spot_img

စပိန်လာလီဂါပွဲစဉ် (၁၉) ပွဲကြိုသုံးသပ်ချက်

ဂီတာဖေး – ရီးယဲလ်မက်ဒရစ် (တနင်္ဂနွေည ရး၃၀ နာရီ)
ရီးယဲလ်ရဲ့နှစ်သစ်အဖွင့်ပွဲကို မက်ဒရစ်မြို့ခံ ဂီတာဖေးနဲ့ စရတော့မယ်။ ဂီတာဖေးဟာ ရီးယဲလ်အတွက် ငယ်နိုင်အ သင်းလိုဖြစ်နေလို့ စိုးရိမ်စရာသိပ်မလိုဘူးလို့ ထင်စရာကောင်း ပေမဲ့ ဒီနှစ်သင်းနောက်ဆုံးတွေ့ထားတဲ့ပွဲမှာတော့ ဂီတာဖေး ကွင်းမှာ ဂိုးမရှိသရေရလဒ်ထွက်ထားလို့ ရီးယဲလ်အတွက် သ တိထားရင်ဆိုင်ရမယ့် ပြိုင်ဘက်မျိုးလို့တော့ပြောနိုင်တယ်။ ဒါပေမဲ့ လက်ရှိခြေစွမ်းတွေအရတော့ ရီးယဲလ်က သိသာတဲ့ အပြတ်အသ်သာနေတယ်။ ရီးယဲလ်တိုက်စစ်ကလည်း ဒီရာ သီ အိမ်ကွင်းထက် အဝေးကွင်းမှာ ဂိုးပိုရတတ်ပြီး အဝေးကွင်းပွဲ တိုင်း ဂိုးသွင်းထားနိုင်တာက အားသာမှုလိုဖြစ်နေလို့ ရီးယဲလ် အတွက်မျှော်လင့်ချက် ပေးထားသလိုတော့ရှိတယ်။အစဉ်အ လာအသာ စီးရမှုကလည်း ရီးယဲလ်ဘက်မှာပဲ ရှိနေပြန်လို့ နှစ် သစ်မှာအဖွင့်လှအောင်တော့ ရီးယဲလ်ကစားသွားမှာပါ။ ရီးယဲလ် ဂိုး ပြတ်၊ မပြတ်ပဲ စောင့်ကြည့်ရမယ့်ပွဲလို့ထင်တယ်။

အက်သလက်တီကို – ဗယ်လက်ကာနို (တနင်္ဂနွေည ၉း၄၅ နာရီ)
အက်သလက်တီကိုကတော့ နောက်ဆုံး (၄)ပွဲဆက် အရှုံး နဲ့ ဆီမြွန်နီလက်ထက်အဆိုးဆုံး အခြေအနေကို ကြုံနေ ရတယ်။ နှစ်သစ်အဖွင့်ပွဲ မှာတော့ ဒီအခြေအနေဆိုးကို ရပ်တန့်နိုင်ဖို့ အိမ် ကွင်းမှာ အားထုတ်မှုပိုလုပ်လာတော့မှာ သေချာတယ်။ ဒီပွဲမနိုင် ရင် ဆီမြွန်နီအတွက်လည်းဖိအားပိုများသွားမှာပါ။ အက်သလက်တီကိုနိုင်မယ်။ ဂိုးလည်းများနိုင်တယ်။

myan789

အယ်လ်ချီ – ဂရန်နာဒါ (တနင်္ဂနွေည ၉း၄၅ နာရီ)
အိမ်ကွင်းမှာ ခြေပြန်တွေ့လာနေတဲ့ အယ်လ်ချီကြောင့် ဂရန်နာဒါ အခက်တွေ့မယ့်ပွဲမျိုးလို ဖြစ်နေတယ်။ အယ်လ်ချီရဲ့ အိမ်ကွင်းမှာ ပြိုင်ဘက်ကို အကျပ်အတည်းတွေ့အောင် ပြန်တုံ့ပြန် တတ်ပုံက ဂရန်နာဒါကိုလည်း ဖိအားပြန်ပေးနိုင်မှာ သေချာနေ တယ်။ အယ်လ်ချီ နဲ့ ဂိုးအနည်းပဲကြိုက်တယ်။

