spot_img

၂၀၂၂ ကမ္ဘာ့ဖလားအုပ်စုပွဲစဉ် ပွဲကြိုသုံးသပ်ချက်

တူနီးရှား – ပြင်သစ် (ဗုဒ္ဓဟူးည ၉း၃၀ နာရီ)

ပြင်သစ်အသင်းက အဓိက ကစားသမားတွေကို အနား ပေးလို့ရတဲ့ အချိန်တော့ ရောက်လာပြီ။ ဒါပေမဲ့ အနားပေးချင် မှလည်း ပေးလိမ့်မယ်။ အမ်ဘာပေက ဂိုးသွင်းဘုရင်ဆုကို မျှော် လင့်လို့ရတဲ့အနေအထား ဖြစ်နေသလို၊ ဒီတစ်ပွဲကို အနားပေး ရုံနဲ့လည်း ဒဏ်ရာပြဿနာက မစိုးရိမ်ရတာ မဟုတ်ဘူး။ အချိန် မရွေး ဒဏ်ရာရနိုင်တယ်။ ပြီးတော့ အသင်းလိုက်တက်နေတဲ့ Rhythm ကို ပြင်သစ် အပျက်စီးခံမယ်မထင်ဘူး။ ရှုံးထွက်ပွဲ စဉ်တွေအတွက် ပိုကောင်းတဲ့ စုဖွဲ့မှုဖြစ်လာအောင် ပြင်သစ်ရဲ့ အဓိကကစားသမားအချို့ ပါလာဦးမှာပဲ။ ပြင်သစ်ပဲ နိုင်ပွဲဆက် ပါလိမ့်မယ်။ 

သြစတြေးလျ – ဒိန်းမတ် (ဗုဒ္ဓဟူးည ၉း၃၀ နာရီ)

သြစတြေးလျကလည်း အုပ်စု ဒုတိယပွဲစဉ်မှာ တူနီးရှား ကို အနိုင်ကစားခဲ့တဲ့အတွက် မျှော်လင့်ချက်ရှိလာတယ်။ (၃) မှတ်ရထားပြီး၊ ဒိန်းမတ်ရဲ့အထက်မှာ ရှိနေတယ်။ ဒိန်းမတ်က တူနီးရှားကို မနိုင်ခဲ့တာ တော်တော်ဆိုးတယ်။ နိုင်ကိုနိုင်သင့် တဲ့ ပုံစံဖြစ်ခဲ့သလို၊ ပြင်သစ်နဲ့ပွဲမှာလည်း ခြေစွမ်းပြနိုင်လျက်နဲ့ အမ်ဘာပေရဲ့ ခြေစွမ်းကြောင့် ရှုံးခဲ့တယ်။ နှစ်သင်းစလုံးက ကြံ့ ခိုင်ကြပြီး အမြင့်ဘောတွေ သပ်ရပ်တယ်။ ဒါပေမဲ့ ဒိန်းမတ် ကစားတာ သြစတြေးလျထက် အများကြီးပိုကောင်းပြီး စနစ် ကျတယ်။ အဆင့်မြင့်တယ်။ ဒါကြောင့် ဒီပွဲမှာ ဒိန်းမတ်က လို အပ်နေတဲ့ နိုင်ပွဲကို ယူသွားလိမ့်မယ်။ 

myan789

ဆော်ဒီအာရေဗျ – မက္ကဆီကို (ကြာသပတေးနံနက် ၁း၃၀ နာရီ)

ဆော်ဒီက အဖွင့်ပွဲမှာ အာဂျင်တီးနားကို အနိုင်ယူခဲ့ပြီး တဲ့နောက်၊ ဒုတိယပွဲမှာတော့ ပိုလန်ကို အရှုံးပေးခဲ့ရတယ်။ ဒါပေမဲ့ ပိုလန်နဲ့ ကစားတဲ့ပွဲမှာလည်း သူတင်ကိုယ်တင်လိုက် ကစားနိုင်တယ်။ ဆော်ဒီရဲ့ ပါဝါဂိမ်းက တော်တော်လေးအ လုပ်ဖြစ်ပြီး အမြန်နှုန်းနဲ့ ကြံ့ခိုင်မှုက တော်တော်လေး အား ကောင်းတာကို တွေ့ရတယ်။ မက္ကဆီကိုက တစ်ဦးချင်းကောင်း ပြီး၊ စုဖွဲ့မှုလည်း မဆိုးဘူး။ ဒါပေမဲ့ ကွင်းလယ်မှာ ဘောလုံး ကိုင် တဲ့အထိလောက်ပဲ ကောင်းတယ်။ တိုက်စစ်ကစားပုံက သိပ် ပြီး ထိရောက်မှု မရှိဘူး။ လက်ရှိ စိတ်ဓာတ်နဲ့ ယုံကြည်မှုအရ ဆိုရင် ဆော်ဒီ မရှုံးနိုင်ဘူးထင်တယ်။ 

ပိုလန် – အာဂျင်တီးနား (ကြာသပတေးနံနက် ၁း၃၀ နာရီ)

အာဂျင်တီးနားက ပိုလန်ထက် ပိုကောင်းတဲ့အသင်းပါ။ လူအင်အားလည်း ပိုတောင့်တင်းတယ်လို့ ပြောလို့ရတယ်။ ဘော လုံးအဆင့်အတန်းနဲ့ အရှိန်အဝါလည်း ကြီးတယ်။ ဒါပေမဲ့  လက်ရှိ အာဂျင်တီးနားရဲ့ ကစားပုံက အားရစရာသိပ်မရှိဘူး။ ပြော ရရင် ဆော်ဒီနဲ့ မက္ကဆီကို နှစ်ပွဲစလုံးမှာ တောင်အမေရိကဇုန်ခြေစစ်ပွဲတွေမှာ အာဂျင်တီးနားကစားခဲ့တဲ့ ခြေစွမ်းနဲ့ ကိုပါအမေ ရိကမှာ ချန်ပီယံဖြစ်ခဲ့တဲ့ ခြေစွမ်းတွေကို မမီသေးဘူး။ ပိုလန်ကလည်း အရမ်းကောင်းတဲ့အသင်းမျိုးတော့မဟုတ်ဘူး။ ဒါပေမဲ့  သူတို့ရဲ့ပုံမှန်ခြေ၊ ပုံမှန်အဆင့်အတန်းမှာ ရှိနေတယ်။ မက္ကဆီကို၊ ဆော်ဒီတို့နဲ့ နှစ်ပွဲစလုံးမှာ Clean Sheet တွေယူထားတယ်။ အသင်းလိုက်ကစားပုံ ဟန်ချက်ညီတယ်။ တိုက်စစ်မှာလည်း လီဝန်ဒေါစကီးက ကမ္ဘာ့ဖလား ဂိုးဦးပွင့်သွားတယ်။ ပိုလန် အာ ဂျင်တီးနားကို မရှုံးအောင် ကစားနိုင်လိမ့်မယ်ထင်တယ်။ ပိုလန်ကို ကြိုက်တယ်။ 

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular