည်း အရမ်းညံ့တဲ့အသင်းပါ။ အူဒီးနီးစ် နိုင်ပွဲ ပြန်ရလိမ့်မယ်။
စပီဇီယာ – ဖီအိုရင်တီးနား (တနင်္ဂနွေည ၈း၃၀ နာရီ)
စပီဇီယာက အဝေးကွင်းအားနည်းပေမဲ့ စီးရီးအေအိမ် ကွင်းပွဲတွေမှာ တစ်ပွဲမှ မရှုံးသေးဘူး။ ဖီအိုရင်တီးနားကလည်း အကျပိုင်းရောက်နေတယ်။ သရေကျဖို့များလို့ အိမ်ရှင် စပီဇီယာ ကို ကြိုက်တယ်။
လာဇီယို – ဆလာနီတာနာ (တနင်္ဂနွေ ည၁၁း၃၀ နာရီ)
လာဇီယိုက အီမိုဘီလီဒဏ်ရာရသွားပေမဲ့ တိုက်စစ်က ဂိုးရနေတုန်းပဲ။ ဘာပြဿနာမှ မရှိဘူး။ ဆလာနီတာနာက အိမ် ကွင်းနိုင်ပွဲတွေရနေပေမဲ့ အဝေးကွင်းရှုံးပွဲဆက်နေတဲ့ အသင်းပါ။ လာဇီယို အနိုင်သေချာပါတယ်။
တိုရီနို – အေစီမီလန် (တနင်္လာနံနက် ၂း၁၅ နာရီ)
တိုရီနိုက နောက်ဆုံးပွဲမှာ အူဒီးနီးစ်ကို နိုင်ခဲ့ပေမဲ့ သိပ်ပြီးယုံလို့ မရသေးဘူး။ ကစားပုံ က မဆိုးပေမဲ့ ခံစစ်အားနည်းချက်တော့ ရှိတယ်။ အေစီမီလန်ကလည်း ဆာလ်ဇ်ဘာ့ဂ်နဲ့ ချန်ပီယံလိဂ်အရေးကြီးပွဲရှိနေလို့ လူစုံထုတ်ပါ့မလားဆိုတာ စဉ်းစားရမယ်။ ဒါ့အပြင် တိုရီနို ကွင်းမှာသွားကစားတဲ့ စီးရီးအေနောက်ဆုံး (၉)ပွဲမှာ အေစီမီလန်အနိုင်ရတဲ့ ပွဲက (၁)ပွဲပဲ ရှိခဲ့တာပါ။ အိမ်ရှင်နဲ့ပဲ ရပ်တည်သင့်တယ်။