အလာဗတ်စ် – ဆိုစီဒက် (တနင်္လာနံနက် ၀၀း၀၀ နာရီ)
တောက်လျှောက်ခြေစွမ်းကျသွားမှုကို နှစ်သစ်အဖွင့်ပွဲမှာ ဆိုစီဒက်ပြန်ဦးမော့ပြနိုင်မလား စောင့်ကြည့်ရမယ်။ အလာဗတ်စ် ကလည်း အိမ်ကွင်းမာကျောတဲ့အသင်းဆိုပေမဲ့ နှစ်ကုန်ခါနီး ခြေ စွမ်းကျကာ ခြေစွမ်းအတက်အကျမမှန်တဲ့အသင်းလို ဖြစ်နေ တယ်။ ဂိုးနည်းသရေပွဲလို့ပဲ မှန်းထားချင်တယ်။

ဘက်တစ် – ဆယ်လ်တာဗီဂို (တနင်္လာနံနက် ၀၀း၀၀ နာရီ)
ဆယ်လ်တာဗီဂိုဟာ အစဉ်အလာအရ ဘက်တစ်ကို ယှဉ် နိုင်တဲ့အသင်းမျိုး မဟုတ်ဘူး။ ဘက်တစ်ရဲ့လက်ရှိခြေစွမ်းတက် လာမှုက အားရစရာကောင်းနေတဲ့အပြင် အိမ်ရှင်အခွင့်အရေး လည်းရှိနေတာကြောင့် ဆယ်လ်တာဗီဂို ဒီတစ်ကြိမ်လည်း ဘက် တစ်ကိုကျော်ဖြတ်ပြနိုင်ဖို့ဖြစ် နိုင်ဦးမယ်မထင်ပါဘူး။ ဘက်တစ် နဲ့ ဂိုးအများပဲ ရွေးထားရမယ့်ပွဲဖြစ်နေတယ်။

မာယော့ကာ – ဘာစီလိုနာ (တနင်္လာနံနက် ၂း၃၀ နာရီ)
၂၀၂၂ နှစ်သစ်မှာ ဘာစီလိုနာကို အတော်လေးမျှော် လင့်ထားကြတယ်။ ဒါပေမဲ့ နှစ်သစ်အဖွင့်ဖြစ်တဲ့ မာယော့ကာ နဲ့ပွဲမှာတော့ ဘာစီလိုနာ အခက်အခဲတွေကြားကနေ ရင်ဆိုင်ရ ဦးမှာပဲဖြစ်တယ်။ ဒီပွဲမှာ ကွင်းလယ်က ဂါဗီနဲ့ ဘူးစကွက်စ် ပွဲ ပယ်ခံထားရတယ်။ ခံစစ်မှာ လွန်းဂလတ်နဲ့ အဲလ်ဗတ်စ်က Covid-19 Positive ဖြစ်နေတယ်။ ဒဏ်ရာရကစားသမား အများစုက ပြန်ကစားနိုင်ဖို့မရှိသေးချိန်မှာ နည်းပြ ဇာဗီအတွက် လူထုတ်ပုံ အခက်အခဲရှိနေဦးမှာသေချာတယ်။ ထိပ်တိုက်အစဉ် အလာတွေမှာအသာစီးရထားပြီး ဇာဗီလက်ထက် အဝေးကွင်း မှာ ရဲရဲတင်းတင်းပိုကစားတတ်တာက ဘာစီလိုနာဘက်က အားသာမှုလိုဖြစ်နေပေမဲ့ အရင်လို လွယ်ကူတဲ့နိုင်ပွဲမျိုးတော့ ရယူပြ နိုင်ဖို့မရှိနိုင်ဘူးလို့ပဲထင်တယ်။ လက်ရှိဘာစီလိုနာရဲ့ အခြေအနေအရတော့ မာယော့ကာမှာလည်း မျှော်လင့်ချက်ရှိ နေတဲ့ပွဲလို့ ထင်တယ်။ ဂိုးလည်းနည်းမယ်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular