spot_img

မက်ဆီထံမှ ဆုမွန်းကောင်းတောင်းသည့်မက်ဆေ့ချ် လက်ခံရရှိခဲ့ကြောင်း ဘာစီလိုနာနည်းပြသစ် ဇာဗီ ဖွင့်ဟ

ဘာစီလိုနာနည်းပြသစ်အဖြစ် ခန့်အပ်ခံရမှုအတွက် အသင်းဖော် ဟောင်းဖြစ်သူ မက်ဆီထံမှ “ကံကောင်းပါစေ”ဟု ရေးသားထားသည့် မက်ဆေ့ချ်ကို လက်ခံရရှိခဲ့ကြောင်း ဇာဗီက နိုဝင်ဘာလ ၈ ရက်က ပြုလုပ်ခဲ့သော နည်းပြသစ်မိတ်ဆက်ပွဲတွင် ပြောကြားခဲ့သည်။

ဇာဗီသည် ကာတာကလပ် အယ်လ်ဆတ်ဒ်အသင်းကို စွန့်ခွာ၍ ဘာစီလိုနာအသင်းကို ပြောင်းလဲကိုင်တွယ်ခြင်းဖြစ် ပြီး ၂၀၂၄ ခုနှစ်အထိ စာချုပ်ချုပ်ဆိုခဲ့သည်။ နည်းပြသစ် ဇာဗီကို ဘာစီလိုနာပရိသတ် ၁၀၀၀၀ နီးပါး လာရောက်ကြိုဆိုခဲ့ကြပြီး ၎င်းင်း၏အမည်ကို အော်ဟစ်အားပေးခဲ့ ကြောင်းလည်း သိရသည်။ ဇာဗီသည် အသင်းဥက္ကဋ္ဌ လာပေါ်တာနှင့်အတူ စာချုပ်ချုပ်ဆိုမှုကို ကွင်းအတွင်းမှာပင် ပြုလုပ်ခဲ့ပြီး လာပေါ်တာက သမိုင်းဝင်နေ့တစ်နေ့ဖြစ်သည်ဟု ဆိုခဲ့သည်။

myan789

ဇာဗီက ကြိုဆိုကြသည့် ပရိသတ်များကို ကျေးဇူးတင်ကြောင်းနှင့် ကြက်သီးမွေးညင်းများထသည် အထိ ကြည်နူးခံစားရကြောင်း၊ ပရိသတ်များ၏ မျှော်လင့်ချက်နှင့် ကိုက်ညီအောင် ပြင်းပြင်းထန်ထန်ကြိုးပမ်းသွားမည်ဖြစ်ကြောင်း၊ ဘာစီလိုနာ အသင်းသည် သရေ သို့မဟုတ် အရှုံးရလဒ်ကို လက်မခံနိုင်သည့်အသင်းဖြစ် ပြီး ပွဲတိုင်းအနိုင်ရရှိအောင် ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဘာစီလိုနာအသင်းဥက္ကဋ္ဌ လာပေါ်တာက နည်းပြသစ်မိတ်ဆက်ပွဲ၌ ပရိသတ်များ၏ ယခုကဲ့သို့ကြိုဆိုမှုကို ယခင်က မတွေ့ခဲ့ဖူးကြောင်း ဆိုခဲ့ ပြီးနောက် သတင်းထောက်များ၏မေးမြန်းမှုအစီအစဉ်ကို စတင်ခဲ့သည်။ ဇာဗီက ဘာစီလိုနာအသင်းသည် ကမ္ဘာ့အကောင်းဆုံးအသင်းတစ်သင်း ဖြစ်သောကြောင့် လိုက်ဖက်ညီသည့်ခြေစွမ်းကို ကစားသမားများထံမှ တောင်းဆိုသွားမည်ဟုလည်း ဆိုခဲ့သည်။ ထို့ပြင် မက်ဆီကို နည်းပြလို သလားဟု မေးမြန်းခဲ့ရာ မက်ဆီကိုသာမက အီတူးနှင့် ရော်နယ်လ်ဒင်ဟို တို့ကိုလည်း နည်းပြလိုသည်ဟု ပြောကြားခဲ့သည်။

ဂွါဒီယိုလာနှင့် နှိုင်းယှဉ်ခြင်းများအတွက်မူ ဇာဗီက “ကျွန်တော့်မှာ စစ်မှန်ပြီး ရှင်းလင်းတဲ့ စိတ်ကူးတွေရှိပါတယ်။ လက်ရှိမှာ ကျွန်တော်တို့က အကောင်းဆုံးအနေ အထားမှာ မရှိပါဘူး။ ဒါပေမဲ့ ဘောလုံးကောင်းကောင်းကစားနိုင်ပြီး ရလဒ်ကောင်းတွေရဖို့ ကျွန်တော် ဆန္ဒရှိပါတယ်။ သူတို့ ကျွန်တော့်ကို ဂွါဒီယိုလာနဲ့ နှိုှုင်းယှဉ်တာဟာ အလွန်ကောင်းတဲ့လက္ခဏာပါ။ သူက ကမ္ဘာ့အကောင်းဆုံးမန်နေဂျာတစ်ယောက်လည်းဖြစ်ပါတယ်”ဟု တုံ့ပြန် ခဲ့သည်။ မန်စီးတီးအသင်းနည်းပြ ဂွါဒီယိုလာကမူ ဘာစီလိုနာနည်းပြသစ် ဇာဗီကို မည်သူနှင့်မျှ မနှိုင်းယှဉ်ကြစေလိုကြောင်း၊ သူသည် ကိုယ်ပိုင်အစွမ်းအစရှိပြီး ဘာစီလိုနာအသင်းကို တိုးတက်အောင်ပြုလုပ်ပေးရန်မှာ သေချာကြောင်း ချီးကျူးခဲ့သည်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular